Sunday 7 October 2007

Reign of Terror in Burma, 2007

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများကို အကြမ်းဖက်နှိပ်ကွပ်မှုများက ယနေ့ကမ္ဘာ့သတင်းမီဒီယာကို လွှမ်းမိုးလျက်ရှိသည်။

ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတွင် မြန်မာစစ်အစိုးရအပေါ်ဒဏ်ခတ် ပိတ်ဆို့အရေးယူရန် ဖိအားပေးမှုများရှိနေသည်။

မြန်မာစစ်အစိုးရအပေါ် Sanction မလုပ်ရန် ဖေးဖေးမမ ပြောဆိုနေသည်များလည်းရှိသည်။

အချိန်တွင် မြန်မာစစ်အစိုးရက ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများ၊ ထောက်ခံသူများ၊ အားပေးသူများကို ဆက်လက်ဖမ်းဆီးမှုများ အရှိန်မပျက် ဆောင်ရွက်မြဲ ဆောင်ရွက်လျက်ရှိရာ ရွှေတိဂုံအရှေ့ဘက်မုခ် အနီးရှိ ရပ်ကွက်ပြည်သူများကို နေအိမ်များမှ အတင်းအဓမ္မ ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိသည်။

နေရာတွင် ခြားနားချက်နှစ်ခုကို သိသာထင်ရှားစွာတွေ့မြင်နေရသည်။

တဖက်တွင် International Community အနေနှင့် လူ့အခွင့်အရေး၊ တရားမျှတမှု၊ လူသားချင်းစာနာမှုစသည့် လူကြီးလူကောင်းဆန်ဆန် တွေးတောဆင်ခြင် ဆောင်ရွက်လျက်ရှိခြင်းနှင့် အခြားတဖက်တွင် စစ်အစိုးရ၏ Military Might အပေါ်ယုံကြည်ကိုးကွယ်လုပ်ဆောင်မှုပင်ဖြစ်သည်။

International Community မှတရားဥပဒေ၊ လူအချင်းချင်း ထားရှိရမည့် ကျင့်ဝတ်သိက္ခာ၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့် စသည်ဖြင့် လူကြီးလူကောင်းဆန်ဆန် ချင့်ချိန်ဆောင်ရွက်နေသည့်အခိုက်တွင် စစ်အစိုးရကမူ တို့အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ကာ သူ့အလုပ်ကို ဖိဖိစီးစီး ဆောင်ရွက်လျက်ရှိသည်။

ဤသည်မှာ ယဉ်ကျေးသော ကမ္ဘာကို မြန်မာစစ်ဗိုလ်ချုပ်များက မထီမဲ့မြင် ပြုလုပ်ကာ လှောင်ပြောင်သရော် နေခြင်းလည်းဖြစ်ပါသည်။

သေချာသောအချက်တစ်ခုမှာ International Community မှတစ်စုံတစ်ရာ ဆုံးဖြတ်ဆောင်ရွက်မှု မပြုလုပ်နိုင်မီ အတောအတွင်း၊ အချိန်သည်လည်းကောင်း၊ အခြေအနေသည်လည်းကောင်း မြန်မာစစ်ဗိုလ်ချုပ်များဘက်တွင်ရှိနေခြင်းပင်ဖြစ်၍ ၎င်းတို့အာဏာတည်မြဲနေသမျှ ယင်းအကျိုးဆက်ကို တစ်နင့်တနည်း ခံစားရမည့်သူများမှာ မြန်မာပြည်သူများပင်ဖြစ်ပါသည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် Dialogue, Compromise, National Reconciliation စသည့် တိုင်းပြည်အေးချမ်းရာ အေးချမ်းကြောင်း ဆောင်ကြဉ်းလိုစိတ် အလျင်းမရှိသူများ ဖြစ် အထက်ပါကိစ္စများကို ချဉ်းကပ်ပြောဆိုခြင်းများသည် အချိန်ကုန် လူပမ်းရုံသာ ဖြစ်သည့်အတွက် International Community အနေနှင့် မြန်မာပြည်သူများအတွက် တစုံတရာ ဆောင်ရွက် ပေးလိုသည့် ဆန္ဒကို ပေါက်မြောက်အောင် ဆောင်ရွက်လိုပါလျင် စစ်အစိုးရ၏ Military Might ကိုဦးစွာထိုးနှက်ရမည် ဖြစ်ကြောင်းတင်ပြလိုက်ပါသည်။
(form mail box)

No comments: