Tuesday 25 September 2007

မြန်မာ စံတော်ချိန် ၁၆း၅၂

စစ်ကား ငါးစီး ပြည်လမ်း ပေါ်က ဖြတ်သွားတယ် ဗျ အခု တပ်မတော် သီချင်းကို အကျယ်ကြီး ဆိုသွားကြတယ်.. လက်နက်တွေနဲ့ လို့ မျက်မြင် သက်သေက ပြောပါတယ်။

၈၈ က နာမည်ကျော် ၂၂ တပ်ကို နယ်စပ်မှ တာဝန်ချထားရာမှ ပြန်လည် ဆုတ်ခွာနေသည်ဟု နယ်စပ် သတင်းမှ သိရပါသည်။

....................................................................................................................................................................


ဗိုလ်ချုပ်မှူးကြီးက ဒေါသဖြင့် ပြောနေသည်။

"ဘယ်လိုလဲ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီးတွေ ဆန္ဒပြတာ မရပ်သေး ပါလား။ မင်းပြောတော့ လွယ်လွယ်လေးဆို၊ ခေါင်းဆောင်တွေ ရွေးဖမ်းလိုက်ရင် ငြိမ်သွားမယ်ဆို။"

"ဟုတ်ကဲ့၊ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ခေါင်းဆောင်တွေ တိတိကျကျမသိရဘူးလို့ တင်ပြ လာလို့ပါ ဗိုလ်ချုပ်၊ ကျွန်တော်နည်းပေါင်းစုံနဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ခိုင်းထားပါတယ်။"

ထိုစဉ် ရုံးခန်းတွင်းသို့ ဗိုလ်မှူးကြီး တဦး ရေးကြီး သုတ်ပျာ ၀င်လာသည်။

"ဗိုလ်ချုပ်၊ ဗိုလ်ချုပ် ကျွန်တော် သံဃာတွေရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ သိပြီ။ ဟောဒီစာအုပ် ထဲမှာပါတယ်။"

"ဟုတ်လား ဘယ်သူလဲ အမြန်ပြောစမ်း။"

" "ဂေါတမ" တဲ့ ဗိုလ်ချုပ်။"

"အေး- အဲဒါဆို သူ့ကို ဖမ်းလိုက်။

.......................................................................................................................................................................

today picture in yangon



သန်းရွှေမိသားစုပိုင် ဂျေဒိုးနပ်နှင့် တေဇပိုင် စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံသားများအားလုံး တာဝန် တရပ်အနေနဲ့ သပိတ် မှောက် လိုက်ပါပြီ။

အွန်လိုင်း ညီအစ်ကို မောင်နှမများ ဒီ message ကို ၀ိုင်းပြီး တင်ထားပေးကြပါ ... ခင်ဗျာ။

မြန်မာစံတော်ချိန် ၁၅း၁၀


အနုပညာရှင်များက ပြည်သူတွေကို ဟောပြောနေကြောင်း သတင်း၇ရှိပါသည်။


၂၄.၀၉.၀၇ က ဗွီဒီယို ဖိုင်ဖြစ်ပါတယ်။


ယနေ့ ဆူးလေမှ ပုံ ဖြစ်ပါတယ်။


2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပုဒ်မ ၁၂၇ ကို ထုတ်ပြီး နှိမ်နင်းဖို့အတွက် ၁၄၁ ကို ကျူးလွန်မှ ထုတ်ခွင့်ရှိပါတယ်။ ပုဒ်မ ၁၄၁ က ဆူပူအကြမ်းဖက် လိုသူများ လူစုလူဝေး ပြုလုပ်ခြင်းစတဲ့ အချက်ပေါင်း ၅ ချက် ရှိရပါ့မယ်
အခု မေတ္တာသုတ်ရွတ်ဖတ်ပြီး လမ်းလျှောက်နေသူများဟာ အင်အား ၁ သိန်း ၂ သိန်းပဲ ဖြစ်ပါစေ ။ အကြမ်းဖက်ဆူပူလိုခြင်းမရှိဘူးဆိုတာ သိသာတဲ့အတွက် ၁၂၇ ထုတ်ရန် အကျုံးမ၀င်ဘူး မလိုအပ်ဘူးဆိုတာ လူအများသိရှိရန် အသိပေးဖြန့် ဝေပေးကြပါ။


မြန်မာစံတော်ချိန် ၁၃း၃၀

ရွှေတိဂုံ ဘုရားဘက်တွင် မနေ့ကလိုပင် များပြားသော လူထုကြီးက စိတ်ဓါတ်တတ်ကြွဖွယ်ရာ စတင် ချီတတ်နေကြပါပြီ။ ပစ်ခတ်သည်ဆိုသော သတင်းများမှာ လုပ်ကြံသတင်းများသာ ဖြစ်ပါသည်။

မနေ့က ဗွီဒီယို file အချို့ ဖြစ်ပါတယ်။ အခုမှ ရလို့ ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။




မြန်မာစံတော်ချိန် ၁၃း၂၀

ရွှေတိဂုံ ဘုရား ခြေတော်ရင်းတွင် လူထုက စတင် ချီတတ်နေကြပါပြီ။

မြန်မာစံတော်ချိန် ၁၁း၄၅


ကြေးသွန်းဘုရားကြီးမှာတော့ ကိုဇာဂနာ၊ ကျော်သူ၊ အောင်ဝေး ဦးဆောင်ပြီး ဒုတိယနေ့အဖြစ် သံဃာတွေကို ဆွမ်းကပ်နေပါတယ်။


ယနေ့မနက် မြန်မာစံတော်ချိန် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သက်တော် (၇၆) နှစ်ရှိတဲ့ ဆရာတော်ကြီးတစ်ပါး ဆန္ဒပြလျှက်ရှိပါတယ်။
ဆရာတော်ကြီးဟာ သာမညနိဗ္ဗာန်ကျောင်းတိုက်ကဖြစ်ပြီးဘွဲ့အမည် ဦးတေဇာဘာသ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ကောင်းမွန်တာတွေ မြင်လိုသောဆန္ဒ သူ့မှာ ရှိတယ်လို့ မိန့်ကြားပြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပိုစတာကြီး (၂) ချုပ်ကိုလည်း ဖြန့်ထားပါတယ်။



ရန်ကုန်မြို့ထဲမှာတော့ ဆန္ဒပြရာမှာ ပြည်သူတွေ လိုက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမယ်လို့ အသံချဲ့စက်များနဲ့ လိုက်လံကြေညာနေပါတယ်။


မြန်မာစံတော်ချိန် ၁၂း၅၄

အခုအထိ ကြားရတဲ့ သတင်းတွေအရ နအဖမှ စတင်းဖမ်းဆီးရန် ကြံစည်နေသည်ဟု သိရသည်။ သို့သော် သံဃာတော်များနှင့် လူထုကလည်း ဆန္ဒပြရန် အသင့်ဖြစ်နေကြပါပြီ။

No comments: