Wednesday 16 January 2008

(၈) တွေ ပလူပျံလို့  စစ်အစိုးရပြုတ်ကျမည်

(မဇ္ဈိမမှာ အောက်တိုဘာ ၂၃ ရက်နေ့က တင်ထားတဲ့ ဆောင်းပါးကို ပြန်တင်လိုက်ပါတယ်။ စာရေးသူကတော့ ဇွဲမောင် ဖြစ်ပါတယ်။)

ယနေ့ အချိန်အခါမှာ ဖြစ်ပြီးသွားခဲ့တဲ့ အခြင်းအရာတွေကို ပြန်လည် သုံးသပ်ရင်း မည်သည့် နည်းလမ်း၊ နည်းဗျူဟာများ ချမှတ်၍ အချိန်တိုအတွင်း၊ မည်သို့ မည်ပုံနဲ့  ပန်းတိုင်စိုက်ထူမဲ့ ရက်ချိန်းကို သတ်မှတ်ကြရန် အချိန်ရောက်နေပြီ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခုအချိန်သည် (၈) လေးလုံး မတိုင်မီ မောင်ဖုန်းမော် သေဆုံးပြီး အချိန်ကာလနှင့် အတော် တူနေပါသည်။ မောင်ဖုန်းမော် အသတ်ခံရပြီးချိန်က စပြီး ဟိုနေရာ နည်းနည်း ဒီနေရာ နည်းနည်းနဲ့ ပျောက်ကျားဆန်ဆန် စီကနဲ ကျွက်ကနဲ လှုပ်ရှားကြရင်း (၈) လေးလုံး ရက်ကို တီးတိုးတမျိုး ကျယ်ကျယ်တဖုံ သတ်မှတ်လိုက်ကြကာ (၈-၈-၈၈) ရောက်မဲ့နေ့ ကို ရင်တဖိုဖိုနဲ့  မောင်းတင်ပြီး စောင့်နေခဲ့ကြတာ ပြည်သူအားလုံး အသိပါပဲ။တကယ့် ရက်ရောက်လို့  တကယ်ပဲ ချကြပြီဆိုတော့ ပြည်သူတွေ အကုန်လုံး လမ်းပေါ် ထွက်လာခဲ့ကြတာပဲ မဟုတ်လား။ အဲဒါ ကြောင့်လည်းပဲ မဆလနဲ့ နောက်ပါ အစိုးရ အဆက်ဆက် ရက်နဲနဲစီပဲ ကွာပြီး တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသွားတာ ယနေ့ထိ မမေ့နိုင်သေးပါဘူး။ အဲဒါ တတိုင်းပြည်လုံး တချိန်တည်း တပြိုင်တည်း ထွက်လာကြလို့နော်။

အခုလည်း မောင်ဖုန်းေးမာ် အသတ်ခံရတာထက် အဆမတန် ရင်နာစရာ ဖြစ်ခဲ့ပါပြီ၊ မြန်မာ ပြည်သူများ သာမက ကမ္ဘာ့ ပြည်သူ အပေါင်းတို့ကပါ အော့နှလုံးနာပြီး နာကျည်း ခံပြင်းချက်တွေနဲ့ အတူ ဆန့်ကျင်နေကြပါပြီ ။ ကျနော်တို့ အချိန်မဆွဲဘဲ သွေးမအေးစေဘဲ ခပ်သွက်သွက် ခပ်မြန်မြန် အဟုန်ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ဖို့ အချိန်တန်ပါပြီ။

စစ်အစိုးရရဲ့ အချိန်ဆွဲ နည်းဗျူဟာကို အားလုံးက သိပြီးသားမို့ သူတို့ ဘာပြောပြော ဘာတွေပဲလုပ်လုပ် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ယူဂျီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်လုံးကျွတ် တော်လှန်ရေး အတွက် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပြီး နေကြပြီ ဆိုတာလည်း ယုံကြည် မိပါသည် ။ သူတို့လိုပါပဲ ပါးစပ်ကလဲ ပြောပေး၊ တဖက်ကလည်း အစီအစဉ်တွေ ချမှတ်ထားရမှာပါ။ အစီအစဉ် ချမှတ်လို့  သေချာပြီ ဆိုရင် ပါးစပ်ပြောထဲမှာ ရက်ချိန်းကို ပြတ်ပြတ်သားသား ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ပြောနေလို့ ကတော့ မောင်ပြောပဲ ဖြစ်ပြီး မောရုံရှိမှာပါ။

ကျနော်လေ့လာထားသော အကြောင်းချင်းရာတစ်ခုကိုတင်ပြချင်ပါတယ်။

အဲဒီအကြောင်းကို စပြီး သတိပြုမိတာက နအဖတို့ အတင်း အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ပြည်သူတွေက ဒါဟာသက်သက် (စုကြည် ကို ကြက်ဆူ) နဲ့ ကက်ကင်း ယတြာ လုပ်တာဘဲလို့ သဘောပေါက်ပြီး တန်ပြန်ကက်ကင်း ဓါတ်အဖြစ်နဲ့  (ကြက်ဆူစိုက်- ဇီးကွက်ဆောင်) ဆိုပြီး ဇီးကွက် ရုပ်ကလေးတွေ ရင်ဘတ်မှာ ချိန်ဆွဲခဲ့ကြတာ မှတ်မိမှာပါ။ အဲဒီကတည်းက (ကြက်ဆူစိုက် နဲ့ ဇီးကွက်ဆောင်တို့) ရဲ့ (၈) ဂဏန်းတွေကို လှစ်ကနဲ သတိပြုမိခဲ့ပါတယ်။

အဲဒါနဲ့ (၈) လေးလုံး အရေးအခင်းက စပြီး ဖြစ်ပေါ်ခဲ့တဲ့ (၈)တွေနဲ့ ဆက်စပ်ပြီး (၈) အကြောင်းတွေ တွေးမိ ရာက (၈)တွေ တသီကြီး ဖြစ်ပေါ်နေတာကို မြင်တွေ့ရပါတော့တယ်။ အဲဒီကနေ တဆင့်ကျော်ပြီး ယထာဘူတကျကျ ဆက်စဉ်းစား လိုက်ပြန်တော့လဲ အောက်ပါအတိုင်း (၈) ဂဏန်းတွေနဲ့ နိုင်ငံ့အရေးတွေ ဆက်စပ် ပါတ်သက်နေတာကို ကွင်းဆက် တွေ့မြင်မိပါတယ် ။

တကယ်တော့ မည်သည့် တိုင်းပြည်တွင်မဆို (ပြည်သူလူထု) နဲ့ (အစိုးရ) နဲ့ (အာဏာ) တို့ ဟာ ကွင်းဆက်သဖွယ် ဆက်စပ်လျက် ရှိပါတယ်။ အမှန်စင်စစ် (အာဏာ) ဆိုတာကို (ပြည်သူလူထု)က ပိုင်ဆိုင်တာပါ။ (ပြည်သူလူထု)က (အစိုးရ)အဖွဲ့ ဖွဲ့ပေးပြီး အဲဒီ (အစိုးရ) လက်ထဲ (အာဏာ)ကို အပ်နှင်းခဲ့တာဘဲ မဟုတ်လား။ အဲဒီမှာ ကြည့်လိုက်ရင် (ပြည်သူလူထု) ဆိုတာ (၅+၆+၈+၇=၂၆=၈)၊ (အာဏာ) ဆိုတာ (၁ +၇=၈)၊ (အစိုးရ) ဆိုတာ(၁+၃+၄=၈) အဲဒီလို တွေ့ရပါတယ်။

အဲဒါကြောင့် (ပြည်သူလူထု) ဆိုတဲ့ (၈) က အားသန်လွန်းရင် (အစိုးရ) ဆိုတဲ့ (၈) ဟာအပြောင်းအလဲတွေ မကြာခဏ ဖြစ်ကြရပါတယ်။ (အစိုးရ) ဆိုတဲ့ (၈) က အားသန်ပြန်ရင်လဲ (ပြည်သူလူထု) ဆိုတဲ့ (၈)က အနှိပ်စက် ခံကြရပြန်ပါရော။ ပြည်သူကရွေးကောက် တင်မြှောက်ထားထား၊ မဟား ဒယား အတင်းဝင်လု ထားတာဘဲ ဖြစ်ဖြစ် (အစိုးရ) အလုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ (အစိုးရ)ပဲ ဖြစ်ပါတယ်။

(အစိုးရ) ဆိုတဲ့ အဖွဲ့အစည်းဝင် လူတွေဟာ ငါတို့ဟာ(ပြည်သူလူထု) ထဲက တဦး ဖြစ်တယ်လို့  မှန်မှန်ကန်ကန်နဲ့ ရိုးသားစွာ ခံယူနိုင်မှလည်း (ပြည်သူလူထု)နဲ့ တသားတည်း ဖြစ်ပြီး (ပြည်သူလူထု)နဲ့  (အစိုးရ) ချိန်ခွင်လျှာ မျှနေမှာ ဖြစ်ပါတယ်။

(ပြည်သူလူထု) နဲ့ (အစိုးရ) တို့ အင်အား မျှနေတဲ့ တိုင်းပြည်တွေမှာ (အာဏာ) ဆိုတာ ခိုင်မြဲ တည်ငြိမ်မှုရှိပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာ ဝပြောလျက် ရှိကြတာကို တွေ့ ကြရမှာပါ။ ဆိုလိုချင်တာက (၈) ဂဏန်းဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ကြောင်းပြောပြချင်တာပါ။

အခု ကျနော် တင်ပြမယ့်(၈) ဋီကာ ဟာ သင်္ချာပညာ၊ ဝေဒပညာတွေနဲ့ မပါတ်သက်ဘူး ဆိုတာ ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒီ ပညာရပ်တွေကို မကျွှမ်းကျင်တာမို့လို့ပါ။ သက်ဆိုင်ရာ ပညာရှင်များက ဒီလို-ဒီလို ပါတ်သက်ပါတယ်လို့ တင်ပြလာရင်တော့ အတိုင်းထက် အလွန်
ဝမ်းမြောက် ကျေနပ် လက်ခံရမှာပါ။ ပြည်သူတွေမှာလည်း ပိုပြီး အားရှိသွားတာပေါ့။

(၈) ဂဏန်းမှာ ဆွဲအား အစွန်းနှစ်ဖက် ရှိပါတယ်။ (သည်းခံ)ခြင်းနဲ့ (အိပ်မောကျ) ခြင်းတို့ဟာ (၈) ဂဏန်းရဲ့ အနှုတ် လက္ခဏာ ဆောင်တဲ့ အစွန်းဖြစ်ပြီး (ဝိရိယအား) ကတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အစွန်းတစ်ဖက်ပါ။ (ဝီရိယ) မှာ (အား) ထည့်ပေါင်းခြင်းက (၈) ဖြစ်အောင် အတင်းယူထားခြင်း မဟုတ်ပါဘူး။ ဝီရိယဆိုတဲ့ အားထုတ်မှုမှာ အားနည်းမှု၊ မျှတမှုနဲ့ အားကြီးမှု သုံးဆင့် ရှိပါတယ်။ အားနည်း လွန်းနေရင် ဟန်ပြ ဝီရိယ ဖြစ်ပြီး အကျိုးရလာဒ်မှာ မရေရာပါ။ အားကြီး လွန်းအားရင်လည်း လိုချင်တဲ့ အကျိုး ရလာဒ်နဲ့ လွဲတတ်ပါတယ်။ အလယ်အလတ်အား မျှတနေမှ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာ ဖြစ်ပါတယ်။

(ပြည်သူလူထု) ဖက်က (သည်းခံ) ခြင်းနဲ့ (အိပ်မောကျ) ခြင်း လွန်ကဲသွားရင် (အစိုးရ)က (ပြည်သူလူထု)ကို နှိပ်စက် အနိုင်ကျင့် တတ်ပါတယ်။

(ပြည်သူလူထု)ဖက်က (ဝီရိယအား) များလွန်းရင် (အစိုးရ)ဟာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပလ္လင်ပေါ်က ဆင်းပေးရတဲ့အထိ ဖြစ်သွားရမှာပါ။ ဘုရားရှင်တော်မြတ်နဲ့ ရဟန္တာတွေတောင်မှ မဂ္ဂင်(၈)ပါးနဲ့ ကင်းပြီး ပွင့်ထွန်း ဖြစ်ပေါ်လာရိုး မရှိပါ။

(၈) သည် မြတ်သော အလုပ်တရား ဖြစ်ပြီး (၉)ဂ ဏန်းသည် အကျိုးရလာဒ်သာ ဖြစ်ပါသည်။ ဒါ့ကြောင့် (၉) ဂဏန်းကိုင် နေဝင်း အစိုးရသည် (၈) ဂဏန်း ပိုင်ရှင်(ပြည်သူလူထု)၏ (ဝီရိယအား) အောက်တွင် လက်မြှောက် အရှုံးပေးခဲ့ရတာ အထင်အရှား အများအသိပင် ဖြစ်ပါသည်။

ယခု (ပြည်သူလူထု)ဖက်မှ (၈) ဂဏန်း အားတွေ အလွန် အားကောင်းနေတာကို တင်ပြလိုပါတယ်။

ဤခုလို ပြည်သူလူထုဖက်က (၈) အားတွေ ကောင်းနေတုန်း ဝီရိယအား ပြင်းပြင်းနဲ့  စစ်အစိုးရကို ဖြုတ်ချပြီး မိမိတို့ စိတ်ကြိုက် အစိုးရကို ရွေးကောက် တင်မြှောက်ရပါမယ်၊ ပြီးရင်တော့ အိပ်မောကျခြင်းမှ နိုးထ၍ သည်းခံခြင်း တရားကို စံနစ်တကျ သုံးစွဲကြခြင်းဖြင့် သာယာ ဝပြောသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရအောင်ပါ။

ကြည့်လိုက်ကြစမ်းပါ၊ ဘယ်လောက်လှတဲ့ (၈) တွေလည်း ဆိုတာ ။

ဒီ (၈) တွေကို စောင့်ကြည့်နေခဲ့တာ ကြာပြီ။

ကဲ အခုတော့ ကျကျ နန သန်သန်မာမာ စွမ်းအားကောင်းကောင်းနဲ့ ပေါ်ထွန်းလာတာ တွေ့ရပါပြီ။ စခဲ့တာက လွန်ခဲ့တဲ့ (၈) လေးလုံး ကာလ ကတည်းကပါ ။ အဲဒီ (၈) ရဲ့ အရှိန်အဝါက သေမသွားပါဘူး၊ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ခေတ္တခဏ မှေးမှိန် သွားလိုက်တာဘဲ ရှိတာပါ ။

ဟော ရုတ်ခြည်း ဆိုသလိုဘဲ ဟုန်းကနဲ ထတောက်လိုက်တယ်။ အဲဒါကတော့ ဓါတ်ဆီဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ၊ ကားခတွေ တက်လာတဲ့အတွက် (၈၈) မျိုးဆက် ကျောင်းသားများက (စီတန်း လမ်းလျှောက်) (ဆန္ဒပြကြ) တဲ့ အဖြစ်ပါဘဲ။

ကျောင်းသားဆိုတာ (ကျား၊မ မခွဲခြားဘဲ သုံးရတဲ့ အသုံးအနှုန်းပါ)

(၈၈) မျိုးဆက်ကျောင်းသားတွေက သူတို့ကိုယ်ကို သူတို့ ဒီလို အမည်နာမ ပေးလိုက်တာဟာ (၈) ဂဏန်းရဲ့ ခွန်အားတွေ ဖြစ်သွားတယ် ဆိုတာ အမှုမဲ့ အမှတ်မဲ့ နဲ့ မသိလိုက်ဘူး။

ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။

(၈၈)--(၈) နှစ်လုံး

မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့

ကျောင်းသား (၂+၆) (၈) တစ်လုံး

ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။

စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။

ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)

ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။

နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။

(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။

ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။

ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။

ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊

အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။

ကြည့်လေ ပခုက္ကူ (၅+၂+၂= ၉)။ ဒါ့ကြောင့် ပခုက္ကူ သံဃာ ဆိုရင် (၉+၈= ၁၇=၈)

ဟော သံဃာ (၈) တလုံးဟာ ထူးခြားတဲ့ ဝိသေသန ဆောင်တဲ့ (၈) ဖြစ်သွားရော။ ဝိသေသန ဖြစ်ပြီ ဆိုမှတော့ ထူးခြားတဲ့ အခြင်းအရာတွေကို ဖန်တီး ဖြစ်ပေါ်စေတော့မယ့် အတိတ်ကောင်း နိမိတ်ကောင်းတွေဘဲ ဆိုတာ နားလည် သိရှိ သဘောပေါက်ကြရမှာပါ။ သံဃာတော်တွေက ဘာလုပ်ကြသလဲ။ စီတန်းလှည့်လည် မေတ္တာပို့  ဆန္ဒပြကြတာဘဲ။

သဘောပေါက်လောက်ပြီ ထင်ပါတယ် ။

စီတန်းလှည့်လည် (၃+၇+၈+၈=၂၆= ၈) (၈) တစ်လုံး

မေတ္တာပို့  (၅+၇+၅=၁၇= ၈) (၈) တစ်လုံး

ဆန္ဒပြကြ (၃+၇+၅+၂= ၁၇=၈) (၈) တစ်လုံး

အဲဒီ (၈)တွေက အတင်း ဖန်တီးထားတာတွေ မဟုတ်ပါဘူး။ သူ့အကြောင်းတရားနဲ့ သူ အလိုအလျောက ဖြစ်ပေါ်လာကြတာပါ။ ဒါ့ကြောင့်လဲ ခွန်းအားတွေ တအား ကြီးမားသွားတာပေါ့ လုပ်ရပ်တွေကကော မေတ္တာ ပို့ကြတာလေ။ ဘယ်လောက် မွန်မြတ်သလဲလို့။

မပြီးသေးဘူးလေ။ ဆက်ပြောပါအုန်းမယ်။

ပတ္ထနိက္ကုဇ္ဇန ကံဆောင်တဲ့နေ့လေ။ နအဖကို ရက်ချိန်း ပေးထားတာက (၁၇) ရက်နေ့၊ မလိုက်လျောရင် နောက်တနေ့ (၁၈) ရက်နေ့ ကံဆောင်မယ်ဆိုပြီး ကြေငြာထားတယ်။ တကယ့် တကယ်ကျတော့ (၁၇) ရက်နေ့ မှာပဲ စပြီးတော့ ကမ္မဝါစာ ရွတ်ပြီး ကံဆောင် တော်မူကြတော့တယ်။ ရေးရင်းနဲ့တောင် ကြက်သီးတွေထ လာတယ်။ အဲဒီမှာလည်း (၈) တလုံး သံဃာတော်များ ပရိတ်ရွတ် ကြွတော်မူရာ လမ်းတလျှောက်မှာ ကျောင်းသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး စောင့်ရှောက် လိုက်ပါလာကြတာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ။

(၈) ရဲ့ အားတွေကို ထိုင်စောင့်ပြီး ကြည့်နေတဲ့ ကျနော်ကတော့ လက်ခမောင်းတချက် ထပြီး ခတ်မိတော့တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များလည်း လည်မိပါရဲ့။ (၈) တလုံး ထပ်တိုးလာပြန်ပြီ။

(သံဃာ) (ကျောင်းသား) ဖြစ်လာပြီလေ ။

ကျနော် ထပ်မျှော်နေမိတဲ့ အင်အား အကြီးမားဆုံးသော (၈) တလုံးကို စောင့်မျှော် နေခဲ့မိပါတယ်။

တကယ်တော့ (သံဃာ) (ကျောင်းသား) အားလုံးဟာ (ပြည်သူလူထု)ထဲက ပြည်သူတွေဘဲ ဖြစ်ပါတယ်။ သံသရာအတွက် အားထားရာ အဖြစ်နဲ့ ဆည်းကပ် ကိုးကွယ်နေရတဲ့ ဆရာ ရတနာနဲ့ အနာဂါတ် တိုင်းပြည်အတွက် အားကိုးရဖို့ ထောက်ပံ့ ပြုစု ပျိုးထောင်နေရတဲ့ သားသမီးရတနာတွေပါ သူတို့ကို ပြုစု စောင့်ရှောက်နေကြတဲ့ (ပြည်သူလူထု) ဆင်းရဲဒုက္ခ ရောက်နေကြတာကို မကြည့်ရက်တော့လို့  ဆရာ သံဃာတော်များက ဦးဆောင်ပြီး သားသမီးများပါ ရဲရဲတောက် ပါဝင်နေကြတဲ့ အရေးမှာ အမိအဖသဖွယ် ဖြစ်သော (ပြည်သူလူထု) ဆိုသော ထိပ်တန်း (၈) တလုံး နိုင်ငံအဝှမ်း ဝုန်းကနဲ ပါလာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝအမောတွေ ပြေလည် ချမ်းမြေ့ ကြရပါတော့မယ် ဆိုတာကို မျှော်လင့် စောင့်စားခဲ့မိပါတယ်။

(သံဃာ) တော်များရဲ့ လှုပ်ရှားမှုကို (ရွှေဝါရောင် တော်လှန်ရေး) လို့ အမည် တပ်တာ တွေ့လိုက်ရပြန်တော့ စွေ့ကနဲ ခုန်မတတ် ဝမ်းသာ လိုက်ရပါသေးတယ်။ ကြည့်လေ (၄+၈+၄+၇+၈+၄=၃၅=၈)ပေါ့၊

ကျနော်တို့ တကွက် နောက်ကျ သွားသလား။ မဟုတ်ပါဘူး။ အချိန်အခါ နည်းနည်းလေး လိုနေသေးလို့ပါ။ သင်ခန်းစာ ယူစရာ ရှိတာတွေကို ယူပြီး (၈) အင်အားတွေ ထပ်မံ တိုးပွားအောင် ပြင်ဆင်ကြရင်း (၈) အောင်ပွဲ ရက်တစ်ရက်ကို အရောက်သွားကြဖို့ပါဘဲ ။

ကျနော်တို့ရဲ့ တိုက်ပွဲကို (ဝါ-စိမ်း-ဖြူ တော်လှန်ရေး)လို့ အမည်ပေးရင် (၈) တလုံး ထပ်ပွားလာပါပြီ။ (၈+၃+၅+၇+၈+၄=၃၅=၈)။ ရွှေဝါရောင် တော်လှန်ရေးရဲ့ အဆက် ဝါစိမ်းဖြူ တော်လှန်ရေးပေါ့။

အဝါရောင် က သံဃာတော် အရှင်မြတ်များကို ရည်ညွှန်းပါတယ်။

အစိမ်းရောင် ကတော့ ကျောင်းသားများကို ရည်ညွှန်းပါတယ်။ (ပြည်သူ့ဖက်သား တပ်မတော်သားများ ပါလာရင်လည်း အကျုံးဝင်သွားတာပါပဲ)

အဖြူရောင် ကတော့ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုပါတယ်။ တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ သက်တန့် ၇ ရောင်ပေါင်းဟာ အဖြူရောင် တခုထဲကိုသာ ကိုယ်စားပြုသလိုမျိုးပေါ့။ အဲဒီ (ဝါ-စိမ်း-ဖြူ တော်လှန်ရေး) အောက်မှာ နည်းဗျူဟာများ မဟာဗျူဟာများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများက ရေးဆွဲ၍ ရေတို အချိန်အတွင်း အကောင်အထည် ဖေါ်ကြရန် ဖြစ်ပါသည်။

ပြည်သူများဖက်မှ (၈) တွေ ဖြစ်နိုင်သမျှ များနေအောင် လုပ်ကြပါ၊ နံရံတွေမှာ (၈) တွေ ရေးကြပါ။

အိမ်မှာနေသူ လူကြီးများကလည်း မဂ္ဂင်(၈)ပါး ပုတီးစိတ်များ ပွားများပေးပါ။ ပုတီးနှစ်ပါတ်ပြည့်လျှင် မဂ္ဂင် (၈) ပါး (၂၆) ခေါက် ပြည့်ပါမည်၊ ပထမ တပါတ်တွင် ပုတီး (၄) လုံး အပို နှင့် ဒုတိယ အပါတ်ပုတီး (၄) လုံး အပို ပေါင်း အပို ပုတီး(၈)လုံးကို ဗုဒ္ဓရှင်တော်မြတ်၏ နံပါတ် (၈) ဂုဏ်တော် ဖြစ်သော (ဗုဒ္ဓေါ) ဂုဏ်တော်ကို (သောဘဂဝါ ဣတိပိဗုဒ္ဓေါ)ဟု စိပ်ပြီး ဖြည့်ရန် ဖြစ်ပါသည်။ သို့မဟုတ် ပုတီးစိတ် မှားမည် စိုးပါက ပထမ (၈) လုံးနဲ့ စပြီး ပွားနိုင်ပါသည်။

ပထမအကြိမ် (၈) တွေတုန်းက မပြီးပြတ်သော တာဝန်သည် ယခု(၈) အချိန်တွင် အပြီးပြတ်မည်ဖြစ်ကြောင်း ပုတီးစိတ် (၂) ပါတ်က ညွှန်ပြပါသည်။ သွားရင်းလာရင်း (၉) လုံး ပုတီးဖြင့် ပုတီး စိတ်လိုပါကလည်း ဗုဒ္ဓေါ ဂုဏ်တော် တလုံးနှင့် မဂ္ဂင်(၈)ပါး တပါးတလုံးစီ စိတ်နိုင်ပါကြောင်း။

ဈေးရောင်းဝယ်ကြရာတွင်လည်း (၈) ဂဏန်း တန်ဖိုးများကိုသာ ဈေးနှုန်း သတ်မှတ် ရောင်းဝယ်ကြပါ။ ဘတ်စကား မှတ်တိုင်တွင်လည်း (၈) ယောက်တတွဲ စောင့်ကြပါ။ ဘတ်စ်ကားပေါ် ဘယ်နှစ်ယောက်ပဲ တက်သွားသွား၊ ကျန်သူများက (၈)ယောက်တတွဲ ဖြစ်အောင်အမြဲ ဖြည့်ကြပါ။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင်လည်း (၈) ယောက်တစ်ခုံ ထိုင်ပြီး စားသောက်ကြပါ။ မိုးပျံ ဘောလုံးများပေါ်တွင် (၈) ဂဏန်းများ ရေးပြီး လွှတ်နိုင်ပါသည်။

(၈) အားတွေ ဖြည့်ဆည်းရင်း ပြည်သူများကလည်း အသံတိတ် တဦးနဲ့ တဦး အားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ခံယူ ထားကြစေချင်ပါတယ်။ ပြည်သူအားလုံးက မိမိတို့ စိတ်ကူး ရသလောက် ပြည်သူဖက်မှ (၈)တွေ များနိုင်သမျှ များအောင် ပွားပေးကြစေလိုပါတယ်။

ဘာယတြာမှ သူတို့ကို မကယ်နိုင်တော့ဘူးဆိုတာ ပြည်သူလူထု အားလုံး သိထားစေချင်ကြောင်းပါ။


သာသနာ့အလံ
ဒေါင်းအလံတို့ 
ဝေယံပျံဝဲ
ဒို့ အောင်ပွဲသည်
မလွဲသေချာ
ဆိုက်ရောက်မှာမို့ 
ငါတို့ ပြည်ရွာ
ပြည်မြန်မာသည်
ရောင်ဝါနေသို့ ထွန်းပါပြီ ။
နောင်ခါအသရေမချို့ ကျွန်းဌာနီ ။
ဇွဲမောင်
မှတ်ချက်။

ရ နှင့် ယ သည် ဗုဒ္ဓဟူး (၄) ကို ကိုယ်စား ပြုပါသည်။

လ နှင့် ဝ သည် ရာဟု (၈) ကို ကိုယ်စား ပြုပါသည်။

1 comment:

Anonymous said...

影音視訊聊天室ut聊天聯盟電愛聊天室琉璃仙境聊天室080苗栗聊天室sm聊天室桃園聊天室一夜情援交聊天室情色皇朝聊天室愛情紅綠燈視訊網愛交流區哈啦聊天室免費正妹視訊熱舞秀買春視訊視訊網愛聊天室蠻女都會男女視訊聊天室妹妹影音視訊聊天室即時通視訊女郎視訊館上班族1對1視訊視訊美女館主播情人視訊辣妹妹影音視訊聊天室激情網愛聊天免費UT視訊交友亞洲情色視訊交友s383情人視訊甜心寶貝直播免費aa片試看sex520免費影片免費自拍情色電影偷窺大本營台灣妹妹情色貼圖gir貼圖下載區激情成人網愛聊天室檳榔西施自拍照片寶貝馬子貼圖網金瓶梅貼圖007成人網情色貼圖台灣無限貼圖區美女工廠貼圖區無名辣妹自拍自拍偷窺貼圖區亞洲超人氣情色貼圖歐美街頭自拍苗栗人聊天室特兒素人自拍貼圖八國聯軍成人自拍貼圖區ㄧ葉晴成人貼圖片區唯我獨尊成人貼圖片區愛愛成人貼圖片區香港護士自拍貼圖區成人美少女自拍貼圖淫蕩天使情色網小魔女自摸自拍自拍做愛貼圖一夜情聊天室104自拍美女貼圖本土自拍寫真情色典獄長天使情色貼圖女孩自拍淫蕩天使情色貼圖成人貼圖站激情自拍館網友自拍,真實自拍貼圖成人自拍,網友自拍自拍盜攝館愛情公寓聊天室高雄一夜情聊天室學生族視訊BT成人論壇月光情色論壇愛情花園聊天室Girl美女視訊聊天室嗆辣妹影音視訊聊天室臺灣情色論壇香草蜜糖情色網水都情色論壇sm聊天室玫瑰公爵成人論壇洪爺情色論壇淫美成人論壇舞之心情色論壇辛辣論壇,東東成人論壇櫻桃不夜城情色論壇私密論壇激情網愛聊天-成人視訊聊天室優質辣妹影音視訊聊天室禁忌挑逗激情聊天室123上班族聊天室台北一夜激情聊天室dodo成人聊天室影音視訊聊天情人網辣妹影音視訊聊天室我愛78論壇素人自拍短片免費視訊辣妹脫衣互動秀視訊聊天交友免費視訊優女聊天室成人網愛聊天室080中部人聊天室及時通視訊美女美女影音聊天室免費視訊辣妹免費視訊辣妹脫衣秀TV視訊聊天室成人視訊交友天地豆豆聊天真實大奶美女視訊真人美女線上視訊