Thursday 20 September 2007

ကံကြီးထိုက်သူ(သို့) ထော့ကျိုး အောင်သောင်း



အထူး သတင်း


အထက်မြန်မာပြည်က သံဃာတော်များကို ဖြိုခွဲဖို့ တာဝန်ယူထားသော ၀န်ကြီး ဦးအောင်သောင်း တစ်ယောက် သံဃာတွေ ကျဆုံးစေရန် မန္တလေးတောင်ပေါ်တွင် ယတြယာသွားချေရာ၊ သံဃာများ ဆန္ဒပြသည့် သတင်းကြားရသောကြောင့် မူးလဲကာ၊ လက်ကျိုးသွားသောကြောင့် ယခုအခါတွင် မန္တလေး ဆေးရုံကြီးမှ ရန်ကုန် စစ်ဆေးရုံကို ပို့ရန် စီစဉ်နေကြောင်းသိရပါသည်။


မြန်မာစံတော်ချိန် 14:15

သင်္ကန်းကျွန်း တိုးကြောင်လေး ဘူတာတွင် ရထားတွဲ ဖြုတ်ခံထားရသော ရဟန်းများ ဘယ်ရောက်နေသည်ကို ဆက်လက် စုံစမ်း၍မရပါ။


မြန်မာစံတော်ချိန် 16:30

ရန်ကုန် Trader Hotel ရှေ့တွင် သံဃာနှင့် ပြည်သူလူထု ၅၀၀၀ ကျော်လောက်ရှိနေကြသည်ဟု သတင်း၇ရှိသည်။