Saturday 9 February 2008

နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .. အပိုင်း(၁)

အပိုင်း(၁)

အခြေခံမူ (၁၀၄) ချက်၏ နောက်ခံ သမိုင်းအကျဉ်း

(၁၉၉၂) ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့စွဲဖြင့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းကြောင်း အမိန့်အမှတ် (၁၃/၉၂) အရ ထုတ်ပြန်ခဲ့ပါသည်။

အမျိုးသားညီလာခံတွင် နိုင်ငံတော် ဖွဲ့သည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး ဦးတည်ချက် (၆) ရပ်ကို လမ်းညွှန်ခဲ့သည်။ ၄င်းတို့မှာ

(၁) ပြည်ထောင်စု မပြိုကွဲရေး
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အခြာ အာဏာ တည်တံ ခိုင်မြဲရေး
(၄) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး
(၅) နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
(၆) အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး
တို့ ဖြစ်ပါသည်။

အမျိုးသားညီလာခံ၏ လုပ်ထုံးလုပ်နည်းများသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။ အဘယ့်ကြောင့်ဆိုသော အချက်ကို အောက်တွင် ဆက်လက် ဖတ်ကြည့်ပါ။

ညီလာခံကိုယ်စားလှယ်များကို အစုအဖွဲ့ (၈) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားပြီး၊၄င်းတို့အပေါ်တွင် (၅) ဦးစီ ပါဝင်သော အလှည့်ကျ သဘာပတိအဖွဲ့က ဦးဆောင်သည်။ ၄င်းတို့မှာ

(၁) ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် အစုအဖွဲ့၊
(၂) တိုင်းရင်းသာလူမျိုး ကိုယ်စားလှယ် အစုအဖွဲ့၊
(၃) တောင်သူလယ်သမား ကိုယ်စားလှယ် အစုအဖွဲ့၊
(၄) အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့၊
(၅) အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ် အစုအဖွဲ့၊
(၆) နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် အစုအဖွဲ့၊
(၇) နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အစုအဖွဲ့၊
(၈) အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့ ဟူ၍ ဖွဲ့စည်းထားပါသည်။

အထက်ပါ အစု အဖွဲ့ (၈) ခု အနက် (၁) ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် အစုအဖွဲ့နှင့် (၇) နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အစုအဖွဲ့ သာလျှင် ဒီမိုကရေစီနည်းကျကျ လူထု ရွေးချယ်ထားသော ကိုယ်စားလှယ်အစစ်အမှန်များ ဖြစ်ပါသည်။ ၄င်း (၂) ဖွဲ့ကို ဟန်ပြလောက်သာထားပြီး ကျန်(၆) ဖွဲ့ကို ဦးစားပေးထားသည်မှာအခြေခံအားဖြင့် လုံးဝ မှားယွင်းနေပါသည်။

ကျန် (၆) ဖွဲ့မှ ကိုယ်စားလှယ်များ ဆိုသည့် ပုဂ္ဂိုလ်များမှာ အောက်အခြေခံ အဖွဲ့ အစည်းများမှ စနစ်တကျ ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်ဘဲ အာဏာပိုင်တို့ ခေါင်းခေါက် ရွေးချယ်ထားခြင်း ဖြစ်ရာ ပြည်သူ့ အသံ ဖြစ်မလာဘဲ အာဏာပိုင်တို့၏ အသံသာ ဖြစ်လာသည်ကို တွေ့ရသည်။

အစုအဖွဲ့များတွင် အာဏာပိုင်များ၏ ဒလန်များ လွှမ်းမိုးထားသည်။ ထိုဒလန်များမှ တဆင့် အာဏာပိုင်တို့၏ အလိုကျ စာတမ်းများကိုသာ ထုတ်လုပ်လာသည်ကို ထင်ရှားစွာမြင်တွေ့ နေရပါသည်။လူထုကိုယ်စားလှယ်အစုအဖွဲ့မှ အကြံပြုတင်ပြချက်များသည် ညီလာခံအတွက် ချမှတ်ထားသော လမ်းညွှန်ချက် (၆) ခုနှင့် ကွဲလွဲမူရှိနေသည်ကို တွေ့ရှိရသည်။ ထိုကွဲလွဲနေသည်ကို အကြောင်းပြု၍ အလှည့်ကျ သဘာပတိ အဖွဲ့နှင့် အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းကော်မရှင်က ပယ်ချနိုင်ခွင့်ရှိရာ ညီလာခံတွင် လူထု ကိုယ်စားလှယ် အစစ်အမှန်များ၏ အခန်းကဏ္ဍသည် ဟန်ပြလောက်သာရှိကြောင်း ထင်ရှားပါသည်။

(NLD) ပါတီနှင့် တိုင်းရင်းသား ပါတီများ၏ တင်ပြချက်စာတမ်းများသည် ဦးတည်ချက် (၆) ချက်နှင့် သွေဖည်သောကြောင့် မှတ်တမ်းအဆင့်သာ ထားရှိခဲ့ပြီး အာဏာပိုင်များ၏ ဒလန်များ တင်ပြချက်များကိုသာ အတည်ပြုခဲ့လေသည်။ ထိုသို့သော အကြောင်းများကြောင့် (NLD) ပါတီသည် အမျိုးသား ညီလာခံမှ ကျောခိုင်းထွက်ခွာခဲ့သည်။ ကျန်ရွေးချယ်ခံ တိုင်းရင်းသား ပါတီများမှာ နားထောင်ရုံ သက်သက်ဖြင့်သာ ခန်းမထဲ၌ ကျန်ခဲ့သည်။

(NLD) ထွက်ပြီး ချက်ချင်း ဆိုသလို ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကို အသုံးချ၍ ဘောလုံးကွင်းများ အတွင်း၌ အမျိုးသားညီလာခံကို ဆက်လက် ထောက်ခံကြောင်းနှင့် ဒလန်များတင်သွင်းခဲ့သော အခြေခံမူ (၁၀၄) ချက်ကို တရားဝင်ချပြ ကြေငြာခဲ့လေသည်။ သို့သော် အမျိုးသား ညီလာခံသည် (၁၉၉၆) ခုနှစ်တွင် လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။

ဆက်ရန်
(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

1 comment:

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說