Saturday 22 September 2007

မြန်မာစံတော်ချိန် ၁၅း၃၀

ရန်ကုန်ရှိ သံဃာတော်များသည် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှိရာ တက္ကသိုလ် ရပ်သာ လမ်းမဘက်သို့ ဦးတည် ချီတတ်သွားကြောင်း သတင်းရရှိသည်။

မြန်မာစံတော်ချိန် ၁၅း၀၀

သံဃာ အပါး ၁၅၀၀ ခန့် ဆူးလေ ဘုရားမှ အပြန် တရုပ်သံရုံးဘက်သို့ ဦးတည် ချီတတ်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
(source from RGN-Boy at cbox)

မြန်မာစံတော်ချိန် ၁၄း၁၅

မြေနီကုန်းဘက်မှ သံဃာတော် အပါး ၂၀၀၀ ကျော်ခန့် ပြည်လမ်း အတိုင်း လှည်းတမ်းဘက်သို့ ချီတတ်သွားကြောင်း သိရပါသည်။

မြန်မာစံတော်ချိန် ၁၃း၃၀

မန္တလေးမြို့ သံဃာ အင်အား တစ်သောင်းခန့်အထိ ရှိနေပြီလို့ သိရပါတယ်။ ယခု အချိန်အထိ ကျွန်တော် မစိုးရိမ်တိုက်ကို ဆက်သွယ်ဖို့ ကြိုးစားနေတာ ဖုန်းမရသေးပါဘူး။


အင်းစိန်ရှိ တစ်ချို့ သံဃာ စာသင်တိုက်ကျောင်းများတွင် သံဃာတော်များကို ကျောင်းမှ ပြန်လွှတ်ရန် နအဖမှ ဖိအားပေးလျှက်ရှိသည်ဟု သိရပါသည်။ ဒီနေ့ နံနက်တွင် အတည် မပြုနိုင်သေးသော သတင်းများအရ တစ်ချို့ စာသင်တိုက်မှ သံဃာတော်များက နေရပ် မပြန်ဘဲ ချီတတ်၍ ငြိမ်းချမ်းစွာ မေတ္တာပြုဆုတောင်း လမ်းလျှောက်နေသော သံဃာတော်များနှင့် ပူးပေါင်းလျှက်ရှိသည်ဟု သတင်း၇ရှိပါသည်။

မြန်မာစံတော်ချိန် ၁၁း၀၀

မန္တလေးမြို့တွင် သံဃာ အပါး ၃၀၀၀ ခန့် ဆန္ဒပြနေသည်ဟု သတင်းရရှိပါသည်။
သံဃာတော် အပါး ၃၀၀၀ နှင့်ပက်သက်သော နောက်ဆက်တွဲ အသေးစိပ် သတင်းများကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

မန္တလေးမှ ဓါတ်ပုံများဖြစ်ပါတယ်။


၂၀.၀၉.၂၀၀၇ က သံဃာများရဲ့ ဗွီဒီယိုဖိုင်ပါ





မနေ့က ရရှိတဲ့ သတင်းတစ်ခု အရ ရန်ကုန် အင်းစိန်ထောင် တိုက် ၂ မှာ သံဃာ အပါး ၅၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲသတင်းများ သိရလျှင် ဆက်တင်ပေးပါ့မယ်။

ကြံဖွတ်များက သံဃာများကို လှူဒါန်းရန် အတွက်ဆိုပြီး ရပ်ကွက်များ အတွင်း၊ ပိုက်ဆံများ လိုက်ကောက်နေသည်ဟု သိရပါတယ်။ သို့သော် မည်သူကမျှ သူတို့ကို မယုံကြည်သောကြောင့် ကောက်၍ မရ ဖြစ်နေကြောင်း သတင်းရရှိပါသည်။


www.mizzima.com မှ ကူးယူထားသော ၂၁ ရက်နေတွင် ဖြစ်ပွားခဲ့သော ရန်ကုန်မှ ပုံများ ဖြစ်ပါတယ်။ ပုံကောင်းလေးတွေဖြစ်လို့ တစ်စု တစည်းတည်း ဒီမှာ ပြန်တင်လိုက်ပါတယ်။


No comments: