Friday 4 January 2008

Who say that SPDC put the technician aside?

ရီချင်လျှင် အောက်မှာ ဖတ်ကြည့်ပါ။ မောင်ဒိုင်း ထံမှ ရယူထားပါသည်။
We have gifted Government and genius technician.

နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။

သြော်..နွားအဖွဲ့လို့ပြောတော့လည်း နာတယ်။ လုပ်တာကလည်း သောက်ချိုးရယ်တဲ့မှ မပြေ။ လီကွမ်ယူက `န.အ.ဖ ဗိုလချုပ်တွေ စောက်ထုံ´လို့ ပြောလည်း ပြောစရာ။ ဒီအောက်မှာ ဖော်ပြထားတဲ့ သတင်းကို ဖတ်ပြီး ကြက်ဆူဆီအကြောင်း ကိုသူရ (ဇာဂနာ) ပြောခဲ့တာသွားသတိရသည်။ မနက်လက်ဖက်ရည်ဆိုင်မှာ တိုးတိုး တိုးတိုးနဲ့ `ဒီလူတွေ (ဘိုလချုပ်တွေ) ဦးနှောက်မရှိတာဗျာ။ ခင်ဗျားစဉ်းစားကြည့်…ကြက်ဆူပင်က လောင်စာစီထုတ်လို့ရရိုးမှန်ရင် သုတေသနကို ပုံအောလုပ်နေတဲ့၊ လောင်စာလိုနေတဲ့ ဖွံဖြိုးပြီးနိုင်ငံကြီးတွေက လုပ်ပြီးလို့ သုံးနေလောက်ပြီ။ ဒါကို ဖင်မှန်း ခေါင်းမှန်းမသိဘဲ ကိုယ့်ဟာကိုယ် အဟုတ်မှတ်ပြီး လျှောက်လုပ်နေတာ ရီချင်စရာကြီးဗျာ။ ကြက်ဆူဆီက ဇီဝလောင်စာထုတ်လို့ရတာ မှန်ပေမယ့် မကောင်းတဲ့ ဆိုးကျိုးတွေ ပိုများလို့ ဂျာမနီက သုတေသနအဖွဲ့က ရပ်လိုက်တာလို့ ကျုပ် အင်တာနက်ထဲမှာ ဖတ်ဖူးတယ်´ဟု ကိုသူရက ပြောဖူးသည်။ အခုလည်း ထူးမခြားနားပါပဲ။

ပထမဆုံး သတင်းကို ဖတ်လိုက်ဗျာ။ ပြီးရင် အမည်မသိသူတစ်ဦးရဲ့ ဝေဖန်ချက်ကို ဖတ်ဗျာ။ အူတက်အောင် ရယ်ရမယ်။ဒီတရက်အတွက် အရယ်ရဆုံး သတင်းတပုဒ် (သို့မဟုတ်)

နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
ရေးသူ - အမည်မသိ

မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလိုပြန်ဖြေတယ်။

ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။ ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။ မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။

မှတ်ချက် ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ” ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ

Source: A Forum & Dr.LunSweBlog

2 comments:

Khin said...

just ridiculous

Anonymous said...

日本av女優免費影片區網路視訊聊天室麗的線上情色小遊戲天天情色分享區小瓢蟲情色論壇咪咪情色貼圖論壇免費情色電影分享區波波情色貼圖飯島愛的情色醫院星光情色討論版嘟嘟kiss情色網av女優排行美美交友情色網免費情色影片情色 聊天麗的 情色典獄長成人情色網台灣kiss情色網情色小遊戲情色電影小站s383情色大網咖天堂情色網撿來的av女優麗的 情色網台灣情色論壇情色a片 臺灣情色網情色視訊日本線上免費a片a片區a片分享免費線上觀看a片免費aaa片俱樂部分享自拍a片女優做愛限制級試看a片情色a片美女a片美國a片歐美 a片線上a片免費看免費線上看a片台灣a片台灣a片王a片免費看av女優圖貼免費a片無碼a片下載aaa片免費看線上a片日本a片av無碼女優免費女優電影日本av女優自拍a片ss383a片免費下載杜蕾斯免費a片av女優電影免費aaa片俱樂部免費試看a片a片線上免費看飯島愛a片免費a片欣賞限制級a片aaaa片俱樂部線上直播a片免費卡通a片a片欣賞看a片av女優無碼影城觀月雛乃aa片a片論壇a片遊戲a片試看aa片免費看情色a片a片下載免費a片 無碼a片色情a片a 電影直播短片av女優線上觀賞小魔女免費影片hilive tv,免費電影☆ 臺灣妹妹情色自拍 ☆☆ 免費自拍情色電影 ☆小老鼠影片分享區情色文學自拍王☆ 自拍情色圖貼照片 ☆☆ 學生情色自拍 ☆☆ 純情色妹妹自拍 ☆免費色情短片線上觀看日本大奶女優影片交流,免費色情成人影片,sex貼片區免費檳榔西施摸奶影片免費色咪咪影片網,a片城,免費色情影片免費a片觀賞