Thursday 10 April 2008

အထူးကြေညာချက်

ကျွန်တော် ကိုထိုက် သည်၊ ခရစ်နှစ်၂၀၁၀ တွင် မြန်မာနိုင်ငံသားများ အားလုံးကို တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၁၀) သန်း တိတိပေးမည် ဟု ကတိပေးပါသည်။ ထိုကြောင့် လာမည့် ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် တဦးလျှင် အမေရိကန် ဒေါ်လာ (၁) သောင်းတိတိ လာရောက် ပေးပါရန် ကြေညာအပ်ပါသည်။


နည်းနည်း နားရှုပ်သွားသည်ကို ပြန်ရှင်းရာ ....

ဘာမှ အာမခံချက် မရှိဘဲ ကျွန်တော်က ၂၀၁၀ တွင် ပေးမည် ဆိုသော ဒေါ်လာ ၁၀ သန်းကို မက်၍ မေလ (၁၀) ရက်နေ့တွင် ကျွန်တော့်အား ဒေါ်လာ ၁ သောင်း လာပေးသောသူ၏ မိုက်မဲမှုနှင့် သန်းရွှေက ပေးမည်ဆိုသော ၂၀၁၀ ကို မျှော်၍ မေလ (၁၀) ရက်နေ့တွင် ထောက်ခံမဲသွားပေးသူ မိုက်မဲမှု ဘယ်သူက ပို၍ မိုက်မဲ သနည်း ဆိုတာ သတိမူမိရန် တင်ပြချင်း ဖြစ်ပါသည်။

ကျွန်တော့်အား ယုံ၍ လူတိုင်းက ဒေါ်လာ ၁ သောင်း မေလ ၁၀ ရက်နေ့တွင် လာပေးလျှင် ကျွန်တော်က သုံးလိုက်မည် ဖြစ်ပြီး၊ ဒေါ်လာ ၁၀ သန်း ပြန်မရနိုင်ပါ။ အလားတူ သန်းရွှေအား ယုံ၍ ထောက်ခံမဲ သွားပေးလျှင် တိုင်းပြည်ကို လုပ်ချင်ရာ လုပ်ပြီး ပြည်သူများ ပြည်သူ့ အခွင့်အရေး ဘာမှ ရနိုင်မည် မဟုတ်ကြောင်းပါ။

လေးစားစွာဖြင့်
ကိုထိုက်