Thursday 11 October 2007

နောက်ဆုံးရ သတင်း အတို အထွာ အစုံ အလင်

ရန်ကုန်မြို့ ည ၁၀ နာရီ နောက်ပိုင်း မြို့လယ်ခေါင်တွင် လူတွေ့လျှင် စစ်တပ်မှ ဖမ်းဆီးရန်ကြိုးစား၏။ သို့သော် အဖမ်းမခံလိုလျှင် ငွေ ၄၀,၀၀၀ ချက်ချင်းပေးရပြီး၊ ဖမ်းဆီးခံရပြီးသား သူများကို ပြန်လွတ်စေချင်လျှင် ငွေနှစ်သိန်း ဟု စစ်တပ်မှ ပြည်သူများ၏ ဒုက္ခအပေါ်တွင် လူမဆန်စွာ ဈေးခေါ်ပြီး ပေါ်တင် လုပ်စားလျှက်ရှိကြသည်။

............................................
သန်းရွှေမိသားစုပိုင် ဂျေဒိုးနပ်နှင့် တေဇပိုင် စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံသားများအားလုံး တာဝန် တရပ်အနေနဲ့ သပိတ် မှောက် လိုက်ပါပြီ။ (နောက်ထပ် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၊ စစ်တပ်အကြီးအကဲများနှင့် ပူပေါင်းကာ သာပေါင်း ညာစား ကုမ္ပဏီများ၏ ကုန်ပစ္စည်းများကို ထပ်မံ စာရင်းလုပ်ကာ တနိုင်ငံလုံး ပြည်သူ့ တာဝန် တရပ်အနေဖြင့် သပိတ်မှောက်ကြမည်ဟု သိရပါသည်။)

ပြည်တွင်း ပြည်ပ မြန်မာလူငယ်များ

............................................

အတည် မပြုနိုင်သေးသော သတင်းတရပ် အရ၊ လာမည့် စနေနေ့တွင် နအဖတို့မှ ရန်ကုန်မြို့တွင် အမျိုးသားညီလာခံကို ထောက်ခံသည့် လူထု ဆန္ဒခံယူပွဲတခု ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ထို ဆန္ဒခံယူပွဲသို့ အစိုးရ၀န်ထမ်းများ မတတ်မနေရဟု အကြပ်ကိုင် လိမ်လည်ခိုင်းရန် ကြိုးစားနေကြပါသည်။

..............................................
Air Bagan နှင့် Myanmar Airways International လေကြောင်းလိုင်းများမှ ပိုင်သောလေယာဉ်များကို နိုင်ငံအချို.ရှိနိုင်ငံတကာလေဆိပ်များတွင်ဆင်းသက်ခွင့်မပြုဟူသောသတင်းများထွက်ပေါ်နေသည်။
(အဆိုပါလေယာဉ်များကိုပိုင်ဆိုင်သော အင်ဒိုနီးရှားနိုင်ငံသား က စစ်အစိုးရ၏အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်အစိုးရနှင့်ပက်သက်သောစီးပွားရေးလုပ်ငန်းများနှင့်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိခြင်းကြောင့်ဖြစ်သည်ဟုသောကောာလများလည်းဖြစ်ပေါ်နေသည်။)
ငြိမ်းချမ်းစွာသပိတ်မှောက်သည့်ပြည်သူများကိုအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို.လာရောက်မည့် Toursits များက မြန်မာနိုင်ငံသို.လာရောက်မည့်ခရီးစဉ်များကို ဖျက်သိမ်းခဲ့သဖြင့် လေကြောင်းလိုင်းများ ဆက်လက်ရပ်တည်နိုင်ရန် မဖြစ်နိုင်သောအခြေအနေမျိုးဖြစ်သည်ဟုလည်းအခြားဝန်ထမ်းတစ်ဦ်းကသုံးသပ်ပါသည်။
အမည်မဖော်လိုသော အဲပုဂံလေကြောင်းလိုင်း ၀န်ထမ်းတစ်ဦးက မြန်မာစစ်အစိုးရနှင့်ပက်သတ်သော လေကြောင်းလိုင်းများကိုသပိတ်မှောက်ခြင်းကြောင့်ဖြစ်ကြောင်းပြောပြသည်။

Air Bagan လေကြောင်းလိုင်းသို.ဖုန်းဆက်စုံစမ်းရာတွင် Bangkok မှ မလေးရှား KL သို.ပြေးဆွဲသော ၁၆ ရက်နေ.နှင့် ၁၈ ရက်နေ. တွင် ထွက်ခွာရန်ရှိသည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားကြောင်းအကြောင်းပြန်သည်။
MAI သို.ဆက်သွယ်ရာတွင်မူ အဆိုပါနှစ်နိုင်ငံသို့ သွားသည်ခရီးစဉ်များကို သုံးရက်တိတိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းပြောဆိုသည်။ အဆိုပါလေကြောင်းလိုင်းများ၏ အကြီးအကဲများ၊ ပိုင်ဆိုင်ခွင့်ရှိသူများသည် လေကြောင်းခရီးစဉ်များ ပုံမှန်အခြေအနေ ပြန်ရောက်ရေးနှင့် ပုံမှန်ပြန်လည်ပြန်သန်းခွင့်ရရှိရေးအတွက် ကြိုးစားနေကြောင်း အဆိုပါရုံးနှင့်နီးစပ်သူတစ်ဦးကပြောပြသည်။
MAI 255440,252010
Air Bagan 504888
အဖြစ်မှန်မှာ အဆိုပါ လေယဉ်များကို ငှားထားသော လေကြောင်း ကုမဏီများမှ ၄င်းတို့လေယဉ်အငှားများကို ပြန်လည်ရုတ်သိမ်းကြောင်းကြားသိရသည်။
.........................................................


အထက်ပါ ပုံတွင် ပါရှိသော ဘုန်းကြီး အလောင်းနဲ့ ပက်သက်လို့ နောက်ဆုံးရသတင်းတွင် အဆိုပါ အလောင်းကို ရေထဲမှာပဲ လူဝတ်အစားပြောင်းဝတ်၊ ဆံပင်တုစွတ် ဓာတ်ပုံရိုက်ပြီး ဆယ်သွားတယ်လို့ သိရပါသည်။
နေရာ က ပုဇွန်တောင်ချောင်းစပ်၊ ပုဇွန်တောင်မြို.နယ်၊ စက်ဆန်း၊အမှတ် ( ၀၁)ဆန်စက် နား က ချောင်းထဲမှာ။ ဆန်စက်တံတားကဆယ်သွားတာမှ ၂၈ စက်တင်ဘာ ၂၀၀၇၊ နေ့ ခင်း ၁ နာရီလောက်တွင် ဆယ်ယူ သွားကြသည်။


No comments: