Thursday 17 January 2008

ပြောင်းလဲ ရမည် မြန်မာပြည်

ဒီနှစ် ၂၀၀၈ သည် နအဖအတွက် နောက်ဆုံး အပြောင်းအလဲ လုပ်ရန်နှင့် အပြောင်းအလဲ ဖြစ်ရန် နှစ်တနှစ် ဖြစ်ကြောင်း မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း သိရှိခံစားမိနေပါတယ်လို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။

နအဖက ကိုယ်တိုင် စစ်မှန်တဲ့ အပြောင်းအလဲ လုပ်မလား၊ ပြည်သူက သူတို့ကို ပြောင်းလဲပေးတာကို ခံမလား အဲဒါကိုတော့ နအဖအဖွဲ့ဝင်တွေနဲ့ မိမိကိုယ်ကို နိုင်ငံတော်လို့ ခေါ်ဝေါ်နေသော ပုဂ္ဂိုလ်ကြီးတွေ ဖြေရမယ့် အဖြေပါပဲ။

ဘာကြောင့် ဒီလို ပြောနိုင်ပါသလဲ။ အောက်ပါ အချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
  • လူတွေ ယုံကြည်တတ်ကြတဲ့ ဗေဒင်၊ နက္ခတ္တာရာ၊ ယတြာ၊ အတိတ်နိမိတ်
  • ပြည်သူလူထု၏ ယုံကြည်ချက်
  • ပြည်တွင်းက တတ်ကြွလှုပ်ရှားမှုများ
  • ဗုဒ္ဓဘာသာနဲ့ သံဃာတော်များ
  • မြန်မာနိုင်ငံရဲ့ စီးပွားရေး
  • တပ်မတော်သားတွေရဲ့ ခံစားမှု
  • ကမ္ဘာ့ အုပ်ချုပ်မှု စနစ်ရေစီးကြောင်း
  • ပြည်ပလှုပ်ရှားသူများ၏ အခန်းကဏ္ဍ
  • အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် နိုင်ငံတကာဖိအား
  • မီဒီယာ အခန်းကဏ္ဍ
တို့ ဖြစ်ပါတယ်။

လူတွေ ယုံကြည်တတ်ကြတဲ့ ဗေဒင်၊ နက္ခတ္တာရာ၊ ယတြာ၊ အတိတ်နိမိတ်

ဗေဒင်တွေ၊ ယတြာတွေ၊ အတိတ် နိမိတ်တွေ ကောက်ပြီး လာပြောနေတာလားလို့ မေးချင်သူတွေ ရှိလာနိုင်ပါတယ်။ ဟုတ်ကဲ့ ....... ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ် တွေကလည်း ပြောနေကြတာ နားနဲ့ မဆန့်အောင် ကြားနေရတာပါပဲ။ တိုင်းပြည်က ဒီနှစ် မကုန်ခင် အပြောင်းအလဲ ဖြစ်မယ်၊ စစ်အာဏာရှင် စနစ် တိုင်းပြည်ထဲကနေ ၂၀၀၈ မကုန်ခင် ပျက်သုဉ်းမယ်၊ ပြည်သူတွေ အနိုင်ရမယ် .... အစရှိတာတွေကို ကြားနေရပါတယ်။

၂၀၀၈ နှစ်သစ် စလိုက်တာနဲ့ BBC သတင်းဌာနက ထုတ်လွင့်သွားတဲ့ အစီအစဉ်မှာ ပညာရှင်တွေနဲ့ ပြောသွားရာမှာလည်း ဘယ်သူကမှ ၂၀၀၈မှာ အာဏာရှင်စနစ် မကျနိုင်သေးဘူးဆိုတာ ပြောမသွားပါဘူး။ အခြား နီးစပ်ရာ ပညာရှင်တွေ၊ အရပ်ထဲက ဗေဒင် ပညာ လိုက်စားသူတွေကလည်း ပြောလိုက်ကြတာ အာဏာရှင်တွေ နိဂုံး ဆိုတာ တဖွဖွ ပြောနေကြပါတယ်။

ဒါတွေကတော့ နအဖ ကတော်တွေ၊ နအဖ လူကြီးတွေ အသေအလဲ ယုံကြည်နေကြတဲ့ ရှေ့ ဖြစ် ပြောဆိုကြတဲ့ လူတွေနဲ့ သဘာဝလွန် စွမ်းအားတွေ အကြောင်းပါပဲ။ ဒီနေရာမှာ လူရီစရာ တစ်ခု ပြောပြချင်ပါတယ်။ အရင်ကပေါ့ ...... နအဖ ၀န်ကြီးဌာနက လူတွေ ရွှေတိဂုံ ဘုရားခြေရင်းက သူတို့ ဆောက်ထားတဲ့ ဓမ္မာရုံတွေမှာ အလှူလုပ်ကြတယ်ဆို လှူလိုက်ကြတာ ဘာတွေလဲ..... ၊ .. ကြာဇံကြော်တဲ့ ... ကြာဇံချက် ... တဲ့။ ကြာကြာစံရအောင် နိမိတ်ယူတယ် ဆိုပဲ။ သူတို့ အိမ်တွေမှာ အလှူလုပ်လည်း ထို့အတူပါပဲ။ အလှူ လုပ်ချင်တာလား သူတို့ ကြာကြာစံချင်တာလား မသိ။ စိတ်ဓါတ်ရေးရာအရဆိုရင်ဖြင့် သူတို့တွေဟာ မတည်မြဲတဲ့ ရာထူး၊ မထိုက်တန်တဲ့ ရာထူးနေရာကို ရယူထားကြတယ်ဆိုတာ ပြနေတာပါပဲ။

သူတို့က NLD ကို ပြန်စွပ်စွဲတော့ NLD က အာဏာကို လိုချင်နေတယ်ပြောတယ်။ ဖြတ်လမ်းက ရယူဖို့ ကြိုးစားတယ် ပြောတယ်။ တကယ် အာဏာကို ဖြတ်လမ်းက ရယူပြီး၊ အာဏာကို ဆက်လက်လိုချင်နေတာ နအဖ လူကြီးတွေနဲ့ သူတို့ ကတော်တွေပဲ ဖြစ်ပါတယ်။ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။

ဟာသတွေထဲကလို ...... နယ် မပြောင်းချင်လို့ ဗေဒင်ဆရာက ပြောတဲ့ ယကြာအတိုင်း ပြောင်းဖူးကို ဘုရားမှာ ဆွမ်းကပ်ခိုင်းလိုက်တာ၊ ပြောင်းဖူးကို ပြုတ်ပြီး ကပ်လိုက်လို့ မပြောင်းရဘဲ အလုပ်ပါ ပြုတ်သွားသလိုအဖြစ်မျိုး ကြုံရသလို ဖြစ်နေဦးမယ်။

NLD က အာဏာ ရယူဖို့ နိုင်ငံရေး ပါတီဖွဲ့ထားတာပါ။ သူ့ ရည်ရွယ်ချက်ကိုက တိုင်းပြည်အုပ်ချုပ်ဖို့ ရည်ရွယ်ချက်ပါ။ ဒီတော့ NLD က အာဏာရယူလိုတယ်လို့ ရှုံ့ချပြောနေတာ လူရီစရာပါပဲ။ နအဖ လူကြီးတွေကသာ စစ်သားလုပ်ပြီး တိုင်းပြည်အာဏာကို ဖြတ်လမ်းက ရယူထားတာ။ သူခိုးက လူကို ပြန်စွပ်ဆွဲနေတာပါပဲ။ နအဖ အဖွဲ့ကို အဓိက run နေတဲ့ သန်းရွှေ၊ ကျော်ဆန်း၊ အောင်သောင်း၊ မောင်သောင်း၊ ခင်ရီ တို့က စပြီး နအဖ အဖွဲ့ဝင် လူတွေဟာ မွေးကတည်းက ရှက်တယ်ဆိုတဲ့ စကားလုံးကို တခါမှ ကြားဖူးခဲ့ပုံ မပေါ်ပါဘူး။ ရှက်ကို မရှက်တတ်တဲ့ လူတွေပါပဲ။ တပ်မတော်ကတော့ သနားစရာပါ။ အဲဒီ အရှက်မရှိတဲ့ လူတွေ လက်ထဲမှာ အသုံးခံနေရလို့ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ၂၀၀၈ မှာ အာဏာရှင် နအဖ မြန်မာနိုင်ငံထဲက ကွယ်ပျောက်သွားမယ်ဆိုတာကို ဗေဒင် အလိုအရ ယုံတဲ့ သူတွေဟာ မြန်မာလူမျိုးတွေထဲမှာ မနည်းပါဘူး။ တပ်မတော်ထဲမှာတောင် အဆိုပါ အယူကို ယုံကြည်သူတွေ များလာပါတယ်။

ပြည်သူလူထု၏ ယုံကြည်ချက်

ပြည်သူတွေရဲ့ ယုံကြည်ချက် စိတ်ဓါတ်ရေးရာပိုင်းမှာရော ဘာတွေ ပြောနေကြသလဲ။ ပထမဦးဆုံးအနေနဲ့ ရာခိုင်းနှုန်းအတော်များတဲ့ သာမန်(သူတို့နဲ့ ပေါင်းစားနေတဲ့ လူတွေအပါအ၀င်) ပြည်သူတွေက နအဖကို အစိုးရလို့ လုံးဝ(လုံးဝ) ကို မသတ်မှတ်ပါဘူး။ တိုင်းပြည်တပြည်ရဲ့ အစိုးရလို့ သတ်မှတ်ခံရတာဟာ ပြည်သူက သတ်မှတ်မှ ရတာပါ။ အခုက သူတို့ကို ဒမြဂိုဏ်းလို့သာ ပြည်သူတွေက သတ်မှတ်ထားတဲ့ အဆင့်ပါပဲ။

ဘာမှ နိုင်ငံရေးအကြောင်းကို မသိတဲ့ ပြည်သူတစ်ယောက်ကတောင် ဘုန်းကြီးနဲ့ သာသနာကို စော်ကားတဲ့ နအဖ ကြာကြာမခံဘူးလို့ ယုံကြည်နေပါတယ်။ ၂၀၀၈ အတွင်းမှာပဲ ပြောင်းလဲမှာပါလို့ ပြောနေပါတယ်။ တိုင်းပြည်မှာ အာဏာရှင် နအဖတွေ ဘ၀ပျက်ပြီး နောက်ဆုံးနေ့ကို ရောက်လာရမှလို့ ယုံကြည်သူတွေ ဒုနဲ့ဒေးပါ။ ဆူဟာတိုလို ဥပမာမျိုးကို သန်းရွှေရဲ့ နောက်ဆုံးရက်တွေမှာ ကြုံတွေ့ရမှာလို့ လူတိုင်းကပြောနေပါတယ်။ (ရန်ရန်ချင်း မတုံ့နှင်းဘဲ သန်းရွှေကို ဆက်ဒမ် ဟူစိန်လို ခပ်လွယ်လွယ် ရောဂါ မခံစားရတဲ့ ကြိုးပေးဖို့ မသင့်၊ ထောင်ထဲမှာ (ဒါမှမဟုတ်) သူ့အိမ်မှာပဲ နောက်ဆုံးနေရက်တွေကို ကုန်ဆုံးပါလေ့စေလို့ ပြည်သူတွေက တောင်းဆိုနေပါတယ်။) ဆူဟာတိုထက် ဆိုးဝါးတဲ့ ဒုက္ခကို သူ့ဘာသာ သန်းရွှေခံရမှာ မလွဲဘူးလို့ ယုံကြည့်နေကြတာပါ။

တိုင်းပြည်ဟာလဲ ပြည်သူ့လက်ထဲ အာဏာ ပြန်ရောက် လာရမယ်၊ တချိန်က ချမ်းသာခဲ့သလိုမျိုး ပြန်ဖြစ်မယ်လို့ တထစ်ချယုံကြည့်နေကြပါတယ်။ ဒါကတော့ သာမန် နိုင်ငံရေး နားမလည်တဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ယုံကြည်နေကြတာပါ။

ပြည်တွင်းက တတ်ကြွလှုပ်ရှားမှုများ

ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းပြည်အာဏာကို ပြည်သူ့လက်ထဲ ပြန်လည် ရရှိပြီး၊ တိုင်းပြည်ကောင်းစားတာ မြင်လိုတဲ့ သူရဲကောင်းတွေဟာ အသက်တွေ၊ ဘ၀တွေကို စတေးပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ပြီးပါပြီ။ မသေသေးတဲ့ လူတွေကလည်း ဆက်လက်ပြီး တိုင်းပြည်အတွက် ပေးဆပ်ပြီး အလုပ် လုပ်နေကြဆဲပါ။

နအဖ ၁၉ နှစ် ကျော်ကျော် ကာလ မှာ စက်တင်ဘာ တော်လှန်ရး မတိုင်ခင်က လှုပ်ရှားသူတွေထဲမှာ ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ကို ခေါင်းဆောင်တွေက စည်းရုံးလိုက်ရတာ၊ ဟောပြောလိုက်ရတာ၊ အကြောင်းရှာလိုက်ရတာ တော်တော်ကို ခက်ခဲတဲ့ ကိစ္စပါပဲ။ နေ့ကြီးတွေမှ လူစုနိုင်တယ်၊ ဟောပြောနိုင်တယ်။ ဆန္ဒထုတ်ဖေါ်ပြသတာဟာ တိုင်းပြည်ဆူပူအောင် လုပ်တာ မဟုတ်ဘဲ၊ မိမိရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ကြောင်းကို လူတွေ သိအောင် ဟောပြောရတာ အတော် မသက်သာတဲ့ အလုပ်ပါ။

အခုတော့ တတ်ကြွစွာ လှုပ်ရှားသူတွေဟာ ငြိမ်းချမ်းစွာ ဘယ်နေ့၊ ဘယ်နေရာမှ နအဖကို ဆန္ဒပြရမလဲ ... ရက်၊ နာရီနဲ့ နေရာသာ ပြောလိုက် ဆန္ဒပြဖို့ အဆင်သင့်ပါ။ ရှင်းရှင်းပြောရရင် တော်လှန်ရေး အဆင့်တွေထဲက အခက်ခဲဆုံး စည်းရုံးရေး အဆင့်ကို ပြည်သူ့ခေါင်းဆောင်တွေက ကျော်လွန်ရရှိထားပြီးပြီ ဖြစ်ကြောင်း ပြသနေတဲ့ သဘောပါပဲ။ တိုက်ပွဲဝင်ဖို့ အချိန်အခါ စောင့်နေတဲ့ သဘောသာ ဖြစ်နေပါတော့တယ်။

နအဖကလည်း ၂၀၀၈ တနှစ်လုံး ချိုကျိုး နားရွက်ပဲ့ အုပ်ချုပ်ရေး ပညာနဲ့ အဖက်ဖက်က ယိုယွင်းလာတဲ့ တိုင်းပြည်အခြေအနေကို အမှား မပါအောင် ဆက်လက် ထိန်းသိမ်းနိုင်ပါ့မလား။ ... မထင်ပါ ...။

၂၀၀၈ ခုနှစ်မှာ နအဖ စစ်အာဏာရှင်ရဲ့ ကျဆုံးခန်းရောက်အောင် ပြည်သူတွေက တိုက်ပွဲဝင်သွားဖို့ တတ်ကြွနေတာကြောင့် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံ ပြောင်းလဲရမည့် နှစ် ဖြစ်နေပါတော့သည်။

ဗုဒ္ဓဘာသာနဲ့ သံဃာတော်များ

အများ သိပြီးကြတဲ့ အခြေအနေအတိုင်း ပခုက္ကူက စလို့ သံဃာတွေ သပိတ်မှောက်ထားတာဟာ ဒီနေ့အချိန်အထိ သပိတ် မလှန်ရသေးပါဘူး။ ဘုရားဟောနဲ့ အညီဆိုရင် မြတ်စွာဘုရားကိုတော်တိုင်တောင်မှ သံဃာတွေ မှောက်ထားတဲ့ သပိတ်ကို ပြန်လှန်လို့ မရပါဘူး။ သံဃာတော်တွေကို ကျေနပ်သည်အထိ တောင်းပန်မှ၊ တောင်းဆိုမှုတွေကို ဆောင်ကျဉ်းပေးပြီးမှ ၀ိနည်းနဲ့ အညီ သိမ်ဝင်ရွတ်ဆိုကာ သပိတ်ပြန်လှန်မှ သပိတ်မှောက်ကံဆောင်တာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ယနေ့အချိန်အထိ နအဖက သံဃာတော်တွေကို သေနတ်နဲ့ ပစ်၊ တုတ်နဲ့ရိုက်၊ ထောင်ချ၊ နှိပ်စက်၊ လူဝတ်လဲ၊ ကျောင်းတွေ ချိတ်ပိတ် ဆိုတာတွေနဲ့သာ သံဃာ့ သပိတ်ကို တုံ့ပြန်ခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ပါ။ နောက်ဆုံးမှာ သံဃာတွေကို သံဃာဂိုဏ်းခွဲပါတယ်။ လူသတ်သမား သူရ မြင့်မောင်ကို သာသနာရေး ၀န်ကြီးရာထူးပေးပြီး၊ ဘုန်းကြီးဝတ်ကြီးနဲ့ အမျိုးသမီး တယောက်ကို ကျူးလွန်ပြီးလို့ မဖုံးဖိနိုင်တော့မှ လူထွတ်လိုက်ရတဲ့၊ သံဃာ့ ၀ိနည်းသိက္ခာလေးတောင် မထိန်းသိမ်းနိုင်တဲ့ အံမောင် ပေးတဲ့ အကြံအစည်တွေကို လိုက်လုပ်နေတော့ သံဃာ သပိတ်ကို ဖြေရှင်းတာထက် သာသာနာကို ပိုမိုဆော်ကားနေတာသာ ဖြစ်နေပါတော့တယ်။

ဗုဒ္ဓဘာသာနဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော် တည်ရှိလာတာပါ။ နအဖကတော့ ၁၉ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ကောသလ မင်းကြီး ရှိတယ်၊ ဗုဒ္ဓဘာသာလည်း ရှိတယ်၊ ကောသလမရှိတော့ဘူး၊ ဗုဒ္ဓဘာသာတော့ ရှိနေသေးတယ်။ တရုပ်ပြည်ယဉ်ကျေးမှု တော်လှန်ရေး ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ ယဉ်ကျေးမှု တော်လှန်ရေး မရှိတော့ဘူး၊ ဗုဒ္ဓဘာသာကတော့ ရှိနေသေးပါတယ်။ တာလီဘန် အုပ်ချုပ်သူတွေ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ တာလီဘန် အုပ်ချုပ်သူတွေ မရှိတော့ပါဘူး၊ ဗုဒ္ဓဘာသာရှိသေးပါတယ်။ ပုဂံ အရည်းကြီးတွေကို ကိုးကွယ်တဲ့ မင်းတွေ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ အရည်းကြီးနဲ့ အဲဒီ ဘုရင်တွေ မရှိတော့ဘူး၊ ဗုဒ္ဓဘာသာ ရှိနေသေးတယ်၊ ... အခု သာသနာ စော်ကားတဲ့ နအဖ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိနေတယ် ..... ဘာဖြစ်လာမလဲ၊ ဖြေစရာ မလိုဘူး ထင်ပါတယ် ..... ? ။

သံဃာတော်တွေ ကိုယ်တိုင်ကလည်း နောက်ထပ် တခါ သာသနာတော်နဲ့ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် အင်းအားစုစည်းထားကာ သပိတ်ကို ဆက်လက် ဆင်နွဲနေပြီး တိုက်ပွဲဝင်နေတာကြောင့်၊ အားလုံးက ၂၀၀၈ ခုနှစ်မှာ နအဖအတွက် နောက်ဆုံးဖြစ်စေရမယ်လို့ ယုံကြည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး

တဦးချင်း ပျမ်းမျှ ၀င်ငွေနဲ့ပဲ ကြည့်ကြည့်၊ နိုင်ငံစီးပွားရေး အနေနဲ့ပဲ ကြည့်ကြည့်၊ နအဖ ကိုယ်တိုင် လိမ်ပြီး ထုတ်ပြန်တဲ့ စာရင်းနဲ့ပဲ ကြည့်ကြည့်၊ ကမ္ဘာ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စာရင်းပဲ ကြည့်ကြည့်၊ တိုင်းပြည်ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုပဲ ကြည့်ကြည့်၊ ပြည်သူလူထု အများစု လူနေမှုပဲ ကြည့်ကြည့် ... တိုင်းပြည်စီးပွားရေးက ဘယ်နေရာ ဘယ်ရှု့ထောင့်ကမှ ကောင်းနေတာကို မတွေ့ရပါဘူး။ ကျဆင်းနေပါတယ်။

စက်တင်ဘာ တော်လှန်ရေးဖြစ်လာရတဲ့ အခြေံကအကြောင်းအရင်းက စီးပွားရေး ကျပ်တည်းလို့ပါ။ စက်တင်ဘာပြီးတော့ စီးပွားရေးအတွက် ပြောင်းလဲမှုတွေ လုပ်သလား ... ။ စလောင်းတွေ အခွန်တိုးကောက်ဖို့ ကြံပါတယ်။ လောင်စာဆီဈေးက ဒီအတိုင်းပါပဲ။ ဓါတ်ငွေ့တွေပေးတာကို ကန့်သတ်ဖို့ ကြံပါတယ်။ စစ်လက်နက်တွေ တရုပ်ပြည်က ထပ်ဝယ်ပါတယ်။

ုပြည်ပက စီးပွားရေးတွေကို ပိုပြီး ပိတ်လာတာကို ကိုယ့်အမူအရာ၊ လုပ်ကိုင်ပုံတွေ မပြောင်းပဲ NLD ကို အပြစ်တင်ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ကတ်ကတ်လန်အောင် သတင်းတွေ၊ ဆိုင်းပုဒ်တွေနဲ့ မိန်းမလို မိန်းမရ ရန်တွေ့ပါတယ်။ ရလဒ်က စီးပွားရေး ကျပ်တည်းလာပါတယ်။ အဆိုးဆုံး ရလဒ်ကတော့ အမေရိကန်က မြန်မာ့ကျောက်မြတ်တွေကို လုံးဝ ပိတ်ဆို့လိုက်တာပါပဲ။ နအဖဆီက ကျောက်တွေ ၀ယ်တဲ့၊ တရုပ်၊ ယိုးဒယားနဲ့ အာရှနိုင်ငံက လူတွေဟာ ပွဲစားတွေပါ။ ကျောက်တွေရဲ့ အဓိက ၀ယ်ယူ သုံးဆွဲသူတွေက အမေရိကန်တွေနဲ့ ဥရောပ နိုင်ငံတွေကပါ။ အဓိက ၀ယ်သူတွေက မ၀ယ်တော့ဘူးဆိုရင်တော့ ပွဲစားတွေက ရောင်းမစွံနိုင်တဲ့ ကျောက်တွေကို အရင်လို ၀ယ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါဆို မြန်မာ့ တတိယ အကြီးဆုံး ငွေဝင်တဲ့ လမ်းကြောင်းဟာ မျှော်လင့်ချက် မရှိတော့ပါဘူး။

ပြည်သူတွေတင် မဟုတ်ဘဲ စစ်တပ်ရဲ့ အသုံးစရိတ်ကို မနည်းကာမိအောင် လုပ်နေရပါတော့တယ်။ စစ်သားတွေကို လခ ပေးဖို့၊ စစ်အသုံးအဆောင် ပစ္စည်း လုံလုံလောက်လောက် ပေးဖို့ကိစ္စတွေမှာ တိုင်းမှူးတွေ၊ တပ်ရင်းမှူးတွေ လကုန်ရက်တွေမှာ အသက်ရူကျပ်လာပါတော့တယ်။

စီးပွားရေး ပြဿနာဟာ နေ့စဉ် တိုးတတ်မလာဘဲ ဆုတ်ယုတ်လာတာကို နောက်ထပ် ၁၁ လကျော်ကြာအောင် နအဖတွေ ဘယ်လို ဆက်လက် အသက်ရှင်ကြမှာလဲ။ နအဖ စီးပွားရေး အကျပ်အတည်း၊ ပြည့်သူ့လူထု စီးပွားရေး အကျပ် အတည်းတွေဟာ သူ့ဘာသာ ထွက်ပေါက်ရှာလာမယ် ဆိုရင်တော့ နအဖအတွက် ၂၀၀၈ ဆိုတာ နောက်ဆုံး နေရက်တွေ ဖြစ်နေတော့တာပါပဲ။

တပ်မတော် သားတွေရဲ့ ခံစားမှု

တပ်မတော်သားတွေရဲ့ ၈၀% လောက်ဟာ ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်။ အထက် အမိန့်အရ သံဃာတော်တွေကို သတ်ဖြတ်ခဲ့ရပေမယ့် သူတို့လက်မှာ သံဃာတွေရဲ့ သွေးတွေ စွန်းနေတာကို နှစ်ခြိုက်ကြမယ် မထင်ပါဘူး။ တကယ်လူသတ်ပေးခဲ့ရတာက တပ်သားလေးတွေပါ။ ခံစားရတော့ မ၀ရေစာ။ တိုင်းပြည်အတွက် အသက်ပေးပြီး လုပ်နေတဲ့ တပ်မတော်သားဆိုပြီး ပြည်သူက ချစ်မလားအောင့်မေ့တယ်၊ လက်တွေ့မှာ ပြည်သူက ထွီ ခနဲ တံတွေး ထွေးတာကို ခံစားနေရတာပါ။

တပ်မတော်သားဆိုတာ မြေကြီးနဲ့ လေနဲ့ ရောပြီး မွေးလာတဲ့ လူသားတွေ မဟုတ်ပါဘူး။ လူတွေက မွေးလာတဲ့ လူသားတွေပါ။ အဖေ၊ အမေ၊ ဆွေးမျိုးဆိုတာရှိပါတယ်။ အိုကြီး အိုမ မိခင်က ဆွမ်းကပ်ပြီး ရိုရိုသေသေ ကန့်တော့နေတဲ့ သံဃာကို စစ်သားဖြစ်တဲ့ သားက သေနတ်နဲ့ ပစ်သတ်ပါတယ်။ ကိုယ်တိုင်က မသတ်ခဲ့ရင်တောင်မှ သံဃာသတ်တဲ့ စစ်တပ်က စစ်သားဖြစ်နေပါတယ်။ မိခင်က ဘယ်လို ခံစားရမလဲ။ မိခင်က တာဝန်အားလို့ အိမ်ခဏ ပြန်လာတဲ့ သံဃာသတ်တဲ့ သားတော်မောင် စစ်သားကို ဘယ်လို ကြိုဆိုမှာလဲ။ မိခင်က အပြစ်ပြောလို့ အဲဒီစစ်သားက မိခင်ကို ပြန်သတ်ရင်တော့ နောက်တပြစ်ပေါ့။ အဲဒီလို လူမှုရေး ရှုပ်ထွေးနေတဲ့ စစ်သားတွေရဲ့ ဘ၀တွေကို နအဖတွေ နည်းမှန်မှန်နဲ့ ဖြေရှင်းမှု မလုပ်ခဲ့ရင်တော့ အဲဒီလို စစ်သားတွေရဲ့ နာကျည်းမှု ကျည်ဆံတွေက တပ်မတော် အရာရှိတွေဆီ ရောက်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။

ဒါကြောင့် ၂၀၀၈ မှာ နအဖကိုယ်တိုင် ကိုယ့်ဘာသာ တိုင်းပြည်ကို ပြောင်းလဲမှု မလုပ်ခဲ့ရင်တော့ တပ်မတော် သားတွေက ပြောင်းလဲမှု လုပ်ပေးလာရရင် တပ်ထဲမှာ သွေးချောင်းစီးလာမလား မသိ။

ကမ္ဘာ့ အုပ်ချုပ်မှု စနစ်ရေစီးကြောင်း

ကမ္ဘာမှာ အာဏာရှင် စနစ်နဲ့ ကိုယ့်ပြည်သူကို ဖိနှိပ်တဲ့ အစိုးရတွေ မရှိသလောက် နည်းနေပါပြီ။ အုပ်ချုပ်မှု စနစ်က ဒီမိုကရေစီ ရေးစီးကြောင်းပါ။ လွတ်လပ်ရေးမရခင်နဲ့ ရပြီးကာလမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ် ရေစီးကြောင်းဖြစ်ခဲ့လို့ မြန်မာ့ရေစီးကြောင်းမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ် ဖြစ်လာခဲ့ဖူးပါတယ်။ အခု ဒီမိုကရေစီ ရေစီးကြောင်းကို တွန်းလှန်ပြီး အာဏာရှင် စနစ်ကို နအဖ တည်ထောင်နေတာကတော့ နအဖ ဘယ်ကို သွားမှာလဲ။ ဒီမိုကရေစီ ရေစီးကြောင်းကို နအဖရဲ့ တထွာတမိုက် ဥာဏ်လေးနဲ့ အာဏာရှင် စနစ်ရေကာတာလေးကို ခနော်နီ ခနော်နဲ့ လာဆောက်နေတာကြောင့် ၂၀၀၈ ခုနှစ်သည် နအဖရဲ့ နောက်ဆုံးနှစ် ဖြစ်တယ်လို့ ကမ္ဘာ့ အုပ်ချုပ်ရေး စနစ်ရေစီးကြောင်းက ပြဌာန်းနေပါတယ်။

ပြည်ပလှုပ်ရှားသူများ၏ အခန်းကဏ္ဍ

ပြည်ပမှာရောက်ရှိ လှုပ်ရှားနေတဲ့ တတ်ကြွသူ လှုပ်ရှားသူများဟာ ယခင် နအဖ ဗိုလ်ပြုတ် ခင်ညွန့်နဲ့ သူ့တပည့်တွေ ရှိစဉ်က ထိထိရောက်ရောက် ထိုးဖောက် လှုပ်ရှားနိုင်ခဲ့တာရယ်၊ အတွေ့အကြုံ မရှိသေးတာတွေရယ် ပေါင်းပြီး အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့မှာတော့ ညီညွတ်ရေး တည်ဆောက်ပြီး တိုင်းပြည်ကောင်းအောင် အရင်လုပ်မယ်။ ပြီးမှ ကျန်တာ ဆက်ရှင်းကြမယ်ဆိုတဲ့ စကားသံတွေ တညီတည်း ထွက်နေကြပြီး ညီညွတ်ရေးတည်ဆောက်နေကြပါပြီ။

ပြည်ပရောက် သံဃာတော်တွေက သံဃာ့ဥသျှောင်ဆိုတာဖွဲ့ထားပြီး လှုပ်ရှားသူတွေကို အမှားတွေ မလုပ်မိအောင်၊ အမှားတွေ နည်းအောင် နည်းလမ်းတွေ၊ ထောက်ပံမှုတွေပေးပြီး ပဲ့ကိုင်ပေးနေတာကြောင့် ပြည်ပ လှုပ်ရှားမှုတွေဟာ အရင် ၁၉ နှစ်ကာလကနဲ့ မတူတော့ဘဲ ပိုမိုအားကောင်းလာတာကို တွေ့ရမှာပါ။

ဘုန်းကြီးက ဘုန်းကြီး အလုပ်လုပ်မယ်၊ လူတွေက လူတွေ အလုပ်လုပ်ပြီး၊ ဆရာ ဒကာ နှစ်ဦးပူးပေါင်းကာ တိုင်းပြည်အကျိုးအတွက် လုပ်သွားမယ်ဆိုရင် တို့တိုင်းပြည်ကြီး မကြာခင် ပြန်ကောင်းလာမှာပါလို့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသက ဆုံးမတာမှတ်သားမိခဲ့ပါတယ်။ ဒီတော့ နအဖ အတွက် တိုက်ပွဲခေါ်သံကိုပြည်ပရောက် တတ်ကြွသူတွေကလည်း ညာသံပေးနေပါပြီ။ ၂၀၀၈ သည် နောက်ဆုံး နှစ်ပါတဲ့။

အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် နိုင်ငံတကာဖိအား

အပြည်ပြည်ဆိုင်ရာ ဖိအားနဲ့ နိုင်ငံရေးကစားကွက်တွေမှာ နအဖဘယ်လောက် ကစားနိုင်ပါသလဲ။ နိုင်ငံခြားရေး ၀န်ကြီး ဥာဏ်ဝင်း အသိပါ။ နအဖခေါင်းဆောင် သန်းရွှေဟာ ကြောက်တတ်တဲ့ ဦးဥာဏ်ဝင်းကို နိုင်ငံခြားရေး ၀န်ကြီးခန့်ပြီး မင်း တခုခု မှားတာလုပ်ရင် မလွယ်ဘူးဆိုပြီး ဖိအားပေးထားတာကြောင့် ဦးဥာဏ်ဝင်း တယောက်၊ ဒေါသတကြီး ဆန္ဒပြနေတဲ့ UN ရုံးရှေ့က လူထုကို ရင်ဆိုင်နေရပါတယ်။ ဂျပန်က ဆန္ဒပြတဲ့ လူထုကို ရင်ဆိုင်နေရပါတယ်။

အဲဒီလူတွေကို ကျော်လွန်ပြီး အခန်းထဲရောက်တော့ အင်္ဂလိပ်စာက အဆင့်မှီအောင် မတတ်၊ နိုင်ငံတကာက နိုင်ငံခြားရေး ၀န်ကြီးတွေက မင်းလူလိမ်ပါကွာဆိုပြီး ပြောနေတဲ့ မျက်လုံးတွေကို ရင်ဆိုင်နေရတာကို သနားစရာ တွေ့ရမှပါ။ အဲဒါကို ကြည့်ရင် နအဖကို အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားတွေက ပြောင်းလဲရေးဆိုတာကို ဘယ်လောက် ဖိအားပေးနေသလဲဆိုတာကို သိနိုင်ပါတယ်။ နအဖ နောက်ဆုံးနေ့ရက်များဟာ မကြာတော့ပါဘူး။

မီဒီယာ အခန်းကဏ္ဍ

ရှင်းပါတယ်။ ပြည်တွင်းမီဒီယာကို နအဖက ချုပ်ကိုင်ထားပေမယ့် မီဒီယာလောကမှာ နအဖဟာ အလဲလဲအကွဲကွဲပါ။ သူတို့ လုပ်သမျှ နောက်ကနေ မီဒီယာက လိုက်ပြီးဖေါ်ထုတ်နေပါတယ်။ န၀တ တတ်လာကတည်းက ချုပ်ကိုင်ထားပြီး အနိုင်တိုက်ဖို့ ကြိုးစားနေတာ အခုအထိ မအောင်မြင်သေးပါဘူး။ နောင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။

တပ်ထဲမှာ စစ်သားတွေက ရိုသေမှုရှိပြီး တပ်တွင်း နာမည်ကောင်းရှိတဲ့ ဦးအောင်ကြည်ကို ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ပြီး နိုင်ငံတကာကို အချိန်ဆွဲဗျူဟာ သုံးပါတယ်။ တပ်တွင်းက လူတွေအနေနဲ့ ဦးအောင်ကြည်က ယုံကြည်ရတဲ့ လူဖြစ်တာကြောင့် ငါတို့ တကယ်ပြောင်းမှာပါ။ မင်းတို့ ကျည်ဆံတွေ နောက်ကထွက်မလာပါနဲ့ ဆိုပြီး ကလိမ်ကကျစ် ဗျူဟာ သုံးတာပါ။ ဒါပေမယ့် တပ်တွင်းမှာတော့ သန်းရွှေက ဦးအောင်ကြည်ကို ထိုးကျွေးနေပြီ ဆိုတဲ့ အသံသာ ထွက်လာပါတော့တယ်။

ကမ္ဘာ့ မီဒီယာကလည်း ခပ်ကျယ်ကျယ်ပါပဲ၊ အချိန်ဝယ်တဲ့ ဗျူဟာကို အားလုံးက သိအောင် ဖော်ထုတ်ပေးနေကြပါတော့တယ်။

အထက်ပါ အချက်တွေ အားလုံးကို ခြုံကြည့်ရင် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်အတွက် ပြောင်းလဲရေး နှစ် ဖြစ်နေတယ် ဆိုတာ ဘယ်လိုမှ ငြင်းဆန်လို့ မရတော့ဘူးဆိုတာ ရှင်းရှင်းကြီး မြင်နေရပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

6 comments:

TTT said...

good article!!

the place where i belonged said...

Ko Htike, deeply appreciate it. Nice article and hope to read more like this.

A Nyar Thar
konebaung@aol.com

WanderFish said...

ဗုဒ္ဓဘာသာ(နှစ် ၂၅၀၀)နဲ့ နအဖ(နှစ်၂၀) အကြောင်းဖတ်လို့ စကားမစပ် ထိုင်းကလတ်တစ်လော ဖြစ်ခဲ့တဲ့အကြောင်းကို ပြောချင်ပါတယ်။ ဒီမှာ ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ကျဆုံးသွားတဲ့အကြောင်းပါ။ အများလူထုကြားမှာ ဖွင့်မပြောကြမယ့် အားလုံးနားလည်ကြတဲ့ အဓိက အခြေခံအချက် တစ်ခုကတော့ တပ်ဆင်(နှစ် ၅၀-၆၀ လူဖြစ်လာတာ၊ သူ့ပါတီက ဒုတိယသက်တမ်းမှာ မဲအပြတ်အသတ်နဲ့ အစီုးရဖြစ်လာ) ရဲ့ လုပ်ဆောင်ချက်တွေဟာ ထိုင်း Rama မင်းဆက် (နှစ်ရာချီကွန်ရက်ရှိထားတဲ့) နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အဓိပ္ပယ်သက်ရောက်လာပြီး နောက်ဆုံး တပ်ဆင် ဟာ ပြည်တွင်းကို ပြန်မလာနိုင်သေးတာဟာ အခုအထိပါပဲ။

AUNGAMA said...

Now even I was thinking that how can I circularise this article to side Myanmar.(To all people and Tamadaw thar).Since i beliving that this article has sufficient appropriate knowledge, imagination and inspiration to get things done in reality.


Aung.A.M.A

swe said...

Very encouraging indeed.
Would someone kindly, translate this article into English ? Because there are millions of non-Myanmars, who are 100% behind our struggle for Democracy, helping us selflessly ,working very hard on this subject.
Also, many young (2nd. generation)Myanmars abroad who cannot read Burmese but are deeply involved in our country's struggle .

Thanks

Anonymous said...

曼雪兒免費小說sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片SEX520免費影片sex999免費影片sex999免費影片嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看aa片免費看☆♀ 電話交友☆♀☆♀ 視訊美女觀看免費 ☆♀☆♀ 成人哈啦聊天室☆♀☆♀ 視訊美女觀看免費 ☆♀☆♀ 激情網愛聊天 ☆♀☆♀ 成人卡通電影 ☆♀☆♀ 免費辣妹視訊聊天網 ☆♀成人遊戲區激情網愛聊天☆♀ 成人小說 ☆♀☆♀ 激情網愛聊天 ☆♀