Monday 4 February 2008

တရားဥပဒေကို တောင်းဆိုခြင်း

ပြောချင်နေတာ ကြာပါပြီ။

ပထမဦးဆုံး အတွေးထဲ ၀င်လာတာကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ တရား ဥပဒေဆိုတာ ရှိပါသေးရဲ့လားဆိုတဲ့ အချက်ပါပဲ။

တရားဥပဒေ ဆိုတာ တိုင်းပြည်မှာ ပျက်သုဉ်းသွားရင်တော့ အဲဒီတိုင်းပြည်ဟာ ပျက်သုဉ်းသွားတာပါပဲ။ ဥပဒေရေးရာ လုပ်ငန်းစဉ်တွေမှာ လုပ်ကိုင်နေတဲ့ တာဝန်ရှိတဲ့ ၀န်ထမ်းတွေ ဥပဒေကို မလိုက်နာခြင်းဟာ တိုင်းပြည်ပျက်ဆီးနေပြီလို့ သက်သေပြချက် တစ်ခု ဖြစ်ပါတယ်။

ဥပဒေ မဲ့ခဲ့ရင် တိုင်းပြည် အုပ်ချုပ်နေတဲ့ လူတွေ ကိုယ်ကျင့်တရား ပျက်ပြားနေပြီး၊ တိုင်းပြည်မှာ အစိုးရဆိုတာကို လူထုက အားကိုးချင်စရာ လုံးဝ မရှိတော့ဘဲ၊ ပြည်သူတွေ အတိ ဒုက္ခ ရောက်နေကြပြီဆိုတာကို သိသာထင်ရှားစေပါတယ်။

အခြားကိစ္စရပ်တွေထက် လက်တလော သိသာထင်ရှားနေတဲ့ ကိုနေဘုန်းလတ် ကိစ္စကိုပဲ ကျွန်တော်တို့ High Light လုပ်ပြီး အနီးကပ်ကြည့်ရင်ပဲ တရားဥပဒေဆိုတာ ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ မရှိတော့ဘူးဆိုတာကို သိသာနေပါတယ်။

ကိုနေဘုန်းလတ်ဟာ သာမန် ပြည်သူ တစ်ယောက်၊ တိုင်းပြည်က တရားဝင်ပါတီ ဖြစ်တဲ့ NLD ပါတီဝင် တစ်ယောက်၊ ကိုယ်ပိုင် စီးပွားရေး လုပ်နေသူတစ်ယောက်၊ အင်တာနက်မှာ ဘလော့ရေးနေတဲ့ blogger တစ်ယောက်ပါ။ သူ့ blog လိပ်စာကတော့ http://www.nayphonelatt.net ဖြစ်ပါတယ်။ အဲဒါ ကျွန်သိတဲ့ နေဘုန်းလတ်ဆိုသူ တစ်ယောက်ပါ။

29 Jan 2008 မှာ အစိုးရ အာဏာပိုင်လို့ ခေါ်တဲ့ လူတစ်စုက သင်္ကန်းကျွန်းက အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှာ ဖမ်းဆီးသွားပါတယ်။ အခု အချိန်အထိ မိသားစုက ကိုနေဘုန်းလတ် ဘယ်မှာ၊ ဘာကြောင့် ဘာအတွက်နဲ့၊ ဘယ်အဖွဲ့ အစည်းက ဖမ်းသွားတာလဲ မသိရသေးပါဘူး။

ကိုနေဘုန်းလတ် တယောက် တရားဥပဒေကို ချိုးဖောက်ခဲ့သူ ဖြစ်ခဲ့လျှင်တောင်၊ သူ အဖမ်းခံရတဲ့ ဖြစ်ရပ် တစ်ခုလုံးမှာ တရားဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာ လုံးဝ မမြင်တွေ့ရပါဘူး။ တိုင်းပြည် ၀န်ထမ်းတွေ အားလုံးကလည်း တရားဥပဒေဆိုတာ မေ့နေကြပုံရပါတယ်။ ရဲ ၀န်ထမ်း၊ တရားရေးရာ ၀န်ထမ်း၊ ထောက်လှမ်းရေးကစလို့ သူ့ကို ဖမ်းဆီးတဲ့ ဖြစ်စဉ် အစအဆုံး ပါဝင် ပတ်သတ်နေတဲ့ ၀န်ထမ်းတွေအားလုံး ဥပဒေဆိုတာကို လုံးဝ မသိတော့တာတော့ ကိုနေဘုန်းလတ် ဖမ်းခံရတဲ့ ကိစ္စမှအစပြုပြီး တစ်နိုင်ငံလုံးအတွက် ရင်နာစရာပါပဲ။

လူတစ်ယောက်ကို နေရာတစ်ခုကနေ လူတစ်စုက ခေါ်သွားတယ်။ မိသားစုနဲ့ အဆက်အသွယ် ပေးမလုပ်ဘူး။ ဘာကြောင့် ဖမ်းသွားမှန်း မသိဘူး။ ဒါဟာ ပြန်ပေးဂိုဏ်က လူတွေ လုပ်လေ့ လုပ်ထ ရှိတဲ့ အလေ့အကျင့်တွေပါ။
အစိုးရ အဖွဲ့ အစည်းကလူတွေဟာ အဲဒီလို ကိစ္စတွေကို တရားလက်လွတ် လုပ်လို့ မရပါဘူး။

လူတယောက်ကို ဖမ်းဖို့ အနည်းဆုံး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းကနေ ဖမ်းဖို့အတွက် ဖမ်းဝရမ်းပါရပါတယ်။ မိသားစုကို ဘာကြောင့် ဘယ်အဖွဲ့ အစည်းက၊ ဘယ်နေရာမှာ ဖမ်းတယ်ဆိုတာ ပြောရပါတယ်။ ဒါဟာ တရားဥပဒေ လိုက်နာတဲ့ တိုင်းပြည်က ဥပဒေ ထိန်းသိမ်းရေး ၀န်ထမ်းတွေရဲ့လုပ်ရတဲ့ တာဝန်ပါ။ တိုင်းပြည်ရဲ့ ဥပဒေပါ။ အားလုံး လေးစားရပါတယ်။ လိုက်နာရပါတယ်။ ကျွန်တော် ဒီနေရာမှာ ကိုနေဘုန်းလတ် အပြစ် မရှိဘူးလို့ ငြင်းနေတာ မဟုတ်သလို၊ အပြစ်ရှိတယ်လို့လဲ ပြောနေတာ မဟုတ်ပါ။

အခု ကိုနေဘုန်းလတ်ကို ဖမ်းသွားတဲ့ လူစုဟာ အာဏာပိုင် အဖွဲ့အစည်း၊ တိုင်းပြည်ရဲ့ ၀န်ထမ်းတွေဆိုတာထက် ဥပဒေကိုဖောက်ဖျက်နေတဲ့ ပြန်ပေးဆွဲ ဒုစရိုက် သမားတွေပါ။ ဒါဆို တိုင်းပြည်ရဲ့ တရားဥပဒေ ရေးရာမှာ လုပ်နေတဲ့ ၀န်ထမ်းတွေ အားလုံးဟာ ပြန်ပေးသမားတွေလို့ ကျွန်တော် စွပ်ဆွဲရင် မှားမယ် မထင်ပါဘူး။

ဒါကြောင့် အခုလို တရားလက်လွတ် ဥပဒေမဲ့ ဒုစရိုက်သမား ဆန်ဆန် လုပ်ဆောင်နေသော တိုင်းပြည်ဝန်ထမ်းများကို တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ကိုနေဘုန်းလတ်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

ကိုနေဘုန်းလတ်၏ နောက်ဆက်တွဲ သတင်း
(from mizzima)

ရက်အတန်ကြာ ပျောက်ဆုံးနေသူ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို ရန်ကုန်မြို့ရှိ ပြည်ထဲရေး ဝန်ကြီးဌာနတွင် တွေ့မြင်ခဲ့ရသည်ဟု ယနေ့တွင် လွတ်မြောက်လာသော ဒဂုံမြို့သစ်မှ NLD အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် အမျိုးသမီးတဦးကို ပြည်ထဲရေး ဌာနအတွင်း ယမန်နေ့က တွေ့မြင်ခဲ့ရသည်ဟု လွတ်မြောက်လာသူ အဆိုပါ အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ကိုနေမျိုးကျော် (နေဘုန်းလတ်) နဲ့ အမျိုးသမီးတယောက်ကို မနေ့ညက ကျနော်တို့ ပြည်ထဲရေးမှာ တွေ့လိုက်ရတယ်။ အဝေးက လှမ်းတွေ့လိုက်ရတာဆိုတော့ စကားပြောခွင့် မကြုံလိုက်ရဘူး” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုသီဟန်က မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်ကို လိုက်လံ ရှာဖွေနေသူများ အဆိုအရ သူ့ကို အာဏာပိုင်များက ဒဂုံ ရဲစခန်းတွင် ဦးစွာ ထိန်းသိမ်းထားခဲ့ရာမှ စနေ့နေ့မှ စတင်ကာ ပြည်ထဲရေး ဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို ဘာကိစ္စနဲ့ ခေါ်မေးနေတယ် ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။ ကြားထားတာ တခုကတော့ ဒဂုံရဲစခန်းက သူ့ကို တရားစွဲထားတယ်တဲ့။ ဘာပုဒ်မနဲ့လည်းဆိုတာ မသိရသေးဘူး” ဟု ကိုနေဘုန်းလတ်နှင့် နီးစပ်သူတဦးက ပြောသည်။

သူနှင့်အတူ အမျိုးသမီးတဦးကိုလည်း ပြည်ထဲရေးဌာနတွင် စုံစမ်း စစ်ဆေးခံနေသည်ဟု သိရသော်လည်း အမျိုးသမီး၏ အမည်ကို မသိရှိရသေးပါ။

အာဏာပိုင်များက ကိုနေဘုန်းလတ်နှင့် နီးစပ်သည့် မိသားစုဝင်များ၏ နေအိမ်များကို လိုက်လံရှာဖွေစဉ် ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သဖြင့် စစ်ကြောနေစဉ် ညှဉ်းပမ်းနှိပ်စက်မှု လုပ်ခံရမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်နေရသည်ဟု ဆိုသည်။

၇ ရက်ကြာ အာဏာပိုင်များ၏ ထိန်းသိမ်းခြင်း ခံထားရသည့် ကိုနေဘုန်းလတ်ကို ခင်မင်ရင်းနှီးသူ မိတ်ဆွေများက သူ၏ ကိုယ်ပိုင် အင်တာနက်ဘလောက် nayphonelatt.blogspot.com တွင် သူ့အတွက် စိုးရိမ်ကြောင်း၊ အမြန် လွတ်မြောက်စေလိုကြောင်း ဆုတောင်းပေးခြင်းများ၊ အားပေးစကားများ ပြောဆိုထားကြသည်။

ကိုနေဘုန်းလတ် ပျောက်ဆုံးပြီး ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များမှ ခဏတဖြုတ် မေးမြန်းရန် ရှိသည်ဟုဆိုကာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခေါ်ဆောင်သွားခံရသူ ဒဂုံမြို့သစ်မှ NLD လူငယ်တာဝန်ခံ (၁) ကိုသီဟန်၊ တွဲဖက်တာဝန်ခံ ကိုညီညီမင်း၊ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ ယနေ့ နေ့လည်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

သူတို့ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် အရာရှိ ၄ ဦးက Asian Human Rights Council (အာရှ လူ့အခွင့်အရေး ကောင်စီ) မှ ထုတ်ဝေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားနိုင်သည့် စာရွက်များကို လူထုအကြား ဖြန့်ဝေသည်ဟု အထင်မှားကာ ခေါ်ယူ မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ကိုသီဟန်က ပြောသည်။

1 comment:

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說