Thursday 14 February 2008

ပြောချင်ရာ.... ပြော

ကဲ .. ဒီနေ့ မြန်မာ့နိုင်ငံရှေ့ရေးအတွက် နအဖက မတရားတာ လုပ်တာကို ဘယ်လိုမှ မခံစားနိုင်တော့လို့ ဒီနေရာမှာ ပြောချင်ရာ ပြော ပို့စ်ကို တင်လိုက်ပါတယ်။ အောက်က comment မှာ ပြောချင်ရာ ပြောဗျာ။

ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး။

အောက်မှာတော့ ကိုမင်းသန့်ဆိုတဲ့ လူတစ်ယောက် ပို့လာတဲ့ မေးလ်ကို ဒီမှာတင်လိုက်ပါတယ်။

..................................................

သြဂုတ်လမှာ လူတွေ ဆင်းရဲနေတာကို သိသိကြီးနဲ့ သူတို့ မတရားစားနေရတော့ ပြည်သူကို ဒုက္ခပေးချင်တာနဲ့ ဆီဈေး မတရားတတ်တယ်။ ဆီဈေးချပေးဖို့ လူတွေ၊ သံဃာတွေ ဆန္ဒပြတယ်။ အဲဒီ ပြတဲ့ လူတွေ၊ သံဃာတွေကို သတ်တယ်၊ ဖမ်းတယ်၊ နှိပ်စက်တယ်။ ဆီဈေး ကျမလာဘူး။ ပြည်သူ့ သွေးတွေ လမ်းမှာ စွန်းထင်းခဲ့ရတယ်။ ဒါလား ခင်ဗျားတို့ တိုင်းပြည်ကို ချစ်နေတာလို့ ပြောနေတဲ့ မြန်မာ့တပ်မတော် ဆိုတာကြီး။

ဒီနေ့ မယဉ်ကျေးနိုင်တော့ဘူး။ တပ်မတော်တစ်ခုလုံးကို ပြောချင်တယ်။ အရင်လို တပ်နဲ့ နအဖဆိုတာ ခွဲမနေတော့ဘူး။ စစ်သားတွေအားလုံး ....... မတရားတဲ့ လူမဆန်တဲ့ မိစ္ဆာဒိဌိကြီးကို လက်အုပ်ချီပူဇော်နေတဲ့ စစ်သားတွေ အားလုံး အတူတူပဲ။

ပြည်သူတွေ အကုန်လုံးက တိုင်းပြည်အတွက် ကောင်းအောင် လုပ်ပေးပါ။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး၊ တောင်းတောင်းပန်ပန် တမျိုး၊ အော်ဟစ်ပြီးတော့ တမျိုး ပြောကြတယ်။ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ နအဖတွေက နားပင်းနေတယ်။ ခင်ဗျားတို့ ကိုယ်တိုင်က သခင်အလိုကျ လိုက်ကိုက်တယ်။

စစ်သားလည်း အတူတူပဲ၊ ရဲ၊ ထောက်လှမ်းရေး၊ အကျဉ်းဝန်ထမ်း၊ ကြံဖွတ်၊ စွမ်းအားရှင်၊ တရားသူကြီး .... ခင်ဗျားတို့ အားလုံးဟာ တိုင်းပြည်ကို ဖျက်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေ။ ခင်ဗျားတို့ တတ်ထားတဲ့ ပညာတွေ အလကားပဲ။ အချိန်တန်ရင် သန်းရွှေကို ကန့်တော့နေတာနဲ့ ပြည်သူကို နှိပ်စက်ဖို့ပဲ တတ်တယ်။

ခင်ဗျားတို့ ဘ၀တွေ ဘယ်တော့မှ အေးအေးချမ်းချမ်း မနေရဘူးမှတ်ပါ။ ခင်ဗျားတို့သားသမီးတွေလည်း အဲဒီလို ဘယ်တော့မှ အေးအေးချမ်းချမ်းနေရမှာ မဟုတ်ဘူး။ ပြည်သူတွေက သေတောင် ခင်ဗျားတို့ကို မကြေဘူး။ မတရား အမိန့်ချတဲ့ တရားသူကြီးတွေ၊ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ ကြံဖွတ်တွေ၊ ရယကတွေ၊ စွမ်းအားရှင်တွေ၊ အကျဉ်းဝန်ထမ်းတွေ၊ နအဖ အဖွဲ့ဝင်တွေ၊ စစ်သားတွေ ခင်ဗျားတို့ ဘ၀တွေမှာ တသက်လုံး မတရားတာတွေနဲ့ နောင်ဘ၀အထိ ဖြစ်လေရာ ဘ၀(လူပြန်မဖြစ်တာတော့ သေချာတယ်) မှာ ဒုက္ခပေါင်းစုံနဲ့ တွေ့ရပါစေ။

အခုလည်း ဒီလောက် တိုင်းပြည်ကောင်းအောင် လုပ်ပေးပါ၊ သင်ပုန်းချေရေး လုပ်ပါမယ်လို့ ပြောနေတာတောင် ခင်ဗျားတို့ လူလို နားမလည်တဲ့ သတ္တ၀ါတွေက လမ်းပြမြေပုံ ၇ ရပ်တဲ့။ အရှက်မရှိ နောက်တခါ ရွေးကောက်ပွဲလုပ်မယ်တဲ့။ ခင်ဗျားတို့ လူလို သိပါ။ လူလိုနားလည်းပါ။ ခင်ဗျားတို့ နအဖတွေဟာ လူကမွေးတာ မဟုတ်တော့ လူလို နားမလည်တာလား မသိဘူး။ ဘာတပ်မတော်သားလဲ။ သတ္တိ တစ်စက်မှ မရှိတဲ့ တပ်မတော်သားတွေ။

တိုင်းပြည်မှာ အေးချမ်းလာအောင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပါလို့ ပြောတယ်။ ခင်ဗျားတို့က နောက်ထပ် လူ ၂၀၀ လောက်ဆက်ဖမ်းတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ကြပါလို့ ပြောနေကြတာကို ..... အခုတော့ ဘာမှ မလုပ်နိုင်ဘဲ အိမ်မှာ အဖမ်းခံနေရတဲ့ ဦးတင်ဦးကို နောက် တစ်နှစ် အကျဉ်းထပ်ချတယ်။ ခင်ဗျားတို့ လူတွေမဟုတ်ဘူးဆိုတာ ပြနေတာပဲ။ နေဘုန်းလတ်၊ ကိုစောဝေ အပါအ၀င် ဘာမှ မဟုတ်တာ မလုပ်တဲ့လူတွေကို ခင်ဗျားတို့ ဖမ်းတယ်။ ခွေးကမှ ထမင်းကျွေးတဲ့ လူကို ဘယ်တော့မှ မကိုက်တတ်ဘူး။ ခင်ဗျားတို့က ခွေးလောက်မှ မသိဥာဏ် မရှိတဲ့ သတ္တ၀ါတွေ။

အခုလည်း ကျောင်းသားရှိရင် ကျောင်းသာသမဂ္ဂ ရှိရမယ်လို့ ပြောတဲ့ ကိုသီဟ ကို ထောင်တစ်သက်တကျွန်း ချတယ်တဲ့။ အဲဒီ အမိန့်ချတဲ့ တရားသူကြီး ခင်ဗျားကို ကျုပ် အိမ်ကနေ နေ့တိုင်း ကျိန်ဆဲနေမယ်။

နောက်ဆုံး လူကို လူချင်း မနိုင်တော့ မတရားတဲ့ နည်းနဲ့ ပဒိုမန်းရှာကို လုပ်ကြံခဲ့တယ်။ ခင်ဗျားတို့ ဒီမတရားတဲ့ နအဖ ယန္တယား တစ်ခုလုံးမှာ လည်ပတ်အောင် အလုပ်လုပ်ပေးနေတဲ့ လူတွေ အားလုံး (လောဘတတ်လို့ လုပ်လုပ်၊ ကြောက်လို့ လုပ်လုပ်၊ မလွှဲသာလို့ လုပ်လုပ်) ခင်ဗျားတို့ အားလုံး နောင်တရကြပါ။ ပြည်သူအတွက် အလုပ်လုပ်ပါ။ ခင်ဗျားတို့ နောင်တ မရရင် ... ခင်ဗျားတို့ ဘ၀တွေ၊ ခင်ဗျားတို့ မိသားစု ဘ၀တွေ၊ ခင်ဗျားတို့ သားသမီး ဘ၀တွေ အားလုံး နောင်တစ်သက် ဘယ်တော့မှာ လူနဲ့ တူတဲ့ လူတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါ သေချာတယ်။

ကျုပ် ကိုယ်တိုင်လည်း ဘ၀ ကိုရင်းပြီး ခုနလို မတရား အမိန်ချတဲ့ တရားသူကြီးတွေကို ရှာပြီး တသက်လုံး တသက်တကျွန်းစာ ဒုက္ခလိုက်ပေးမယ် ဆိုတာ ဒီနေရာကနေ ကတိပေးတယ်။ သေသွားတောင်မှ ဒုက္ခလိုက်ပေးမယ်။ ဘယ်တော့မှ မကြေဘူး။

ပြည်သူတွေ အေးချမ်းပါစေ။
မင်းသန့်

5 comments:

TTT said...

there are a lot more to say.....just like what Ko Min Thant said..I am sure millions of people are just like us.but the problem dost not stop here..there are more coming...unless something miracle happens

Nanda said...

Yes, that miracle would come if people can unanimously say "NO" to their sham constituion. We need to educate people inside more how wicked it is. As far as I talked to the people, they are badly uninformed about it. I found the article in the following link very informative. Let's distribute it as much as we can
http://www.mediamax.com/aungsanlin/Hosted/Reject2008May-1.pdf

nyeinchan said...

အဓိပ္ပါယ်မဲ့ မကြာကြာအောင်အချိန်ဆွဲကျင်းပတဲ့ ညီလာခံကြီးနဲ့ နိုင်ငံတကာကိုပြရုပ်လုပ်။ လာပြန်ပြီ ဆန္ဒခံယူပွဲနဲ့ လိမ်ပြန်အုံးမယ်။ အခြေခံဥပဒေ (Constitution) ဆိုတဲ့ အဓိပ္ပါယ်ကို ရော သဘောပေါက်ကြရဲ့ လားမသိဘူး။ အုပ်ချုပ်ခံ လူထုလူတန်းစားအသီးသီးက အများသဘောတူ တဲ့ ကိုယ်စါးလှယ်တွေ အားလုံးပါဝင်ရေးဆွဲတာကိုမှ Consitution လို့ခေါ်တယ်ဆိုတာ နားမလည်ကြဘူးလား?? မင်းတို့ စိတ်တိုင်းကျရေး။ ဘာမှမဝေဖန်နဲ့ ဝေဖန်ရင်၊ ကန့် ကွက်ရင် အကြံပေးရင်တောင် မတရားဥပဒေကြီးနဲ့ ဖမ်းဆီး။ ဒါလား Constitution!
သဘောမတူဘူး တဘောမတူဘူး သဘောမတူဘူး. အားလုံးကန့် ကွက်ကြပါ။ နီးစပ်ရာကို ရဲရဲတင်းတင်း ကန့်ကွက်ရဲဖို့ စည်းရုံးကြပါ။

TTT said...

T Nanda

Yes, I absolutely agree with you. To educate people, we need money. If public do not even have money to eat, how are they going to have education. We are completely dead here; as long as they are there, we will never get money to get real education, and they will be there forever because public do not have enough education.

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說