Thursday 31 January 2008

အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ပြောသွားတဲ့ "အကောင်းဆုံးကို မျှော်လင့်ထားပြီး၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ" လို့ ပြောသွားတာကို အဓိပ္ပါယ် ဖွင့်ဆိုကြည့်ဖို့လိုနေပါတယ်။

တကယ်တန်းပြောရရင် အကောင်းဆုံးကို မျှော်လင့်ကြတာဟာ လူ့သဘာဝပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောလိုတဲ့ စကားစုရဲ့ အဓိပ္ပါယ်ဟာ ပထမ စကားစုမှာ မူတည်မနေဘဲ ဒုတိယ စကားစုဖြစ်တဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ ဆိုတဲ့ စကားစုကိုသာ ပြည်သူကို သတိပေးလိုက်တာပါပဲ။

ကောင်းကောင်းမွန်မွန်နဲ့ လူကြီးလူကောင်းဆန်ဆန် စကားဝိုင်းမှာ ဆွေးနွေးဖို့၊ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့၊ တိုင်းပြည်အကျပ်အတည်းတွေက လွတ်မြောက်ဖို့၊ သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိဖို့အတွက် အားလုံးက မျှော်လင့်ခဲ့ကြတာပါ။

စက်တင်ဘာ လူထု လှုပ်ရှားမှုကို သေနတ်နဲ့ပစ်၊ ထောင်ချတဲ့နည်းနဲ့ ဖြိုခွင်းပြီးနောက် နအဖ လူစုက ပြည်သူတွေ တောင်းဆိုတာကို လုပ်ပေးတာဆိုလို့ အချက်တွေအများကြီးထဲက အချက်တစ်ချက်ကိုတောင် တ၀က်ပဲ လိုက်လျှောခဲ့ပါတယ်။

အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါဆိုတဲ့ အချက်ပါပဲ။ တ၀က်လို့ ပြောရတာက .... ဆွေးနွေးစေချင်တာက တိုင်းပြည်ကံကြမ္မာကို အပြောင်းအလဲလုပ်ပေးနိုင်တဲ့ လူတွေနဲ့ ဆွေးနွေးခိုင်းတာပါ။ အဲဒါကို ကြားလူနဲ့ ဆွေးနွေးတာပဲလုပ်ပါတယ်။ ကြားလူနဲ့ ဆွေးနွေးတာတောင် ၁ လ တစ်ခေါက်၊ တခေါက် တနာရီနှုံးနဲ့ လူရီစရာ ဆွေးနွေးပွဲ လုပ်နေတာပါ။

သူများနိုင်ငံတွေမှာ တိုင်းပြည်အတွက် ခေါင်းဆောင်ပိုင်းတွေ အချိန်အများကြီးသုံးပြီး တိုင်ပင် ဆွေးနွေး နေကြတဲ့အချိန်မှာ အခြားနိုင်ငံတွေထက် အဆပေါင်းများစွာ နောက်ကျနေတဲ့ ကျွန်တော်တို့တိုင်းပြည်က ခေါင်းဆောင်တွေကတော့ တိုင်းပြည်အတွက် ဆွေးနွေးဖို့ ၁ လမှာ ၁ နာရီကို ကြားလူနဲ့ ဆွေးနွေးနေပါတယ်။

ဒေါ်စုကိုယ်တိုင်က အခုဆွေးနွေးနေတာကို ကျေနပ် အားရမှု မရှိပါဘူးလို့ ပြောသွားပါတယ်။ (အဲဒါကို ကျွန်တော်တို့ တိုင်းပြည်နိုင်ငံရေးကို လေ့လာနေတယ်ဆိုတဲ့ high politic လုပ်နေ၊ ပြောနေတဲ့ လူတွေက ဆီက အခုအထိ စောင့်ကြည့်ပါဦး၊ အပြုသဘောလုပ်နေတာပါ၊ အခြေအနေတိုးတတ် လာနိုင်ပါတယ် ဆိုတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။)

အဲဒီလိုမျိုး နအဖ ခြေယောင်ပြတာကို ကိုယ်တိုင်သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ပါဦး ပြောနေတာတွေကို သူကိုယ်တိုင် ပြန်ကြားနေရမှာတော့ သေချောပါတယ်။ ဒီတော့ ဘာမှဖြစ်မလာနိုင်တာကို စောင့်ကြည့်မနေနဲ့ တိုင်းပြည်အတွက် လုပ်စရာရှိတာလုပ်ကြတော့လို့ တိုက်ရိုက် ပြောလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ သွယ်ဝိုက်ပြီး "အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ" ဆိုတာကို ပြောသွားတာလို့ ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။

အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုချက် မှန်၊ မမှန် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အခြားစကားတွေနဲ့ NLD ပါတီဝင်တွေအတွက် ပြောသွားတာကိုပါ နောက်ကနေ ကပ်ပြီးတွေးကြည့်ရင် ပိုထင်ရှားလာပါတယ်။ ပထမဦးဆုံး နအဖနဲ့ ပြောဆိုဆွေးနွေးနေတာကို သူကိုယ်တိုင်က အားရကျေနပ်စရာ မရှိပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူတို့ ဆွေးနွေးနေတာကို စောင့်မနေပါနဲ့ လုပ်စရာရှိတာ လုပ်ပါလို့ ဆိုလိုတာ ထင်ရှားနေပါတယ်။
တိုင်းရင်းသား တွေမပါပဲ မြန်မာ့အရေး ဆွေးနွေးနေတာ အဓိပ္ပါယ် မရှိပါဘူးလို့လည်း ပြောပါတယ်။

NLD ရဲ့ CEC အတွက်ကို ပြောသွားတာဆို ပိုပြီးထင်ရှားသိသာနေပါတယ်။ "အဖွဲ့ချုပ် CEC က လုပ်ဆောင်တာ မှန်သမျှ ဘယ်ဟာကိုမဆို သူ လက်ခံနိုင်သည် ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ၊ ရှေ့က ကာသင့်တဲ့အခါ ကာမယ်၊ နောက်က တွန်းသင့်တဲ့ အခါ တွန်းမယ် လုပ်စရာရှိတာကို လုပ်ကြပါ" တဲ့။

ဒါတွေဟာ ရှင်းလင်းပြတ်သားပြီး NLD နဲ့ တိုင်းရင်းသား အားလုံး အပါအ၀င် ပြည်သူတရပ်လုံးက အကောင်းဆုံးကို မျှော်မှန်းပြီး အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ကာ တိုင်းပြည်ကြီး ပြန်လည် ကောင်းမွန်လာဖို့ လုပ်စရာရှိတာ လုပ်ကြပါ။ တိုက်ပွဲဝင်စရာ ရှိတာ ၀င်ကြပါ။ သူ့အနေနဲ့ အားလုံးကို ကာကွယ်၊ ထောက်ခံ၊ တွန်းအားပေးပါ့မယ်လို့ ပြောသွားတာပါ။ ဒီထက်ရှင်းလင်း ပြတ်သား တိကျတဲ့ အဓိပ္ပါယ် ရှိနိုင်မယ် မထင်ပါဘူး။

အသေချာဆုံး ဖြစ်အောင် ပြင်ဆင်ပြီး တိုက်ပွဲဝင်ကြဖို့ ပြောတယ်ဆိုတာကိုတော့ နောက်ထပ် အချက်တချက်က ထောက်ပြနေပါတယ်။ ...... ဘာလဲဆိုတော့ ဒေါ်စု ပြောသွားတဲ့ စကားဟာ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တွေကို နောက်ဆုံး အပြီးတိုင် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲက စကားကို ကောက်နှုတ်ပြီး ပြည်သူတွေကို ပြောလိုက်တာ ဖြစ်နေတာပါပဲ။

ဒါဟာ တိုက်ဆိုင်တာ လုံးဝ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စကားလုံးတွေ သေချာ ရွေးချယ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။

သူ့ကို စောင့်ကြည့်မနေဘဲ ပြည်သူတွေအားလုံး အာဏာရှင် စနစ်ကို အပြီးသတ် တိုင်းပြည်ထဲကနေ ကျဆုံးသွားအောင် နောက်ဆုံး တညီတညွတ်ထဲ တိုက်ပွဲဝင်ကြပါ။ လို့ မိန့်ခွန်းပြောသွာတာ ဖြစ်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

2 comments:

Jeannie's Blog said...

Hello,

I also have a blog to help spread information about Burma. Here it is...

http://www.jeannieinasia.blogspot.com/

More people outside of Burma must become informed in order for anything to one day change.

Good luck to you!

Anonymous said...

免費 a 長片線上看※免費線上 a 電影直播※※線上免費觀看小電影※※免費色咪咪影片網※※免費檳榔西施摸奶影片※影音Live秀ez網愛聊天室♀ 找網愛聊天室 ☆☆♀ 888視訊聊天室 ☆♀♀ 真人視訊影音聊天※免費影片線上觀賞※watchshow TV情色視訊交友※s383情人視訊※※免費視訊聊天室 AV線上影城※FF-FST免費視訊聊天網※aa片免費看影片※※免費a片下載※金瓶影片交流區※Hotsee免費視訊交友聊天※美女視訊美女交友☆♀ 視訊錄影☆♀彩虹hi視訊交友網※免費觀看視訊辣妹脫衣秀※免費視訊聊天區※台灣辣妹貼圖區※1007 免費 視訊 聊天 秀成人免費視訊聊天區※視訊辣妹本人的精采照片※※免費影音視訊聊天※※0509免費 視訊聊天秀※一夜情視訊聊天室☆♀ 火辣美媚 ☆♀情色文學色情照片日本a片吊帶襪美女絲襪美女完美女人影音網波波線上遊戲網美女拳我要看美女全身巨乳美女台灣美女 kiss 情網貼圖區3d 美女短片免費試看前進東洋混血美女 莉亞丁字褲美女圖灣美女 kiss 情網貼圖區美女與野獸西洋白虎美女圖台灣美女寫真集圖片館自拍美女聊天室 s383自拍美女聊天室 視訊聊天自拍美女聊天室裸體美女台灣美女寫真貼圖區電眼美女小遊戲玩弄av美女泳裝美女寫真av美女真人美女辣妹鋼管脫衣秀手槍美女賞圖波霸美女小遊戲白虎美女圖庫一夜情貼圖一夜情聊天Google,網上論壇東東成人論壇WO,WO,論壇