Tuesday 6 November 2007

သတိရှိနေ ကြဘို့လိုပါသည်

မြန်မာနိုင်ငံ ရဲ့  အရေးဟာ ထင်ထားတာထက် အများကြီးခက်ခဲ နက်နဲပါတယ်လို့ပြောရမှာပါ။ ဆွေးနွေးကြ သုံးသပ်ကြ အမြင် အမျိုးမျိုး ရှုထောင့် အမျိုးမျိုးက တင်ပြနေကြတာတွေလဲ ရှိခဲ့ ရှိနေ နောင်လဲ ရှိကြရအုံးမှာပါ၊

အဖိနှိပ်ခံပြည်သူတွေကတော့ အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး တိုက်ပွဲမှာ မအောင်မြင်သေးပါဘူး။ ဘယ်တော့အောင်မြင်မလဲဆိုတာလဲ ဘယ်သူမှနီးနီးစပ်စပ် တော့ မပြောနိုင်သေးပါ ဘူး ။ အာဏာရှင်စံနစ်ဆိုတာလဲ သမိုင်းနဲ့ ချီပြီးကြာတတ်တယ်မဟုတ်ပါလား ။

ပြည်သူမှာတော့ ပိုပြီး နင်းပြားဘ၀ကို ရောက်လာခဲ့တဲ့ အပြင် ဘာဥပဒေမှမရှိတဲ့ စံနစ်ဆိုးရဲ့ အောက်မှာ လူစဉ်မမှီအောင် အဖက်ဖက်က နိမ့်ပါးလာခဲ့တယ်။ မဆလ တစ်ပါတီ ခေတ်က နေ၀င်း နဲ့ အခု နအဖ သန်းရွှေ ဟာ ကိုယ်ရည်ကိုယ်သွေး အင်မတန်ညံ့ဖျင်းပြီး စိတ်ဓါတ်မူမမှန်တဲ့အပြင် ပြည်သူတွေ အပေါ်မှာစေတနာ မရှိဘူး ။ နိုင်ငံတခုထဲမှာ စစ်တပ်ဆိုတဲ့ နိုင်ငံ တစ်ခုတည်ဆောက်ပြီး လက်နက်နဲ့ လူထုကိုဖိနှိပ်ဘို့ အကွက်ကျကျစီစဉ် ထားတယ် ။စစ်တပ်ထဲမှာ သူ့ညြဇာခံမဲ့သူကို ရာထူးအာဏာ ငွေ အခွင့်အရေး အမျိုးမျိုးပေး သိမ်းသွင်းထားတယ်။

ဒီနေ့ပြည်သူတွေမျှော်လင့်နေတဲ့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ စံနစ်ကို ရဘို့ ရွှေပြည်တော် မျှော်တိုင်းဝေး နက်ဖြန်သို့မဟုတ် ဘယ်သောအခါ၊ ကမ္ဘာဦး ကနေနဲ့ လကိုမျှော်ရသလို Mission Impossible လိုများဖြစ်နေမလားတောင်တွေးမိပါရဲ့ ။

၁၉၈၈ ဒီမိုကရေစီတိုက်ပွဲနဲ့ အခု၂၀၀ရ လူထုနဲ့ သံဃာ ဆန္ဒ တောင်းဆိုမှုပြု ကြတဲ့ ကြားမှာ အနှစ်၂၀ လောက်ကြာခဲ့ပါတယ်။ လုံလောက်တဲ့ အချိန်တခု အတွင်းမှာ ကျွန်မတို့ သာမန်ပြည်သူတွေ ဘာတွေတွေးလို့ ဘာတွေ လုပ်ကိုင်နေခဲ့ကြပါသလဲ၊နေ့စဉ်လူမှုဘ၀တွေကြားမှာ ရှင်သန်အောင်လုပ်ရင်း အချိန်တွေသာကုန်လာခဲ့ကြတယ်။ချမ်းသာတဲ့ သူတွေနဲ့ ကုန်သည်တွေကလဲ သူတို့စီးးပွားရေးအင်ပါယာ ချဲ့ ဘို့ နဲ့ကားစီးတိုက်ဆောက် ဘို့ ဗိုလ်ချုပ်တွေ နဲ့ အပေးအယူလုပ်ကြတယ်။သာမန်လက်လုပ်လက်စားနဲ့ အခြေခံ လူတန်းစားကတော့ ဆင်းရဲ ဒုက္ခတွေကြားမှာ ပညာအခြေခံမရှိလို့ အတွေးအခေါ်မရှိကြရတဲ့အထဲမှာ နအဖ ကစံနစ်တကျ အမှောင်ချထားတော့ ဘာမှမသိကြဘူး ။လူဦးရေအများစုက ဗုဒ္ဓ ဘာသာပီပီ မရှိမဲ့ ရှိမဲ့ လေးလှူဒါန်းပြီး ၁၂ ရာသီပွဲတော် လေးတွေနဲ့ ရိုးရာစဉ်လာမပျက် ဘ၀နေထိုင်မှုပုံစံလေးတွေနဲ့နေကြရရင်ဘဲကျေနပ်နေကြတာပါ။တခါတခါစဉ်းစားကြည့်မိတယ် ။ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုကိုယ် Military Rule စစ်အာဏာရှင် အောက်မှာနေကြရတာကို သာမန်လူမဆိုထားနဲ့ ပညာတတ် လူလတ်တန်းလွှာတွေတောင်သတိထားမိ ကြပုံမပေါ်ပါဘူး။တကယ်တော့ ဒါဟာမဖြစ်သင့် ပါ။

ဒါပေမဲ့ ဒီ အနှစ် ၂၀ လောက်အချိန်အတွင်းမှာ psychology warfare စိတ်ဓါတ်စစ်ဆင်ရေး ကအတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ ရှိထားတဲ့ ဗိုလ်သန်းရွှေ ကတော့ ဒီအတိုင်းမနေပါဘူး။စစ်တပ်ကို လက်ကိုင်ဒုတ်လို စေလိုရာစေနိုင်ဘို့ စနစ်တကျတိုးချဲ့ ဖွဲ့စည်း ပြီး စိတ်ဓါတ်တွေကိုလဲ သူသစ္စာခံ တပ်ဖြစ်အောင် ပုံစံသွင်းထားတာမို့ တပ်မတော်သားတွေ ဒိမိုကရေစီ ဘက်ကူးပြောင်း ဘို့ဆိုတာလဲ လက်တွေ့ မှာတော့ မဖြစ်နိုင်သေးပါ။ အစိုးရယန္တရား ရဲ့ မောင်းနှင်အားဖြစ်တဲ့ ၀န်ထမ်းတွေ ကိုလဲ ကိုင်တွယ်ရလွယ်အောင် ဝေးလံတဲ့ ဒေသ နေပြည်တော်မှာ ပြင်ကကမ္ဘာနဲ့ အဆက်ဖြတ်ထားလိုက် ပါပြီ။တော်ရုံတန်ရုံနဲ့ တော့ ၀န်ထမ်းလောကကိုထိုးဖောက်ဘို့မလွယ်ကူပါ။

အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ အရင်လိုဘဲ အမှုမဲ့ အမှတ်မဲ့ နောင်နှစ်ပေါင်း များစွာ ကြာတဲ့အထိ နေကြဦးမလား ။တနေ့တခြား ပိုပိုပြီး စားဝတ်နေရေး ကြပ်တည်းမှုနဲ့ လူချင်းမတူ သူချင်းမမျှ လူသားဂုဏ်သိက္ခာ ရယ်လို့ မရှိတော့ ဘဲ အခြေခံအကျဆုးံ အသက်ရှင်ခွင့် တောင် မရေရာတဲ့ ဘ၀တွေ နဲ့ ဘယ်အထိ လူ လူခြင်း ကျွန်ပြု အုပ်ချုပ်တာခံကြရအုံးမလဲ ။ အဖြေကတော့ ဝေးနေဆဲပါ။

အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ ဒီအတိုင်းတော့ မနေကြပါနဲ့တော့ ။ ကိုယ့်ကို ဂုတ်သွေးစုတ်နေတဲ့ မိစ္ဆာတွေကို အပြီးတိုင် မဖယ်ရှားနိုင်သေး ခင်မှာတော့ ရနိုင်သလောက် အင်အားတွေ နည်းတွေနဲ့ အခြေနေပေးးရင်ပေးသလို လှုပ်ရှားကြပါ။ ပြည်သူတွေ မအေးချမ်းသလို သူတို့ ဘ၀တွေလဲ အမြဲပူလောင်နေ စေအောင် တိုက်ပွဲပုံ သဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားကြရပါစို့်။ စားသာ စားနေရပေမဲ့ လည်ချောင်းထဲမှာ အရိုးစူးနေအောင် လုပ်တဲ့ ပုံစံမျိုးပေါ့။ ပြည်ပ က ဒီမိုရေစီလှုပ်ရှားသူများ ကလည်း ပြည်တွင်းနဲ့ အဆက်မပြတ် စေဘဲ ကမ္ဘာကို သိအောင်လုပ်ကြရမယ်။ သူလုပ်နေလို့ ငါလုပ်မှ ဆိုတာတွေလဲ မေ့ထားလိုက်ကြပါ ။ငိုတတ်တဲ့ ကလေးမှ နို့ စို့ရတာပါ။ ကိုယ့် အခွင့်အရေးကိုတိုက်ယူမှရမှာဖြစ်ပါတယ် ။

ဒီနေ့ခေတ်မှာ ကိုယ့်ပြည်သူကို ကိုယ်ချောင် ပိတ်ရိုက်လို့ ရအောင် ကမ္ဘာကြီးကမကျဉ်းမြောင်းတော့ ဘူးဆိုတာတော့ ရူးချင်ယောင် ဆောင် နေတဲ့ ဗိုလ်သန်းရွှေ မသိလို့လား။ လွတ်လပ်မှုကိုမြတ်နိုးတဲ့ ကမ္ဘာပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေ စဉ်ဆက်မပြတ်ရအောင် ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ မနေမနား ကြိုးပမ်းနေကြဘို့ အရေး ကြီးပါတယ်။

သာမန်ပြည်သူတွေ ကလဲ ခုလို သတင်းခေတ်ထဲမှာ နောက် မကျအောင် နိုးနိုကြားကြားနဲ့နေကြဘို့လိုပါတယ်။ ရနိုင်သလောက် သတင်းစု တာမျိုးသတင်းဖလှယ်တာမျိုး တွေ လဲလုပ်ကြဖို့လိုပါတယ်။

အာဏာရှင်စံနစ် ကိုတိုက်ဖျက်တဲ့ နေရာမှာ စေ့စပ်ရေးနည်း သံတမန်နည်း တွေကို အကြွင်းမဲ့ အားထားလို့မရပေမဲ့ ရေဆုံးရေဖျားအထိတော့ လိုက်ရ အုံး မှာ ဖြစ်ပါတယ်။ အချိန်တခုမှာတော့ တော်လှန်ရေးတရပ် ကိုဆင်နွှဲဘို့ ပြည်သူအားလုံး ပြင်ဆင်ကြရ မယ်လို့ ယုံကြည်မိပါကြောင်း ။

မြန်မာပြည်သူတို့ရဲ့  လွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်။

မနှင်းစု

7 comments:

AUNGAMA said...

Dear Ma Hinn Su,
I am very much appreciate your article.It tremendeously gives us politically thinking power. I think that all of ours Myanmar may need to read such kind of articles to have more sense of analytical in ours Myanmar people mindset. And aslo highlighted that "Imagination is more critical than Knowledge and also political inspiration to implemention processes. So we must have solid national PLAN to put aside Than Shwe and followers. That PLAN has to be represented UDNM(Union of Democratic New Myanmar)all people of Myanmar. "Fail to Plan, Plan to fail" Proper Panning Prevent Poor Performance (5P). No one build house without Plan as well as must have plan in reforming our country.

UDNM

Unknown said...

Dear Aung,
Thank you for your comment. I am a ordinary people and not a good writer.But I want fair and justice very much.In my opinion , We need bringing up mindset of people first. I am sad that most of Myanmar people are ignorant and do not even realize they are ruled by very oppressive military rule . I think it is important to educate them what is the tyranny and there are nations where people live under law peacefully not like us.

AUNGAMA said...

Dear Ma Hnin,

The way you thinking is on right track at present situation that get around to our national expectations. Eventually, the real strength is only in our Myanmar's people hearts and souls. So therefore what we can do so far is let them horn and polish of their national patriotic with under the guidance of fit and proper person who has to be positive,constructive,impartial, objectivity, determined and political accumen.

UDNM

danny said...

maung_k

danny said...

Dear All,

First of all, I am really appreciate and totally agree with Ma Hinn Su article including this.
On my personal point of view people need commitment for changing and they much believed in what's the objective of change and should not be give up so easily.Today I'd watch the new viedo clip from Ko kaung blog. What I am thinking also as same person who interview from clip as we need a weapon and internal people power.

Anonymous said...

1) commitment
2) change your thinking
3) control your fear
4) decide what you want first
5) planning
6) FOCUS
7) etc...
nice guys well done... I love your minds and together it should wrap up very quickly. I'm here to support you as far as possible.

Anonymous said...

網友一夜情聊天室★ 視訊美女影音★★網路視訊聊天室★★影音視訊聊天情人網★☆♀ 成人哈啦聊天室 ☆♀一夜激情網愛聊天室☆♀ 080辣妹聊天室 ☆♀網愛成人聊天室☆♀ skype網愛 ☆♀☆♀ 網愛bbs ☆♀☆♀ 激情網愛聊天 ☆♀☆♀ 網愛俱樂部 ☆♀網友一夜情聊天室ut影音視訊聊天室★視訊聊天交友★激情網愛聊天★一夜激情影音聊天室★真人視訊影音聊天★華人影音視訊聊天情人網★★台北一夜激情聊天室★★外公外婆聊天室★孤男寡女聊天室一網情深聊天室情人皇朝聊天室真愛宣言聊天室☆♀ 自拍偷拍影片 ☆♀☆♀ 影音交友 ☆♀☆♀ 一夜情影音交友 ☆♀火辣美女☆♀ 火辣美媚 ☆♀☆♀ 辣妹視訊聊天 ☆♀☆♀ 成人電影下載 ☆♀☆♀ 情色成人影片 ☆♀☆♀ 情色影片下載 ☆♀☆♀ 美女視訊聊天 ☆♀情色影音聊天☆♀ 情色視訊聊天 ☆♀成人視訊聊天※a片線上試看※sex520免費影片※※線上 aa 片試看嘟嘟※&甜心寶貝直播貼片&※免費視訊聊天室※※激情成人網愛聊天室※※線上免費a片觀看※免費 a 長片線上看※免費線上 a 電影直播※※線上免費觀看小電影※※免費色咪咪影片網※※免費檳榔西施摸奶影片※影音Live秀ez網愛聊天室♀ 找網愛聊天室 ☆☆♀ 888視訊聊天室 ☆♀♀ 真人視訊影音聊天※免費影片線上觀賞※watchshow TV情色視訊交友※s383情人視訊※※免費視訊聊天室 AV線上影城※FF-FST免費視訊聊天網※aa片免費看影片※※免費a片下載※金瓶影片交流區※Hotsee免費視訊交友聊天※美女視訊美女交友☆♀ 視訊錄影☆♀彩虹hi視訊交友網※免費觀看視訊辣妹脫衣秀※免費視訊聊天區※台灣辣妹貼圖區※1007 免費 視訊 聊天 秀成人免費視訊聊天區※視訊辣妹本人的精采照片※※免費影音視訊聊天※※0509免費 視訊聊天秀※一夜情視訊聊天室☆♀ 火辣美媚 ☆♀視訊辣妹0509免費 視訊聊天秀洪爺視訊網性感妹妹等你喔免費a片觀看線上aa片免費看免費線上a片免費A片線上下載免費AV女優-線上視訊女優王國情色遊戲女優色情自拍線上 a 電影直播免費色倩短片觀賞色美媚部落格嘟嘟免費試看短片aa 片試看激凸成人論壇綜合論壇台灣情色網小老鼠米克情色網震撼情色論壇櫻桃不夜城亞洲情色風暴論壇台灣情色咆嘯論壇kk69視訊俱樂部免費漫畫帝國洪爺sex520貼片小弟弟貼影片區美美色網貼片區一葉晴貼影片Show-LIVE影音視訊成人電影下載A片免費a片網站A片,免費a片網站免費線上a電影免費性短片欣賞免費情色影片觀賞一網情深聊天室成人貼圖片區日本av女優成人視訊聊天視訊交友聊天室偷窺視訊聊天室激情成人聊天室辣妹影音視訊免費檳榔西施摸奶影片線上 aa 片試看免費a片線上觀看免費影片下載免費sex520影片☆♀ 夜未眠成人影城 ☆♀☆♀ 辣妹影片☆♀☆♀ 潮吹影片 ☆♀☆♀ 成人聊天網 ☆♀限制級電影華人影音視訊聊天網咪咪情色貼圖論壇免費情色影片s383情色大網咖電話交友☆♀ 視訊美女觀看免費 ☆♀☆♀ 成人哈啦聊天室☆♀