Thursday 20 September 2007

မြန်မာ စံတော်ချိန် 12:30

ရန်ကုန်ရှိ သံဃာတော်များ ရွှေတိဂုံ ဘုရားဆီကို ဦးတည် လမ်းလျှောက် ချီတတ်လာနေကြပါတယ်။ မြေနီကုန်းဘက်မှ သံဃာ အပါး ၁၀၉ ချီတတ်သွားပါတယ်။

ပဲခူးမှ သံဃာတော်များလည်း ရန်ကုန်ကို ချီတတ်လာနေတယ်လို့ သိရပါတယ်။

မြို့တော်ခန်းမ ရှေ့မှာ သံဆူးကြိုးတွေ ပတ်ပတ်လည် ကာလိုက်ပြီလို့ သိရပါတယ်။

ပဲခူးက သံဃာတွေ လိုက်ပါလာတဲ့ ရထားတွဲကို ရန်ကုန်လာလို့ မရအောင် တိုးချောင်လေးမှာ ဖြုတ်ထားခဲ့တယ်လို့ သိရပါတယ်။

တာမွေမှာ သံဃာတော်များ အပါး ၁၀၀၀ လောက် ၂ ပါးတတွဲဆီ လမ်းလျှောက်ချီတတ်နေကြပါတယ်။


မနေ့က ရွှေဂုံတိုင်က ဗွီဒီယို တစ်ခုပါ။ ဖုန်းနဲ့ ရိုက်ထားတာကြောင့် သိပ်မကောင်းပါ၊ သို့သော် ရသလောက် တင်လိုက်ပါတယ်။

No comments: