Thursday 21 February 2008

ကျနော့် ရင်ထဲကအယူအဆအတိုင်း ဆွေးနွေးခွင့်ပြုပါ။

(ကိုစံ ဆိုသူ တစ်ယောက်ရေးပို့လာသော စာအား ပြန်လည် မျှဝေလိုက်ပါသည်။ ဘာကြောင့် နအဖ၏ ဆန္ဒခံယူပွဲကို မဖြစ်အောင် လုပ်သင့်သည်ကို ဆွေးနွေးထားသော ဆွေးနွေးချက်များ ဖြစ်ပါသည်။ လုပ်ငန်းသဘော ဆောင်ရွက်နိုင်အောင်လည်း တိုက်တွန်းထားပါသည်။ ဘယ်လို လုပ်ဆောင်ကြမည်ဆိုသော အသေးစိပ်အား ဆန္ဒရှိသူများ နီးစပ်ရာတွင် ကိုယ့်နည်းဖြင့် ကိုယ့်ဘာသာ လျှို့ဝှက် ဆောင်ရွက် ကြရန်တိုက်တွန်းလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်)

@@@@@@@@@@@@@@@@@@@

ကျနော့်အနေနဲ့ ဒီစစ်အစိုးရရဲ့ မည်သည့်လုပ်ရပ်ကိုမျှ အယုံအကြည်မရှိပါ၊ သူတို့၏လုပ်ရပ်တိုင်းသည် သူတို့အတွက်သာဖြစ်ပါသည်။ ထိုအချက်ကို ကျနော်တို့ တမျိုးသားလုံး၏ သွေးများဖြင့်ရင်းခဲ့ရသည့် သာဓကများကို ပြန်ကြည့်လျင်သိနိုင်ပါသည်။

ထို့ကြောင့် ယခုသူတို့ပြုလုပ်မည်ဟု ကြွေးကြော်ထားသော ပထမခြေလှမ်း ဆန္ဒခံယူပွဲအား မည်သည့်နည်းနှင့်မျှ အကောင်အထည်ဖော်ခွင့်မရအောင် တမျိုးသားလုံး အင်တိုက်အားတိုက် ကန့်ကွက်ကြရပါမည်။ အကယ်၍ အကောင်အထည်ဖော်ခွင့်ရသွားပါက စစ်အစိုးရအနေဖြင့် နည်းပေါင်းစုံသုံး၍ သူတို့အလိုအတိုင်း မဖြစ် ဖြစ်အောင် လုပ်သွားမည်ဖြစ်ပါသည်။

မသမာမှုကို ကမ္ဘာတဝှမ်းသိမည်ကနောက်မှ၊ သူတို့၏ လမ်းပြမြေပုံကို အောင်မြင်အောင် ဆောင်ရွက်နေသည်ဆိုသော ပြယုဂ်က အရင်ပေါ်ထွက်သွားမည် ဖြစ်ပါသည်။ ကျနော်တို့၏ ကန့်ကွက်မဲဆန္ဒများသည် သူတို့၏ အဖြေတွင် ထောက်ခံမဲများဖြစ်သွားမည်ဆိုသည်ကို စစ်အစိုးရ၏ ဂုဏ်သိက္ခာမရှိသော အရှက်မရှိသော လုပ်ရပ်ပေါင်းများစွာက ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် ညွှန်ပြနေပါသည်။

နိုင်ငံတကာနဲ့ တမျိုးသားလုံးက တောင်းဆိုနေသော တွေ့ဆုံဆွေးနွေးရေးဆိုသည့် စကားသည် အဲဒီပွဲနှင့် အပြီးတိုင် ခြေမှုန်းခံလိုက်ရမည်ဖြစ်ပါသည်။ ရွေးစရာလမ်းလည်း ရှိမည်မဟုတ်တော့ပါ၊ ကုလလည်း ဘာမှပြောနိုင်တော့မည် မဟုတ်ပါ။ အာဆီယံကလည်း အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ပါလို့သာ ပြောနိုင်တော့မည်ဖြစ်ပါသည်။

ထိုသို့လျင် ဒုတိယခြေလှမ်းဖြစ်သည့် ရွေးကောက်ပွဲကို ခပ်တည်တည်နှင့်ပင် ပြုလုပ်သွားတော့မည် ဖြစ်ပါသည်။
အဲဒီ ပထမခြေလှမ်းဖြစ်သည့် အခြေခံဥပဒေ ထောက်ခံခြင်းဆိုသည့် အဖြေတစ်ခုသည် စစ်အစိုးရအတွက် အရေးအကြီးဆုံးသော ခြေလှမ်းပင်ဖြစ်ပါသည်။ ယင်းခြေလှမ်းဖြင့် အရာရာကို နင်းခြေအနိုင်ယူပြီး၊ ရလဒ်ကို အသေဆုပ်ကိုင်ထားမည် ဖြစ်ပါသည်။ မသမာမှုပေါင်းစုံဖြင့် ပြီးပြည့်စုံနေသော စစ်အစိုးရ၏ အခြေခံဥပဒေသစ်သည် တမျိုးသားလုံးနလန်မထူ လူညွန့်တုံးမည်ဖြစ်သည်ကို အားလုံးသော ပြည်သူပြည်သားအပေါင်းက မမှိတ်မသုန်ယုံကြည်ပြီးသားဖြစ်ပါသည်။

ကျနော်တို့ကမည်မျှပင် ကန့်ကွက်မဲတွေထည့်ထည့်၊ လက်မခံပါဘူး ဘယ်လောက်ပင်အော်အော်၊ အဲဒီဆန္ဒခံယူပွဲ
ကျင်းပခွင့်ရသွားလျှင်ပင် စစ်အစိုးရအတွက် လက်ခမောင်းခပ်ခွင့် ရသွားပြီဖြစ်ပါသည်။ ဟိုလူက အရည်အချင်းမမှီလို့ ဒီလူက တရားမဝင်လို့ဆိုသော အခြေခံဥပဒေသစ်တွင် ပါဝင်သော အချက်များကို ထောက်ပြကာ ထောက်ပြကာဖြင့် ကိုယ့်လူ သူ့ဘက်သားများဖြင့် အဖြေရှိပြီးသားရွေးကောက်ပွဲကြီးအား ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့်ပင် မြိုင်မြိုင်ကြီးလုပ်ပြကောင်း လုပ်ပြပေလိမ့်ပါအုံးမည်။

ထို့ကြောင့် တမျိုးသားလုံးအနေနှင့် ကမ္ဘာ့အလည်မှာ ကျနော်/ကျမဟာဖြင့် မြန်မာပါလို့ ပြောရဲချင်သေးတယ် ဆိုရင်တော့ အဆိုပါ "အခြေခံဥပဒေသစ်" အတွက်ပြုလုပ်မည့်ပွဲအား မပျက်ပျက်အောင် ဖျက်ရမည်ဖြစ်ပါသည်။

(ကျနော်၏ အဆိုပြုချက်အား လက်ခံသူများရှိပါက စုစည်းညီညွတ်စွာဖြင့် လျှို့ဝှက်အဖွဲ့များဖွဲ့၍ တောရောမြို့ပါမကျန် လူထုလူတန်းစားအသီးသီးသို့ ထိုအသိတရားများ စိမ့်ဝင်အောင်စည်းရုံးကြရပါမည်။)

ဒီပွဲဖြစ်သွားပါက ......

- လယ်သမားလူတန်းစားလည်း ဘယ်တော့မှ လယ်မပိုင်သော လယ်သမားများဆက်ဖြစ်နေမည့်အကြောင်း။
- အလုပ်သမား လူတန်းစားသည်လည်း နံနက်စာနှင့် ညစာအလျှင်မမှီသောဘဝများ၊ အပေါင်ဆိုင်နှင့် မိတ်ဆက်
နေရသောဘ၀များမှလွတ်နိုင်တော့မည်မဟုတ်ကြောင်း။
- အခြေခံဝန်ထမ်းများကြားတွင်လည်း သမာအာဇီဝကျကျနှင့် ခိုင်မာသော ဘ၀အာမခံချက်များပေးနိုင်မည့်
ဘ၀များဘယ်တော့မှရတော့မည်မဟုတ်ပဲ ဒုက္ခသံသရာတောမှလွတ်ကင်းနိုင်တော့မည်မဟုတ်ကြောင်း။
-ပညာတတ် လူတန်းစားများကြားတွင်လည်း မျိုးဆက်သစ်များ နလန်မထူနိုင်တော့သည့် ဘဝဆိုးကြီးသို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်သွားပြီး (၅)ပါးသီလမလုံသော အလုပ်အကိုင်များဖြင့် ရှင်သန် အသက်မွေးရတော့မည် ဖြစ်ကြောင်း။
- ကုန်သည်ပွဲစားများကြားတွင်လည်း မခိုင်မာသောစီးပွားရေးစနစ်ဆိုးကြောင့် မည်သည့်စီးပွားရေးလုပ်ငန်းနှင့်မျှ
ကောင်းရောင်းကောင်းဝယ်မလုပ်စားနိုင်တော့မည့်အပြင် စိတ်ချလက်ချအိပ်မရနိုင်သော သောက၀န်ထမ်းများ
အဖြစ်အသက်တို၊ အဆင်းမလှဖြစ်ရတော့မည့်အကြောင်း။
- အရာခံ၊ အကြပ်၊ စစ်သည် (အခြားအဆင့်)များကြားတွင်လည်း လူဝတ်လဲမည့် စစ်အစိုးရသည် လူဝတ်ဖြင့် လှည့်ခိုး၊ လှည့်ဆိုးအုံးမည်ဖြစ်သဖြင့် စစ်တပ်ရိက္ခာအား ယခုရှိရင်းစွဲ လောက်ပင်မထောက်ပံ့နိုင်တော့မည့် အကြောင်း၊ ထို့ပြင် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးသည်လည်း တောပြန်ဝင်၍ တော်လှန်ကြအုံးမည်ဖြစ်သဖြင့်၊ တိုက်ပွဲကြီးငယ်များ အများအပြားပေါ်ပေါက်ပြီး အသက်ခန္ဓာတည်မြဲမှုမှာ အာမ မခံနိုင်တော့ကြောင်း။
- နိဂုံးချုပ်အားဖြင့် ဒီနိုင်ငံမကောင်းရင် ဒီပြင့်နိုင်ငံပြောင်းနေမည်ဟု စိတ်ကူးထားသူများအား အာမခံချက်မရှိသော နိုင်ငံမှလာသူ (တနည်းအားဖြင့်) “မြန်မာ” ဟုဆိုလိုက်လျှင် နှာခေါင်းရှုံ၍ အဆင့်အတန်းခွဲခြားမည် ကိုခံရမည်ဖြစ်ကြောင်း၊ ထဲထဲဝင်ဝင်ရှင်းပြပြီး၊ ယခုကျင်းပမည့်ပွဲများအား နည်းမျိုးစုံဖြင့်တိုက်ဖျက်သွားရန် လှုံဆော်စည်းရုံးကြရပါမည်။

ကျနော်တို့တွင်အချိန်မရှိတော့ပါ အလျှင်အမြန်လှုပ်ရှားကြရပါတော့မည်။

ကျနော်၏ ဆွေးနွေးချက်များသည် အမှန်ဆုံးဟုမဆိုလိုပါ၊ အားလုံး၏ ဖြစ်နိုင်ခြေရှိသော ဆွေးနွေးချက်များကိုလည်း ကျနော် သိလို၊ ကြားလို၊ လက်ခံလိုပါသည်။

လေးစားစွာဖြင့်
ကိုစံ

4 comments:

Kyaw Zin said...

ကိုစံ၏ အယူအဆကို လက်ခံပါ သဘောတုပါသည်။

Unknown said...

I agree with you and it should be done asap.

moethee.blogspot.com said...

Ko San,Ko Htike,

Absolutely right! 100% agree with you. Costly for the public but most fearful for SPDC is " Street Protest ". I think the reason behind why SPDC plans to do the referendum hastily is that they think current situation is unlikely to become "street protest" again( by detaining all 88 student leaders and prominent monks in jails). Myanmar public need to show " A BIG NO" to the world. There may be a high cost of public lives if we wage street protests but this most selfish government leaves us no other choice.

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說