Saturday 22 September 2007

မေတ္တာဖြင့် အောင်မြင်ခြင်း

အထူးသတင်း

ဒီနေ့ အန်တီအိမ်ရှေ့ကို ရဟန်းတော်တွေ ရောက်ခဲ့တယ် … ၃း၁၀ ။ တံခါးပေါက်ဝမှာ လက်လှမ်းပြတယ်။ လက်အုပ်ချီတယ်။ မျက်ရည်ဝဲတယ်။ ရဟန်းတွေနဲ့ လူတွေ မေတ္တာပို့ကြတယ်။ အန်တီ ကျန်းမာပါစေ ဆုတောင်းကြတယ်။ ရဟန်း ၁၅၀၀ ခန့်၊ လူ ၈၀၀ ရှိတယ်။ ရွှေတိဂုံကနေ ပြည်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ အန်တီ အိမ်ရှေ့ သွားခွင့်ရ၊ အေးချမ်း အောင်မြင်စွာ ပြီးဆုံး။

-----------------------------------------------------------------------------------------------

(cbox မှာ ရေးထားတဲ့ သတင်းဖြစ်တာကြောင့် အောက်က စဖတ်ပါ။)

reporter: ကိုထိုက်ရေ.. confirm ရန်ကုန်ဖုံးက..ရတာ..ခုပဲ ..

22 Sep 07, 11:13

Latest news: radio news

22 Sep 07, 11:13

reporter: လာရာလမ်းကြောင်းတလျှေက်.. ဂမုန်းပွင့် ကုန်တိုက်ရှေ့ တွင် crown နို့ဆီဟု စာတန်းပါသော စွပ်ကျယ်ဝတ်လူတစု မှ ဟိုင်းလက်ကားတစီးပေါ်မှ ၀င်ရောက် နှေင့်ယှက်ဟန်ပြ

22 Sep 07, 11:13

reporter: ခေါင်းဆောင်ဘုန်းဘုန်းမှ..ဆွေးနွေး တောင်းဆိုမူကြောင့်.. ခြံရှေ့ဖြတ်ခွင့်ရ..၁၅ မိနစ်ခန့် မေတ္တာပို့ ၍ ငြိမ်သက်စွာ ပြန်လည်ထွက်ခွါ..အေးအေးချမ်းချမ်းဟုသိရ

22 Sep 07, 11:12

reporter: ယနေ့ ၂၂ ရက် ရန်ကုန် ၄ နာရီ ခွဲခန့် ..၁၀၀၀ ခန့် အင်အားရှိသော ဘုန်းကြီးများ ၅၀၀ ခန့်ပြည်သူများလိုက်ပါ.. ဒေါ်စုအိမ်ရှေ့ လမ်းကိုဝင်.. ရဲများကတား..ဘုန်းဘုန်းတို့ က..စည်းကမ်းတကျငြိမ်သက် ရပ်တန့်..

----------------------------------------------------------------------------------------------

ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။

“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။

“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက မဇ္ဈိမကို ပြောသည်။

2 comments:

EasternSky said...

ခင်ဗျားblogသိပ်ကောင်းတယ်။ သိပ်တာဝန်ကျေတယ်။

နေမိုး said...

ဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းပြောင်းလဲမှုမှာ သိပ်အရေးကြီးနေတဲ့ အချိန်ကို ရောက်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ အချိန်ကို မျောပြီးလိုက်နေလို့တော့ မဖြစ်တော့ဘူး။ ဒီလိုအချိန်အခါကိုရောက်လာဖို့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်နှိပ်စက် အုပ်ချုပ်မှုလက်အောက်မှာ ၁၉တိုင်အောင် ရင်းခဲ့ရပြီးပြီ။

ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့လူတွေဟာ ၁၉၈၈ ကျောင်းသားရဟန်းပြည်သူ အားလုံးပါဝင်တဲ့ လူထုအုံကြွမှုတွေကနေ ပြန်ကြည့်မယ်ဆိုရင် သေတဲ့သူတွေ သေခဲ့ကြပြီးပြီ။ ဘ၀တွေပျက်လို့ ဒုက္ခိတဘ၀နဲ့ လူညွန့်တုံးတဲ့သူတွေ တုံးကုန်ကြပြီးပြီ။ အကျဉ်းထောင်တွေထဲမှာ ကိုယ့်ပြည်သူလူထု ကောင်းစားရေးအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီးတော့ ကိုယ်ကျိုးစွန့် ရင်းနှီးနေတဲ့ အမျိုးသမီးကောင်းတွေ အမျိုးသားကောင်းတွေ လူငယ်တွေ နဲ့ သက်ကြီးရွယ်အိုလူကြီးတွေ ခေါင်းငုံ့မခံ အနိုင်မခံ အရှုံးမပေး ဒီနေ့ထိတိုင်အောင် ပေးဆပ်နေကြဆဲရှိနေသေးတယ်။ တောထဲတောင်ထဲ နယ်စပ်ဒေသတွေမှာ ကြုံရာနေရာကနေ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ကိုယ်တတ်နိုင်ရာကနေ လက်နက်ကိုင်လို့ပဲဖြစ်ဖြစ် ကလောင်ကိုင်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ဆောင်မှုအရပဲဖြစ်ဖြစ် ကြိုးစားချီတက်နေကြတဲ့ ကိုယ်နိုင်ငံ ကိုယ်ပြည်သူလူထုကို လေးစားချစ်ခင်လှတဲ့ အမျိုးချစ် နိုင်ငံချစ်ပုဂ္ဂိုလ်တွေကလည်း အများကြီးပါပဲ။ ဒီလိုလူတွေအားလုံးဟာ နောက်နောင်မှာလည်း မျိုးဆက်စီးဆင်းမှုမပျက် ဆက်လက်ပြီးရှိနေဦးမှာပဲ။ ဒီလိုရင်းနှီးပေးဆပ်မှုတွေက ၁၉၆၂ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းယူခဲ့ရာကနေ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေ လက်ထက်အထိပဲ။

ဒါကို မြန်မာပြည်သူ ပြည်သားတွေ ကောင်းကောင်းကြီး သဘောပေါက်နေပြီးသားပါ။ တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ လူတွေရဲ့ တန်ဖိုးကို အပြည့်အ၀ ထောက်ခံလေးစား ရပါမယ်။ ကိုယ်ကျိုးစွန့် ရင်းနှီးပေးဆယ်မှုဆိုတာ မြန်မာနိုင်ငံသား အားလုံးအတွက်ပဲ။ တဦးတယောက်ကောင်း လူတစု ကောင်းစားရေးအတွက် မဟုတ်ဘူး။ တန်ဖိုးမြင့်မြတ်သူတွေရဲ့ သစ္စာကို လူတိုင်း လူတိုင်းက အသိအမှတ်ပြုရပါမယ်။ ဒီတခါတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကိုယ်ကိုယ်တိုင်ပါဝင်မှု လိုအပ်နေပါပြီ။ ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ ပြန်ကြည့်ပါဦး။ စားဝတ်နေရေးမပြေလည်မှုတွေ၊ ကုန်ဈေးနှုံးကြီးမြင့်လာမှုတွေ၊ ၀င်ငွေအတွက် လစာနည်းပါးမှုတွေ အလုပ်အကိုင်ရှားပါးနေတာတွေ၊ ရောဂါထူပြောပြီး ဆေးဝါးကုသနိုင်ဖို့ ဆေးဖိုးမတတ်နိုင်မှုတွေ၊ ကိုယ့်သားသမီး လူငယ်တွေ ပညာရေးအဆင့်အတန်းနိမ့်ကျပြီး လူရာမ၀င်ဖြစ်ရတာတွေ၊ နိုင်ငံတွင်းနေထိုင်မှု အဆင့်အတန်းနိမ့်ပြီး သွားရေးလာရေး နေရေးထိုင်ရေးတွေမှာ အောက်ကျနောက်ကျဖြစ်ရတာတွေ၊ နေရာတကာ စစ်ဗိုလ်အသိုင်းအ၀ိုင်းကပဲ လက်ဝါးကြီးအုပ်ချယ်လှယ်နေတာတွေ သိသာထင်ရှားလှတဲ့ အချက်တွေ အများကြီးပါ။ ဒါမျိုးတွေ ကိုယ်တိုင်ခံစားပြီး ဖြတ်သန်းလာခဲ့တာ အချိန်တွေ ကုန်ခဲ့ပါပြီ အသက်တွေကြီးခဲ့ပါပြီ ၁၉နှစ်တိုင်အောင် ကြာခဲ့ပြီးပါပြီ။

ဒီနေ့ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကောင်းကြီးတခုပေါ်နေပါပြီ။ အခုလက်ရှိ သံဃာတော်တွေ အင်တိုက်အားတိုက် တိုင်းပြည်အတွက် စစ်အစိုးရကို သပိတ်မှောက် ဆန့်ကျင်နေပါပြီ။ ပြီးခဲ့တဲ့လကပဲ ၈၈မျိုးဆက်ကျောင်းသားတွေ၊ ကုန်ဈေးနှုံးကြီးမြင့်မှု အလိုမရှိတဲ့ ပြည်သူတွေ စုပေါင်းပြီးတော့ ဆန့်ကျင်လမ်းလျှောက်ပွဲတွေ ပြုလုပ်ခဲ့ပြီးပြီ။ အဲဒီအချိန်က အရှိန်အဟုန်တွေကို သံဃာတော် အရှင်သူမြတ်တွေက ဒီကနေ့ ထပ်ဆင့်မြှင့်တင်လိုက်ပါပြီ။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် ရိုးသားသန့်ရှင်းတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့ သိပ်အရေးကြီးလှတဲ့ နောက်ဆုံးတိုက်ပွဲတခုဖြစ်နေပါပြီ။

ပြည်သူလူထု ဒကာဒကာမတွေ အကျိုးအတွက် ဆောင်ရွက်နေကြတဲ့ သံဃာတော်တွေနဲ့ လက်တွဲချိတ်ဆက်ပြီး ဒီတချီတိုက်ပွဲကို ရဟန်းရှင်လူ ပြည်သူလူထုအားလုံး အတူလက်တွဲပြီး စည်းစည်းလုံးလုံး မလုပ်နိုင်ကြဘူးဆိုရင်တော့ ကျနော်တို့နိုင်ငံဟာ ရှေ့ဆက်မတွေးရဲစရာပါပဲ။ ဒီတခါတော့ နောင်ရိုးတိုက်ပွဲလို အပြီးသတ် ဖောင်ဖျက်ရတော့မယ့် အချိန်ပါပဲ။ နောက်တွန့်ငဲ့ကွက်နေစရာ အကြောင်း ဘာတခုမှ မရှိသင့်တော့ဘူး။ ရာဇ၀င်မှာ မြန်မာပြည်သူလူထုဟာ အချိန်ကျရင် သွေးနီခဲ့ပါတယ်။ ရာဇ၀င်မရိုင်း ခဲ့ပါဘူး။ သမိုင်းကို နှလုံးသွေးတွေနဲ့ ရေးခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်က ရာဇ၀င်ကို ဒီတခါလည်း တောက်ပြောင်အောင် သမိုင်းဝင် ကမ္ဗည်းထိုး မော်ကွန်းတင်ရဦးမှာပဲလို့ အားကိုးပါရစေ မြန်မာပြည်သူ ပြည်သားအပေါင်းတို့။