Sunday 23 September 2007

ဒီနေ့ ဆူးလေမှ ပုံများဖြစ်ပါတယ်။











မြန်မာစံတော်ချိန် ၁၆း၁၅

နှစ်နာရီလောက်တွင် ဆူးလေမှ အမေရိကန်သံရုံးရှေ့မှ သိမ်ဖြူလမ်းအတိုင်း လျှောက်ကြသည် ဘုန်းကြီးအင်အား နှစ်ထောင်ခန့် လူအင်အား မှာ ဘုန်းကြီးအင်အားထက် ကျော်သည်အဆမတန်များပြား ခန့်မှန်း ဆရာလေးများပါ ပါ.. ပြည်သူများကလည်း လက်ခုပ်တီး၍ တခဲနက်ကြိုဆို .. လက်ရှိ သိမ်ဖြူလမ်းပေါ်တွင်

ကျော်သူ အဖမ်းမခံရပါ။ သတင်း အတည်ပြုပြီး။

မြန်မာစံတော်ချိန် ၁၅း၀၀

သံဃာများ ၁၀၀၀၀ ခန့်နှင့် သီလရှင်များ အပါအ၀င် လူထုကြီးက မဟာဗန္ဓုလ လမ်းအတိုင်း ဆူးလေမှ ဗိုလ်တထောင် ဘက်သို့ ချီတတ်လာကြသည်ဟု မျက်မြင်သက်သေတစ်ဦးမှ ပြောပြသည်။

မင်္ဂလာဈေးဘက်မှ သံဃာ ၃၀၀၀ ခန့် အလံပြ ဘုရားလမ်းမှ သံဃာ ၅၀၀၀ ခန့်နှင့်၊ သီလရှင် ၃၀၀ခန့် ကြွေးကြော်သံများဖြင့် ချီတတ်နေကြသည်ဟု သတင်းရသည်။ လူထုလည်း ပါဝင်နေကြပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက် ကြွေးကြော်သံများ ကြွေးကြော်နေကြပါတယ်။


မြန်မာစံတော်ချိန် ၁၃း၄၅


ထောင်နဲ့ချီတဲ့ သံဃာတော်များ ရွှေတိဂုံမှာ စုစည်းပြီး ယခုအခါ စတင် ချီတတ်နေပြီဟု သိရပါသည်။

မြန်မာစံတော်ချိန် ၁၂း၀၀

မကွေးတွင် သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြကြသည်ဟု သိရသည်။

ဒီနေ့ ဆန္ဒပြနေကြပုံ



download

No comments: