Friday 21 September 2007

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ အရေးပေါ် ကြေငြာချက်

ရဲတပ်ရင်းအမှတ် (၇)တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အခြေအနေ

သတင်းထုတ်ပြန်ချက်

စက်တင်ဘာလ ၂၁ ရက်။ ၂၀၀၇ ခုနှစ်

စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်၍ လောင်စာဆီ တိုးမြှင့်လိုက်ခြင်းအပေါ် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခြင်းအပေါ် စစ်အုပ်စုမှ လူပေါင်း ၂၀၀ ကျော် ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖမ်းဆီးရာတွင် အုပ်စုဖြင့် ရိုက်နှက်ပြီး ဖမ်းဆီးခြင်းများ ရှိခဲ့သည့်အပြင် ဖမ်းဆီး ထိန်းသိမ်းထားစဉ်ကာလတွင်လည်း ရုပ်ပိုင်းဆိုင်ရာ။ စိတ်ပိုင်းဆိုင်ရာအရ ညှင်းပန်းနှိပ်စက်မူများရှိသည်ဟု အေအေပီပီမှ သိရှိရသည်၊

ယခုအခါ ထိုသို့ ထိမ်းသိမ်းထားသူများထဲမှ ၄၆ ဦးအား ရန်ကုန်တိုင်း ကျော်တန်းမြို့နယ်အနီးရှိ ရဲတပ်ရင်း အမှတ် (၇) တွင် ထိန်းသိမ်းစစ်ကြော နေသည်ဟု သိရှိရပြီး ထိုသူတို့၏ အခြေအနေကို အေအေပီပီမှ အောက်ပါအတိုင်း သိရှိရသည်၊

· ကျန်းမာရေးစောင့်ရှောက်မူလုံးဝမရှိခြင်း

· ခြင်အလွန်ပေါများပြီး ခြင်ထောင်မရှိခြင်း

· ရေလုံလောက်စွာမရရှိခြင်း

· အစားအစာ ချို့တဲ့ခြင်း

· ကျန်းမာရေးမကောင်းသူများအား ဆေးမပေးခြင်း

· ပြတင်းပေါက်များကို အသေပိတ်ထားခြင်း

· အဆောင်ပတ်ဝန်းကျင်တွင် သံဆူးကြိုးများ နှစ်ထပ်ကာရံထားပြီး လက်နက်ကိုင်များ အချိန်ပြည့် ချထားခြင်း

အထက်ပါအခြေအနေများကြောင့် ဖမ်းဆီးခံထားရသူများ၏ ကျန်းမာရေးအခြေအနေမှာ အလွန်ဆိုးရွားစွာ ခံစားနေရကြောင်းနှင့် အချို့ အကျဉ်းသားများမှာ အောက်ပါဝေဒနာများကို ခံစားနေရသည်ဟု သိရှိရသည်။

ကိုသန့်ဇင်မျိုး သည်အဖမ်းခံရစဉ်တွင် ရိုက်နှက်ခံရခြင်း။ လေးဘက်နာရောဂါဝေဒနာကြောင့် တကိုယ်လုံးပြင်းထန်စွာ ကိုက်ခဲခြင်း။ ရင်ဘတ်အောင့်ခြင်း။ အပြင်းဖျားခြင်းတို့ကို ခံစားနေရသည်။

သန်းဇော်မြင့် သည်လည်း အဖမ်းခံရစဉ် အရိုက်ခံထားရသည့် ဒဏ်ရာကြောင့် ကျောက်ကုန်းနှင့် ခါးတွင် အလွန်နာကျင်စွာ ခံစားနေရပြီး ခါးမဆန့်နိုင်သည့် အခြေအနေကို ခံစားနေရသည်။

ကိုမျိုးခင် သည် အစာအိမ်ရောဂါကြောင့် မကြာခဏ ဗိုက်အောင့်သည့်အပြင်သွေးတိုးရောဂါပါ ခံစားနေရသည်။

ဦးမြင့်အေး သည် ဆီးချိုရောဂါကို ဆိုးရွားစွာ ခံစားနေရသည်။

ထိုသူတို့အပြင် အခြားဖျားနာနေသောသူများလည်း ဆေးဝါးမရကြပါ။

ရေလုံလောက်စွာမရရှိသည့်အတွက် ယားနာရောဂါများ ဖြစ်ပွားလျှက်ရှိသည်။

အစာဝလင်စွာ မရရှိသည့်အတွက် အားအင်ချို့တဲ့မူများနှင့် ရင်ဆိုင်နေရသည်။

ဦးဇော်ညွန့် အား လွန်ခဲ့သော ရက်သတ်တပတ်ခန့်က အာဏာပိုင်များက အပြင်သို့ ခေါ်သွားခဲ့သည်မှာ ယနေ့အထိ ပြန်မရောက်လာသေးကြောင်းသိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်- ကိုတိတ်နိုင် (၆၆) ၀၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည် (၆၆) ၀၈၁ ၃၂၄ ၈၉၃၅

နောက်ဆက်တွဲ -

ရဲတပ်ရင်း ၇ တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ

၁) ကိုမျိုးခင် ၂) ကိုထွန်းမြင့် ၃) ကိုကျော်သန်း ၄) ဦးတင်မြင့် ၅) ကိုဇော်ဇော်အောင် ၆) ကိုကြည်ဖြူ ၇) ကိုအောင်မင်းနိုင် (ခ) မီးသွေး ၈) ကိုမျိုးမင်းမောင် ၉) ဦးတင်မောင်ကြည် ၁၀) ကိုအောင်ထူး ၁၁) ကိုသိန်းမြင့်ထွန်း ၁၂) ကိုငွေစိုး ၁၃) ကိုမင်းဟိန်းထက် ၁၄) ကိုထွန်းနေအောင် ၁၅) ကိုဇော်ဝင်း ၁၆) ကိုဇာနည်မောင် ၁၇) ကိုသိုက်မင်း ၁၈) ကိုစိုးကြွယ် ၁၉) ကိုအောင်ကျော်ဦး ၂၀) ကိုစိုင်းမင်းသိမ်း ၂၁) ကိုဝင်းဇော် (ခ) တွတ်ပီ ၂၂) ကိုသန့်ဇင်မျိုး ၂၃) ကိုသန်းဇော်မြင့် ၂၄) ဦးမြင့်အေး ၂၅) ကိုရဲပီကျင် ၂၆) ကိုဖြိုးမင်းကျင် ၂၇) ကိုတင်ဦးမောင် ၂၈) ကိုမင်းအောင် ၂၉) ကိုတင်ဇော်ဦး ၃၀) ကိုဝင်ဆိုင် ၃၁) ကိုသန့်ဇင်ဦး ၃၂) ကိုကျော်စိုးဝင်း ၃၃) ကိုဆန်းဝင်း ၃၄) ကိုသိန်းဌေး ၃၅) ကိုညွန့်ဝင်း ၃၆) ကိုမင်းမင်းဦး ၃၇) ဦးစောလွင် ၃၈) ကိုအောင်ဇာ်ဦး ၃၉) ဦးလူအေး ၄၀) ကိုကျော်သူရိန် ၄၁) ကိုထွန်းထွန်းဝင်း ၄၂) ကိုမြင့်လှိုင် ၄၃) စောဝေမိုး ၄၄) ကိုသန်းနိုင် ၄၅) ဦးတင်မောင်နိုင် ၄၆) ဦးဇော်ညွန့်

---------------------------------------------------------------------------------------------------------------

ဗိုလ်မူးချုပ်ဟောင်း ကျော်ဇော၏ ပန်ကြားချက်

No comments: