Monday 24 September 2007

(နေ့လည် ၂း၀၀နာရီ) လွှတ်တော်အမတ်များနဲ့ အန်အယ်လ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအ၀င် ရဟန်း၊ ကျောင်းသား သောင်းနဲ့ချီတဲ့ လူအုပ်ကြီး ရန်ကုန်တွင် ဆန္ဒပြနေ။ မန္တလေးတွင် သံဃာအပါး (၃၀၀၀)ကျော် လမ်းလျှောက်ဆန္ဒပြ၊ လူထုသောင်းနဲ့ချီပြီး လိုက်ပါချီတက်နေ။ မင်းသားကျော်သူသတင်း မဟုတ်မှန်ကြောင်း နောက်ဆက်တွဲ ကြားသိရ။ ရွှေတိဂုံဘုရားတွင် ကိုဇာဂနာတို့နဲ့အတူ ဆန္ဒပြကြမယ့် သံဃာတော်တွေကို ဆွမ်းကပ်နေဟုသိရ။ ကိုဇာဂနာနဲ့ ကိုကျော်သူတို့ ဦးစီးတဲ့ ဆွမ်းကပ်ပွဲကို ကဗျာဆရာ အောင်ဝေး၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဇော်သက်ထွေး၊ မသီတာ(စမ်းချောင်း)၊ ကာတွန်းအော်ပီကျယ်၊ ဒီဇိုင်းစိုးဝင်းငြိမ်းအပါအ၀င် ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ အယ်ဒီတာ အင်အား(၁၀၀)ကျော်၊ ကိုရဲလွင်၊ စံလင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ဖြူဖြူကျော်သိန်း အပါအ၀င် ဂီတသမား (၇၀)ကျော် ပူးပေါင်းပါဝင်နေပြီး မင်းသားလွင်မိုး ဦးဆောင်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း ထပ်မံပူးပေါင်းပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။


ကိုနစ်ဘလော့မှ သတင်းပါ
ယနေ့ ၂၄၊ ၉၊ ၂၀၀၇ နေ့လည် ၂ နာရီခန့် က မန္တလေး တွင် သံဃာတော်များ စီတန်းလှည့်လည်ခဲ့ပါသည်။ ၃၅ လမ်းဖက်မှ ၇၃ လမ်းတစ်လျှောက်သွားခဲ့တာဖြစ်ပါတယ်။ အရှေ့ဆုံးတန်းတွင် သာသနအလံ နှင့်အတူ မဟာမုနိပုံတော်ကို ကိုင်ဆောင်ထားပါတယ်။ ဒုတိယအတန်းတွင် သပိတ် ၄ လုံးကို မှောက်လျှက်ကိုင်ဆောင်ထားပါတယ်။ သံဃာတော်များ မှာ သုံးပါးတစ်တန်းစီးတန်းလျှက်ကြွချီကြပြီး ၅ ပြခန့် ကျုံးထိပ်သို့ကြွပြီး ၂၆ လမ်းအတိုင်း အောက်သို့ ဆင်းသွားပါတယ်။ မင်္ဂလာတံတားထိပ်တွင် အရှေ့ဘက်မှ ဆင်းလာသော (၁ ပြခန့် ရှည်သော) သံဃာအုပ်စုနှင့် ပေါင်းသွားတယ်လို့ ပြောပါတယ်။ သံဃာတော်များကို ရေဘူး၊ အချိုရည် ဆက်ကပ်သူများ လဲရှိပါတယ်။ တစ်ချို့မှာ လမ်းဘေးမှ တစ်ချို့မှာ ဆိုင်ကယ်နှင့် လိုက်၍ဆက်ကပ်ကြပါတယ်။ ဘေးမှာ ဆိုက်ကား ၂ စီးမှလဲ ရေဘူးများတင်ဆောင်၍လိုက်ပါလာပါတယ်။ ယခု (၂း၃၀ ခန့်)တွင် ၂၆ လမ်းအတိုင်းဆင်းသွားပါတယ်။ ၇၃ လမ်းအတိုင်း သံဃာအုပ်စု တစ်စု ၃၅ လမ်းဘက်သို့ ကြွသွားပါတယ်။ ၁ ပြခန့်ရှည်လျားပြီး နောက်မျာ လူတချို့က မေတ္တာပို့ကို ရွတ်ဆို၍လိုက်ပါသွားကြတာကို တွေ့ရပါတယ်။ ဘယ်ကို ကြွတယ်ဆိုတာကိုတော့ မသိသေးပါ။

မြန်မာစံတော်ချိန် ၁၅း၀၀


သတင်းတစ်ခု အရ ထွန်းအိန္ဒြာဗိုလ်နဲ့ ကျော်ရဲအောင် ပါဝင်ဆင်နွဲနေကြတယ်လို့ သိရပါတယ်။








မြန်မာစံတော်ချိန် ၁၄း၄၅


သမတရုံမှသည် ဆူးလေအထိ ဆူးလေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေသည်။ လူပေါင်း ၅ သောင်းခန့် ရှိမည်ဟု မျက်မြင် များက ခန့်မှန်း ပြောကြသည်။ မဇ္ဈိမက သတင်းယူနေချိန်တွင် လူအများ၏ လက်ခုတ်သံများကို ကြားနေရသည်။





မြန်မာစံတော်ချိန် ၁၄း၁၂


မန္တလေး ၈၇ လမ်းတွင် သံဃာတော်များ ချီတတ်သွားသည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပြသည်။ သံဃာများနောက်တွင် လူများ၊ ဆိုက်ကားများ၊ ဆိုင်ကယ်များဖြင့် အုပ်စုလိုက် လိုက်လံအားပေးနေကြသည်ဟု သိရသည်။

ဒီနေ့ ပုံများ ဖြစ်ပါတယ်။




မြန်မာစံတော်ချိန် ၁၃း၄၅

မန္တလေးမှ ဆန္ဒပြနေသော သံဃာတော်များသည် ၂၆ လမ်းဘက်မှ မန္တလေး မင်္ဂလာဈေးဘက်ကို ချီတတ်သွားပြီး ယခုအခါ ၂၆ လမ်းဘက်သို့ ပြန်လည် ဦးတည်လာနေကြောင်းသိရသည်။

ရန်ကုန် မြေနီကုန်ဗားကရာဘက်ကနေ ကြည်းမြင်တိုင်ဘက်ဦးတည် သွားနေကြတယ်လို့ သိရပါတယ်။

မန္တလေး ၇၃ လမ်းတွင် သံဃာ ၂၀၀ ကျော်ခန့် လမ်းလျှောက်ဆန္ဒပြနေကြပါသည်။


မြန်မာစံတော်ချိန် ၁၃း၃၀

ရန်ကုန်ရှိ သံဃာတော်အချို့မှလည်း အုပ်စုငယ်များဖြင့် ချီတတ်က အဖွဲ့ချုပ်ဘက်သို့ ဦးတည်သွားနေကြာင်း သိရသည်။

မြန်မာစံတော်ချိန် ၁၃း၀၀

မန္တလေးတွင်လည်း စတင် ဆန္ဒပြနေကြသည်ဟု သိရပါသည်။


သံဃာနှင့် လူ နှစ်သောင်းကျော်ခန့် ရှိသော လူအုပ်ကြီးသည် မြေနီကုန်းဘက်မှ စတင် ဆန္ဒပြနေကြပါပြီ။ လမ်းဘေးမှ ပြည်သူများကလည်း လက်ခုပ်များတီး၍ အားပေးလျက် ရှိနေကြပါသည်။

ကိုကျော်သူကို ဖမ်းသွားသည်မှာ မသေချာသေးပါ။
နေရာအနှံတွင် လူများစုဝေးပြီး ငြိမ်းချမ်းစွာ ပိုစတာကိုင်၍ ဆန္ဒပြရန် အသင့်ဖြစ်နေကြပါပြီ။


မြန်မာစံတော်ချိန် ၁၁း၃၀

ရန်ကုန်ရှိ အထက်တန်းကျောင်း တစ်ချို့ကို ပိတ်လိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့ ၂၉ လမ်းဘက်တွင် စစ်သားများကို အစောင်ုချထားသည်ဟု သိရသည်။

မြန်မာစံတော်ချိန် ၈း၀၀


စစ်ကားများ (၈) မိုင်ကနေ မြေနီကုန်းကိုဖြတ်ပြီး မြို့ ထဲဘက်ကို မောင်းသွားပါတယ်။ သို့သော် သာမန်လှုပ်ရှားသွားလာနေကြခြင်းသာ ဖြစ်နိုင်ပါသည်။ လက်နက် တပ်ဆင်ထားပုံမရှိကြောင်း တွေ့ရသည်။


No comments: