Saturday 2 February 2008

အကုသိုလ်စကားများ (သို့မဟုတ်) မြန်မာပြည်သားတစ်ဦး၏ရင်ဖွင့်သံ ၂

စာပေလောကထဲကို အမှိုက်တစ်စ လှိမ့်ဝင်လာတယ်။ အဲဒီအမှိုက်ဟာ “မြက်”ဖြစ်သွားတယ်။ သူ့ကိုယ် သူအမြစ်တွယ်အောင် ကြိုးစားရင်း ခိုင်ခန့်ပြီလို့ ထင်နေရှာတယ်။ သူ့နာမည်က “မြတ်ခိုင်”။ မြန်မာ porno လောကရဲ့ လမ်းစဖောက်သူတွေဟာ သူနဲ့ ပီတာပါလို့ ပြောရင် ဓါတ်ပုံလောကသားတွေ ငြင်းကြလိမ့်မယ် မထင်။

အရင်တုန်းက မင်းသမီးတွေဟာ နာမည်ကြီးချင်လို့ ခန္တာကိုယ်ကို လှေကားထစ်သဖွယ် အသုံးချခဲ့ကြ တယ်။ ဒီဘက်ခေတ် မီဒီယာရေစီးထဲမှာတော့ နာမည်ကြီးမင်းသမီးဖြစ်ရင် ဈေးကောင်းရတယ်။ ခေါ်ဈေးပေါက် တယ်။ (ချွင်းချက် - ကိုယ့်ကိုကိုယ် သန့်ရှင်းသူဟု ယူဆသော၊ တကယ့်ကို အနေအထိုင်သန့်ရှင်းသော မင်းသမီး များအား တောင်းပန်ပါသည်။) အချိန်တန်နာမည်ကျရင် မစိုးကြီးတို့လို လင်ပွဲစားတွေ ရှိတဲ့အတွက် American, England နဲ့ Australia ဒိုးမလား၊ ဒိုးလို့ရတယ်။ နေအောင်နဲ့ ညီနန္ဒဟာ ခေါင်းတွေပါလို့ပြောရင် ကာယကံရှင် တွေက ဒေါသထွက်ပြီး ငြင်းကြလိမ့်မယ်။ သတင်းစကား၊ အဖျင်းစကားပေမဲ့ ဈေးစကားတွေက ပြည်သူတွေနား ထဲကို ရောက်နေတာတော့ ငြင်းလို့မရဘူး။

ရှင်းမရတာတော့မဟုတ်ဘူး၊ ဒါမျိုးဆို န.အ.ဖ ယောင်နနလုပ်ပြီး ရောင်ချင်ယောင်ဆူးပြီး ရူးချင်ယောင် ဆောင် ဝေါင်ဝေါရှေးတတ်တယ်။ ဒီလို celebrity image တွေရဲ့ပျက်စီး ပျက်သုန်းခြင်းဟာ လူတွေထဲကို အရောက်မြန်တာမို့ သူတို့သဘောကျတယ်။ လူတွေစာရိတ္တတွေပျက်သုန်း၊ ဒုက္ခသုက္ခတွေကို နပန်းလုံးနေရတာ ကို မဟာဗျူဟာမြောက်ခြင်းလို့ သူတို့ယူဆကြတယ်။

လူတွေရဲ့ ဒုက္ခတွေအတွက် လမ်းပေါ်ထွက် လမ်းလျှောက်တဲ့ ကိုယ်တော်တွေကိုတော့ ၀ါရင်းတုတ်သုံး လို့ တဗြုန်းဗြုန်းနဲ့ နာနာချခဲ့ပေမဲ့ နှစ်လုံး၊ သုံးလုံး၊ အခါတော်ပေး၊ ဘောလုံးဒိုင်လုပ်ကြတဲ့ ကိုယ်တော်တွေကို တော့ ဟမ်းဖုန်းတောင် ပေးလိုက်ကြသေးတယ်။

အမေရိကန်သမ္မတ ဘုရှ်မှာ Air-force One ရှိသလို တို့များ ကားယားတရွတ်ဆွဲကြီးမှာလည်း “ဆင်ဖြူတော်” လို့ခေါ်တဲ့ လေယာဉ်ကြီးရှိတယ်။ ဘုရှ်မှာ သူ့မျက်နှာနဲ့ Jesus လို ဘုရားရုပ်ထုမရှိပေမဲ့ တို့များ အကုသိုလ်အတုံးအခဲကြီးမှာတော့ သူ့မျက်နှာနဲ့ ဘုရားဆင်းတုတော်ရှိတယ်။ အမေရိကန်သမ္မတကြီးမှာ အိမ်ဖြူတော် တစ်ဆောင်သာရှိပေမဲ့ တို့များတပ်ချုပ်ကြီးမှာ ကျောက်စိမ်းစီ၊ Air-con အလုံး၅၀ကျော်တပ်စံအိမ် တော် ကြီးအပြင် ရတနာပုံ cyber ဗဟိုမှာ စင်ယော်(၁)၊ စင်ယော်(၂) စတဲ့ အိမ်မြို့တော်တွေရှိသေးသဗျ။ ကဲ- ဘုရှ်ရေ လူငယ်တွေ hand set ထဲမှာ ခေတ်စားနေတဲ့ ခင်ဗျားရုပ်ပုံမျိုးနဲ့သာ ဆဲပါတော့။ ခင်ဗျား ယှဉ်တုလို့ မှီမယ်မထင်ပါ။ ဒါဟာ ကျုပ်တို့ရဲ့ အကုသိုလ် ဗိုလ်ချုပ်ကြီးတွေပါ။

အရင်ခေတ်က ဘုရင်တွေမှာ ငတက်ပြားကို သားမက်တော်တဲ့ ရာဇ၀င်ရှိခဲ့သလားတော့ မကြားဘူး ပေမဲ့ ကျုပ်တို့ရဲ့ ဥမ္မတကော ဘုရင်ကြီးကတော့ ငတက်ဖြားကို သမက်တော်ပြီး တိုင်းပြည်တ၀ှမ်း ကြိုက်သလိုခိုး စေလို့ အပြုံးတော်တောင် မပျက်ပါဘူး။ ငတက်ပြားတစ်ယောက်ထဲခိုးနေရင် သူမရမှာစိုးလို့ ခမည်းခမက်တော် လိုက်သလားတော့ မပြောတတ်ကြောင်းပါ။

မြန်မာပြည်မှာ စီးပွားရေးလုပ်တဲ့လူတိုင်း သိကြပါလိမ့်မယ်။ မြန်မာပြည်မှာ “လာဘ်ပေးလာဘ်ယူ” စနစ်ဟာ လုံးဝချုပ်ငြိမ်းသွားပါပြီ။ “အံဆွဲ ဆွဲ”စနစ်ဆိုတဲ့ နည်းသစ်တမျိုးကို ရှာဖွေတွေ့ရှိသွားပါပြီ။ ဟိုခုံကူး၊ ဒီခုံ ကူးကိစ္စနဲ့ အရေးပေါ်ကိစ္စသာဆိုရင် သက်ဆိုင်ရာလူရဲ့ အံဆွဲလေးကိုဖွင့်ပြီး ခြင်္သေ့ကောင်ရေများများသာ ပစ်ထည့်လိုက်ပေတော့။ ဒီစနစ်သစ်က အဆင်ပြေရင် ကိုယ်တိုင်တောင် တံဆိပ်တုံးဝင်ထုလို့ရအောင်ကို မီးသေ သတဲ့။

“ဒီနေ့ လာရက်လား…၊ ဟင် လာရမှာလေ….၊ အေးလေ လာရက်ကြီးကို… လာလည်းလာဘူး၊ ဟင်… လာတာမှ ၁၅မိနစ်တောင်မပြည့်သေးဘူး…။ မလာချင်ရင်လည်း … လာမနေပါနဲ့တော့ဟာ” မြန်မာပြည်တွင် ထူးဆန်းသောကိစ္စရပ်ကြီးတစ်ခုဖြစ်ပေါ်နေပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအပေါင်း ကြားသိရလျှင် အံ့သြ လိမ့်မည်ဖြစ်သော်လည်း ပြည်တွင်းနေ ပြည်သူများအဖို့တော့ ထိုသတင်းသည် မထူးဆန်း၊ မိုးဟေကို၊ ပပ၀င်းခင်၊ ပွင့်နဒီမောင်၊ တင့်တင့်ထွန်း နောက်ဆုံး မျိုးကျော့မြိုင်လောက်တောင် မhot ။ အဘယ်ကြောင့်နည်း….။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းသည်ကား “ မြန်မာပြည်တွင် မီးများ အဆက်မပြတ်ပြတ်နေသော်လည်း မီတာကတော့ မီးမလာလည်း လည်နေဆဲ” ဟူ၍ဖြစ်သည်။

မြန်မာပြည်သူများ၏ “နေ့စဉ်သုံး ဝေါဟာရ” စာအုပ်ထုတ်မည်ဆိုလျှင် အပေါ်မှ ထိုစကားလုံးများသည် နေ့စဉ်သုံး၊ နေ့တိုင်းကြား မပြောမဖြစ် ပြောနေသောကြသော စကားလုံးများဖြစ်ပါ၍ ထိပ်ဆုံးမှ ဦးစားပေးသင့် ပါကြောင်း။

( အကုသိုလ်စကားများ တော်တော်ချရေးလိုက်ရ၍ ရင်ဘတ်ထဲ အတော်ချောင်ချိပြီး နေသာထိုင်သာ ရှိသွားပါပြီ။ သိပ်ရက်များများစားစားတော့ ခံမည်မထင်ပါ။ အကုသိုလ်မြို့တော်ကြီးမှ အမြန်လွတ်ကင်းရပါလို ကြောင်း ဆုတောင်းရင်း ဤစာစုအား အဆုံးသတ်ပါသည်။)

မင်းသစ်တည်

5 comments:

TTT said...

I wish everything end up with least cost and starts all over again from anywhere now.

I can see the fire burning up in everyone's heart.

Unknown said...

ဒီစာကို--ပြည်တွင်းမှာ--ဖြန့်သင်ပါတယ်---လူတော်တော်များများက--သိပ်မသိကြသေးဘူး--အထူးသဖြင့်--နယ်ကလူတွေ

Unknown said...

It shows not only your feeling but also our feelings.May than shwe and group fail soon.Thank you for this article.Keep the good job for the people of Burma.

Unknown said...

It shows not only your feeling but also our feelings.May than shwe and group fail soon.Thank you for this article.Keep the good job for the people of Burma.

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說