Friday 31 August 2007

အလိုရှိသည် ဆုငွေ .... နဲ့ ခွေးဋီကာ

အော် .. တော်တော်လည်း တရားမဲ့တဲ့ နအဖပါလား ... ။

ပေးထားတဲ့ နာမည်ကတော့ ဘယ်လိုလူတွေက မြှောက်ပေးလိုက်လဲ မသိတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေားကောင်စီ(နအဖ)တဲ့။ တော်တော်ရယ်(ရီ) စရာ ကောင်းတဲ့ လူ့အတ္တ တစ်သိုက်လို့ ခေါ်ရင် မမှားပါဘူး။ ဒါမှ မဟုတ် နာမည်ပေးပြီး နာမည်နဲ့ ဆန့်ကျင်တဲ့ အရာတွေလုပ်ဖို့ တမင်သက်သက်များကြိုးပမ်းပြီး ပေးထားသလားမသိ။

ကြည့်ပါဦး .... အစိုးရတဲ့ ... ဘာမှ အစိုးမရတဲ့ လူတစ်စုပဲ။ ပြောချင်ရာပြော လုပ်ချင်ရာလုပ်၊ အပြောတမျိုး အလုပ်တမျိုး နှစ်မျိုးပဲ လုပ်တတ်တဲ့ လူစားတွေနဲ့ ဖွဲ့စည်းထားတာလေ ... ။ ဂုဏ်ပုပ်တွေ .. ဂုဏ်ပုပ်တွေ ပြောပါတယ်။ (ပုပ်သိုးနေသော ဂုဏ်တွေကို ရည်ရွယ်တာပါ။)

သူတို့ လူ့အတ္တ တစ်သိုက်ထဲမှာတင် ဘာမှ အစိုးမရတာကို သူတို့ သတိများ ထားမိသလားမသိ။ အချင်းချင်း စားခွက်လု၊ ခွက်စောင်းခုတ်နဲ့ လူသားလို့တောင် ခေါ်လို့ မရတဲ့ ဘယ်လို သတ္တ၀ါလို့ နာမည်ပေးရမယ်မှန်း မသိတဲ့ လူတစ်စုပါ။ ဘိုလ်ချုပ် ထွန်းကြည်၊ ဘိုလ်ချုပ် မြင့်အောင်တို့ အုပ်စုကစလို့ အခု နောက်ဆုံး ဘိုလ်ချုပ် ခင်ညွန့်အထိ အချင်းချင်းတောင် အစိုးမရပါနိုင်ကြဘူး။ (ဘိုလ် .. ဆိုသော စကားလုံးက စာလုံးပေါင်း မှားချင်း မဟုတ်ပါ. ဘလောင်း ဘလဲ ပြောတတ်လွန်းလို့ ဘိုလ် .. လို့ ခေါ်တွင်စေရချင်းပါ။)

ပြည်သူတွေကို ပြောသေးတယ် ... ။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးရင် နိုင်တဲ့ ပါတီကို အာဏာပေးမယ်တဲ့။ တကယ့် ဘိုလ် အစစ်တွေပါပဲ။ ဘလောင်း ဘလဲ အရှက် မရှိ မသိချင်ယောင် ဆောင်ပြီး ခပ်တည်တည်ပဲ ၁၉ နှစ် အာဏာကိုင်ထားကြတယ်။ ပြီးတော့ ပြောလိုက်သေးတယ် ... ဘာတဲ့ ... တိုင်းပြည်ကို ကယ်တင်နေတာတဲ့။

ပြောသေးတယ် .. ပြောသေးတယ် ...။ ဘာတဲ့ ..။ ပြည်ပအားကိုး ပုဆိန်ရိုးတွေတဲ့ ..။ ပြတ်လုံးကောင်း တစ်ခုပေါ့။ သူများကို ခပ်တည်တည်နဲ့ စွပ်ဆွဲနေလိုက်ကြတာ။ စကားကို တန်ဖိုးမထားတဲ့ သူတွေက အခြားလူတွေကို ပြန်စွပ်စွဲနေလိုက်တာ။ အားမနာ ပါးမနာ။ သူတို့ပဲ တရုပ်ပြည်ကို သွားဖားလိုက်၊ ရုရှားကို မျက်နှာချိုသွားသွေးလိုက်၊ မြောက်ကိုရီးယားကို ဆရာခေါ်လိုက်နဲ့ ပေါ်ပေါ်တင်တင်လုပ်ပြီး သူများတွေကို ပြည်ပအားကို ပုဆိန်ရိုးတဲ့။ ပြောတတ်လိုက်တာကွယ်လို့ ချီးမွမ်းရမလို ဖြစ်နေပြီ။


ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ နေရာမှာလဲ အရှက်မရှိ ပြောတတ်နိုင်လွန်းကြပါပေတယ်။ နိုင်ငံခြားသားကို အိမ်ထောင်ဖက်ပြုလို့ဆိုပဲ။ မကြာပါဘူး အဲဒီ ကိစ္စကို အထူးတလည် ကိုင်တွယ် ၀ါဒဖြန့်နေတဲ့ ဘိုလ်ခင်ညွန့်တစ်ယောက် သူ့သား စင်္ကာပူ သူကို အိမ်ထောင်လဲ ပြုလိုက်ရော ပါးစပ်ကို ပိတ်သွားပါပကောလား။ အော် .. အစိုးမရတဲ့ နအဖ ....။

တိုင်းပြည်က စီးပွားရေးတွေ သူတို့ လက်ထက်မှာမှ မကြုံစဖူး တိုးတတ်လာတယ်ဆိုပဲ။ ဟုတ်မှာပေါ့ .. ဟုတ်မှာပေါ့။ သူတို့ စစ်သားဘ၀မှာ ဘယ်တစ်ခါမှ မရဖူးတဲ့ အခွင့်ထူးတွေခံစား၊ လဘ်တွေစားနဲ့ သူတို့ ချမ်းသာချင်တိုင်း ချမ်းသာနေကြတော့ မကြုံစဖူးလို့ အထူးပြု ခေါ်တွင်စေရတော့တာပေါ့။ အဲ ပြည်သူတွေမှာတော့ ထမင်းရည် တပုလင်း ၂၀၀ ဆိုပဲ။ ထမင်းရည် ဈေးကွက်တောင် မြန်မာပြည်ကြီးမှာ ပေါ်ပေါက်လာသေးတယ်။ တော်ပါပေ့ နအဖ။

တိုင်းပြည်ရဲ့ ပညာရေးက ကမ္ဘာနဲ့ ရင်ဘောင်တန်း သင်းကြားပေးနေတယ်ဆိုပဲ၊ အောင်ချက်ကလဲ ကောင်းမှကောင်း။ ဘိုလ်သန်းရွှေရဲ့ သမီးတော်လေး သန္တာစိန်ကို အနစ်နာခံပြီး တရုပ်ပြည်မှာ PhD သွားသင်ခိုင်းရတယ်။ (သိတယ်နော် စိန်မှ စိန်)။ မြေးတော်လေးကိုလည်း အနစ်နာခံပြီး စင်္ကာပူမှာ ပြည်သူပိုင်လေယဉ်လေးသုံးပြီး ကျောင်းတတ်ခိုင်းသေးတယ်။ (အခုတော့ တေဇပိုင် လေယဉ် ဖြစ်နေပါပြီ။) အနစ်နာခံတတ်တဲ့ တို့ရဲ့ ဘိုလ်ချုပ်မှူးကြီးပါပဲ။ ဒါတောင် PhD ပြီးရင် Master ဆက်တတ်ဆိုတဲ့ ပညာရေး ၀န်ကြီးရဲ့ ထူးချွန်ပုံ မပါသေးဘူး။

အဲ.. ပညာရေးဆိုလို့သူနဲ့ တတွဲတည်း ထားရတဲ့ တိုင်းပြည်ကျန်းမာရေးကလည်း အထူးတလည် ပြောစရာမရှိပေဘူး။ ကမ္ဘာကိုအဆင့်ကို တောင် ကျော်ချင် ကျော်နေမှာ..။ ဒါတောင် ကြံဖန် အနစ်နာခံတတ်တဲ့ ဘိုလ်ချုပ်မှူးကြီးမှာ စင်္ကာပူမှာ ဆေးသွားကုရတယ်။ (အနစ်နာခံတာ အနစ်နာခံတာ) မြန်မာပြည်သူတွေမှာတော့ အောင်တမန်၊ ကွမ်းရွက်ပုံ၊ လမ်းဘေး ကုလားဆိုင်က ဆေးမြီးတိုသုံးပြီး၊ HIV အပါအ၀င် ကိုးဆယ့်ခြောက်ပါး ကျော်တဲ့ ရောဂါတွေနဲ့ နပမ်းလုံးနေကြရတယ်။ ဒါမှလဲ နအဖ ခေါင်းဆောင် ပီသမှာလေ။ ဒီမှာလည်း ငှတ်တုတ်ကွေး တောင်မကျော်နိုင်ဘူးဆိုတဲ့ နအဖ ဥာဏ်ကြီးရှင်တွေ ထည့်မပေါင်းရသေးဘူး။

ထင်ရှားတဲ့ နောက်ထပ် ကိစ္စတစ်ခုကတော့ အများသိတဲ့ ဒီပဲယင်းပဲ။ အရိုက်ခံရတဲ့ လူတွေက အခုထောင်ထဲမှာ၊ ရိုက်တဲ့လူတွေက ဘ၀တစ်ပါးမှာ(နအဖ လက်စတုံး အစီအစဉ် အရ)၊ စီစဉ်သူတွေက နအဖ အဖွဲ့ဝင်တွေဆိုပြီး မြန်မာနိုင်ငံကြီးမှာ ဖြစ်နေတာကိုလေ။

အခုလဲ ကြည့်ပါဦး .. ။ လောင်စာဆီဈေးတွေ တတ်လိုက်တယ်။ ကမ္ဘာ့စံချိန်မှီ ဈေးတတ်လိုက်တယ် ဆိုပဲ။ ဘိုလ်ကျော်ဆန်းရဲ့ ၂၀၀၅ က စကားလေးပါ။ ပြည်သူတွေရဲ့ ၀င်ငွေကတော့ ကမ္ဘာ့ စံချိန်မမှီတာကို ထည့်မပြောသွားဘူး။ စံချိန်မမှီတာတင် မကဘူး .. ကမ္ဘာ့အနည်းဆုံး ၀င်ငွေနဲ့ ရပ်တည်နေကြကို မသိချင်ယောင်ဆောင်နေကြတယ်။

တစ်ခါတည်း ပြောနေကြတယ်။ အဲဒီလို မတရား လောင်စာဆီဈေးတတ်လိုက်လို့ ပြည်သူတွေ ကားမစီးနိုင်တဲ့ ကိစ္စကို ကိုယ်စားပြု ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တဲ့ လူတွေကို ညမချိန်မတော် ၀င်ဖမ်းပြီး ဘိုလ်ဆိုတဲ့ အတိုင်း ဘလောင်းဘလဲနဲ့ ၂၅.၀၈.၂၀၀၇ သတင်းစာတွေမှာ အမျိုးသားညီလာခံကို ဖျက်ဆီးနှောက်ယှက်တယ် ဆိုပဲ။ (ပြည်သူတွေ ကားမစီးနိုင်တာဆိုလို့ အထင်ကြီးမသွားနဲ့ဦး၊ ကိုယ်ပိုင်ကား မဟုတ်၊ ငါးဖယ်သိပ် ကြပ်နေတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက သုံးတဲ့ bus ကားတွေကို ပြောတာ) ဆန္ဒထုတ်ဖေါ်သူတွေ အိပ်ချိန်မှာ ပြစ်မှုရေရေရာရာ မပြောနိုင်ပဲ လာဖမ်းတဲ့ လူတွေကိုသာ နိုင်ငံတကာဥပဒေနဲ့ ကြည့်ရင် ပိုင်နက်ကျူးလွန်မှု၊ နှောက်ယှက်မှုတွေနဲ့ ကောင်းကောင်း တရားဆွဲနိုင်သေးတယ်။

အဲ .. နောက်ထပ် ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြသသူတွေကို ပြည်သူဆိုပြီး အရှက်မရှိတဲ့ လူတွေနဲ့ အထောက်အပံ အပြည့်အစုံပေးပြီး ရမ်းကားချင်တိုင်း ရမ်းကားနေလိုက်တာ။ ပြောသေးတယ် တာဝန်သိ ပြည်သူတွေဆိုပဲ။ လခစား ရဲတွေက ဘာလုပ်နေကြလဲ။ နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးက ဘာတွေလုပ်နေလဲ။ နအဖ အကြောင်း ပြောရရင်တော့ဗျာ ... ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ခွေးဋီကာ ဆိုပြီး စာရေးခဲ့သလို ခွေးဋီကာ(ဒါမှမဟုတ်) သူ့ထက်ထိရောက်တဲ့ စကားလုံးနဲ့ ဋီကာဖွဲ့ပြီး ရေးရမယ့်ပုံပါပဲ။

နောက်ဆုံးပေါ် နအဖရဲ့ စတန့်ကတော့ အဲဒီ ဆန္ဒထုတ်ဖေါ်သူတွေထဲက သူရဲကောင်း (၄)ယောက်ကို ဆုငွေကျပ် (၁၀)သိန်းဆိုပဲ။ နအဖ ခင်ဗျားတို့ လျော့တွက်လှချည်လား.....။ တိုင်းပြည်ရဲ့ အဖိုး မဖြတ်နိုင်တဲ့ သူရဲကောင်းတွေကို သုံးမရတဲ့ ကျပ်ငွေ (၁၀)သိန်းတဲ့။

ခင်ဗျားတို့လိုဆို ကျွန်တော်တို့ ပြည်သူတွေကလည်း နအဖ အဖွဲ့ကြီး တစ်ဖွဲ့လုံးကို အားနာပါးနာနဲ့ အလိုရှိသည် ဆုငွေ (၁) ကျပ်ပေါ့ဗျာ။ ဘိုလ် သန်းရွှေ အပါအ၀င် တစ်ဖွဲ့လုံးနော် ..... ဆုငွေ (၁)ကျပ်......။ ဆုငွေ တစ်ကျပ် ဗျို့။


ကိုထိုက်

2 comments:

ခင်မင်းဇော် said...

ကိုထိုက်ရေ..
ဆုတော်ငွေနဲ့ ရေးထားချက်တွေကတော့ ပြောင်မြောက်ပါပေ့၊
သူတို့ အဖွဲ့ တဖွဲ့လုံး အတွက် ၁ ကျပ်တဲ့လားကွယ်..ဟီးးးးးးးးး
PhD ပြီးရင်တော့ MSc ဆက်တက်လိုက်ဦးမကွဲ့...
PH 7 ကို ကျေနပ်မနေပဲ ဆက်ပြီး များရအောင်လဲ ကြိုးစားလိုက်ကြဦးမကွဲ့........ဟားးးးးးးး

Anonymous said...

日本a片吊帶襪美女絲襪美女完美女人影音網波波線上遊戲網美女拳我要看美女全身巨乳美女台灣美女 kiss 情網貼圖區3d 美女短片免費試看前進東洋混血美女 莉亞丁字褲美女圖灣美女 kiss 情網貼圖區美女與野獸西洋白虎美女圖台灣美女寫真集圖片館自拍美女聊天室 s383自拍美女聊天室 視訊聊天自拍美女聊天室裸體美女台灣美女寫真貼圖區電眼美女小遊戲玩弄av美女泳裝美女寫真av美女真人美女辣妹鋼管脫衣秀手槍美女賞圖波霸美女小遊戲白虎美女圖庫一夜情貼圖一夜情聊天Google,網上論壇東東成人論壇WO,WO,論壇18禁地論壇Mr.愛愛聊論壇玫瑰公爵成人論壇荳蔻情色論壇exBT成人論壇亞洲情色論壇辣辣情色論壇激突綜合論壇gogobox論壇伊莉論壇討論區不夜城情色論壇日本情色論壇視訊辣妹0509免費 視訊聊天秀洪爺視訊網性感妹妹等你喔視訊聊天室入口激情挑逗聊天室視訊聊天頻道視訊聊天都會男女視訊聊天免費觀看視訊辣妹脫衣秀限制級a片情色電影院美女短片免費試看限制級影片自拍情色影片下載18禁成人影音線上視訊聊天網辣妹視訊聊天網限制級電影即時通視訊大奶美女視訊本土辣妹視訊即時通成人視訊成人視訊交友聊天視訊錄影熟女視訊聊天免費辣妹視訊聊天網網友情聊天室上班族偷情聊天室已婚上班族聊天室080心悸動聊天室美眉影音視訊聊天室夜未眠成人影城☆♀ 18成人 ☆♀免費下載成人短片免費真人視訊辣妹一對多視訊聊天即時視訊聊天網路視訊聊天臺灣18歲成人小弟弟成人娛樂小潘潘成人無碼片夜激情成人聊天室免費視訊美女網成人愛情交易所線上交友網百分百成人圖日本av女優影片無碼av女優女優寫真av女優介紹sex女優王國女優星球女優探索網歐美女優A片免費a片網站女優網免費情色電影無碼女優168影音視訊聊天室免費成人圖片區台灣女優成人情色影音網鄰家女優