Thursday 3 April 2008

တရားလွန်ပါပြီ


ကန့်ကွက်မဲတွေ ပေးဖို့ လူထုက အသိတရားနိုးကြားလာချိန်မှာ လူထုရဲ့ အာရုံကို ခွဲသွားအောင် မကြံကောင်း မစီရာ သာမည ဆရာတော် ဘုရားကြီး ရုပ်ကလပ်ကို ခိုးယူပါတော့တယ်။

ဒါတွေ ဘယ်သူလုပ်တာလဲ .. ထင်ရှားပါတယ်။ အရင်က သာဓက တွေ ရှိပါတယ်။

မန္တလေးက မဟာ မုနိ ဘုရားကြီး ဗိုက်ဖောက်တာ ဘယ်သူလဲ ... အားလုံး သိကြပါတယ်။
အာဏာ အတွက် သံဃာတွေကို သတ်တာ၊ သံဃာတွေကို ရိုက်နှက်တာ၊ သံဃာတွေကို ထောင်ချ နှိပ်စက်နေတာ ဘယ်သူတွေလဲ .... ကမ္ဘာက သိပါတယ်။

ဒီမိုကကရေစီတောင်းဆိုနေတဲ့ လူတွေ၊ ဒီမိုကရေစီ အရေး အတွက် လက်နက်ကိုင်ထားတဲ့ လူတွေ ဘယ်သူကမှ အဲဒီလို အမှု ကိစ္စတွေကို မကျူးလွန်ပါဘူး။ သံဃာတော်တွေကို လမ်းမှာ တွေ့ရင် ကိုင်ထားတဲ့ လက်နက်ချပြီး ထိုင်ကန်တော့ မယ့် လူစားတွေပါ။

အဲ .. သံဃာတော်တွေကို လမ်းမှာ တွေ့လို့ တုတ်နဲ့ ရိုက်မယ့်ဆိုတဲ့ လူတွေက နအဖ သန်းရွှေနဲ့ သူ့နောက်လိုက် လူရမ်းကားတွေပါပဲ။၊ အဲဒီ လူတွေကသာ ဆရာတော် ဘုရားကြီး ရုပ်ကလပ်ကို ခိုးယူမယ်ဆိုတာ ငြင်းလို့မရပါဘူး။

No comments: