Tuesday 12 February 2008

နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .. အပိုင်း(၄)

(တစ်ခါ အလိမ်ခံရလျှင် လိမ်သူ၏ အပြစ်သာ ဖြစ်ပြီး၊ နှစ်ခါ အလိမ်ခံရလျှင် အလိမ်ခံရသူ၏ အပြစ်သာဖြစ်သည်။ ၁၉၉၀ တွင် နအဖ က လိမ်ခဲ့ပြီးပြီ ဖြစ်သည်။ ယခု ၂၀၀၈ တွင် ...........)

( ဇ ) အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီး - - -

-၂၈- ( ၁ ) နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။

အခြေခံမူ ( ၂၈ ) အရ အုပ်ချုပ်ရေး အကြီးအကဲသည် ၀န်ကြီးချုပ်သာလျှင် ဖြစ်ရမည်။

-၂၉- ( ၂ ) နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ် ပေးသည့်အတိုင်း ခွဲဝေ အပ်နှင်းသည်။

-၃၀- ( ၃ ) ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ် အုပ်ချုပ်ရေး စသည့်တာဝန်များ ထမ်းဆောင်နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သားများပါဝင်သည်။

အခြေခံမူ ( ၃၀ ) အရ တပ်မတော်သားများ နေရာတကာ မပါဝင်စေရပါ။ ထို့ကြောင့် အာဏာသုံးရပ်ကို သီးခြားဖြစ်နေရန် ခွဲခြားထားရမည်။

-၃၁- ( ၄ ) အထက် အပိုဒ် ( ဆ ) အပိုဒ်ခွဲ ( ၅ ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင် ကိုယ်စားလှယ်ပါဝင်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်အုပ်ခွင့်ရ စီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသား လူမျိုးများ ရေးရာကို ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်ဖြစ်သည်။

-၃၂- ( ၅ ) အထက်အပိုဒ် (ဃ) အပိုဒ်ခွဲ (၅) နှင့် (၆)၊ အပိုဒ် (ဆ) အပိုဒ်ခွဲ (၅)နှင့် ဤအပိုဒ် အပိုဒ်ခွဲ (၄)ပါ ကိစ္စရပ်များကို နိုင်ငံတော်က ကော်မရှင် ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။

(ဈ) တရားစီရင်ရေးနှင့် စပ်လျဉ်းပြီး

-၃၃- ( ၁ ) နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားလွှတ်တော်များ အပါအ၀င် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေ အပ်နှင်းသည်။

-၃၄- ( ၂ ) ပြည်ထောင်စုတွင် ပြည်ထောင်စု တရားလွှတ်တော် တစ်ရပ်ထားရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်သည်နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။

-၃၅- ( ၃ ) ပြည်ထောင်စု တရားလွှတ်တော်တွင် စာချွန်တော် အမိန့်များ ထုတ်ပိုင်ခွင့် အာဏာများရှိသည်။

-၃၆- ( ၄ ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော် တစ်ရပ်စီ လည်းကောင်း၊ ပြည်နယ်တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်။

-၃၇- ( ၅ ) အောက်ပါ တရားစီရင်ရေးမူများ သတ်မှတ်သည်။
- ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေး
- ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့ မှောက်တွင် တရားစီရင်ရေး
- အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေးဟု အခြေခံမူများ ချမှတ်ပါတယ်။

( ည ) တပ်မတော်နှင့် စပ်လျဉ်းပြီး

-၃၈- ( ၁ ) တပ်မတော်သည် အင်အားတောင့်တင်းပြီး ခေတ်မီသည့် တစ်ခုတည်းသောတပ်မတော်ဖြစ်သည်။

အခြေခံမူ ( ၃၈ ) အရ တိုင်းပြည်အင်အား ရှိမှ သာလျှင် တပ်မတော်အင်အားလည်း အလိုအလျောက် တောင့်တင်းပေမည်။ `နွားရှေ့ ထွန်ကျူး´ ဆိုသည့် ဆိုရိုး စကားအတိုင်း တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည်မှာ `ပြဒါးတစ်လမ်း သံတစ်လမ်း´ ဆိုသည့်ဥပမာအတိုင်း ဖြစ်နေသည့်အတွက် အထူးဂရုပြုသင့်ပေသည်။

-၃၉- ( ၂ ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

-၄၀- ( ၃ ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်။
အခြေခံမူ ( ၄၀ ) အရ ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲသာ ဖြစ်ရမည်။ ပြည်ထဲရေး တပ်များ၏ အကြီးအကဲ မဖြစ်စေရ။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့များမှာ တပ်မတော်မှ ပြည်သူလူထုအပေါ် လက်ဝါးကြီး မအုပ်စေရန် ဥပဒေကြောင်းအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။

-၄၁- ( ၄ ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။

-၄၂- ( ၅ ) ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တန့် ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်။

-၄၃- ( ၆ ) တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။

အခြေခံမူ ( ၄၃ ) အရ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန်အစား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသော အစိုးရကို သစ္စာစောင့်သိရပါမည်။ သို့မှသာလျှင် ဒီမိုကရေစီနိုင်ငံတော်၏ တပ်မတော် အဖြစ် ပီပြင်လာပါမည်။

ဆက်ရန်
(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

2 comments:

Goldie Shwe said...

We must also remember the 1973 referendum when public voted happily (bu ma thi, ba ma thi) only to confirm and approved that the supreme general Nay Win officially became the honourable Mr President of Burma.

Can I also please remind everyone that although junta cowardly and samelessly refused to hand over the power, the 1990 election results were genuine reflection of the public's desire, which still stands and it should be our one and only target - THE IMMEDIATE RELEASE OF ALL THE POLITICAL PRISONERS AND HAND OVER THE POWER TO THE PARTY WHO WON THE LANDSLIDE VICTORY 'NLD' .

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說