Tuesday 6 May 2008

ဆန္ဒခံယူပွဲအတွက် နေရာ အချို့ ရက်ရွေ့ခြင်း

ပြည်သူတွေ အခုလို ဒုက္ခမျိုးစုံ ခံစားနေရတဲ့ အချိန်မှာ ဘာဖြစ်လို့ ဒီဆန္ဒခံယူပွဲကြီးဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လွတ်ကျွတ်ကျွတ် မရွေ့ဆိုင်းနိုင်ရတာလဲ။ ပြည်သူ့ အသက်တွေ အခုလို အစုလိုက် အပြုံလိုက် သေနေကြတာတောင် သူတို့ အာဏာမြဲရေးဆိုတာကို ရှေ့တန်းတင်နေသော ကိုယ်ကျိုးရှာ နအဖ အုပ်စုကို ခိုင်းနှိုင်းပြောဆိုစရာ စကားလုံး မရှိတော့ပါ။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းမှ မြို့နယ် (၇) မြို့နယ်။ ရန်ကုန်တိုင်းမှ မြို့နယ် (၄၀ ) မြို့နယ်တို့တွင် ဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်း လိုက်ပြီး မေလ ၂၄ ရက် နေ့မှ ကျင်းပမည်ဟု ကြေညာချက်ထုတ်ပြန်ကြောင်း မေ ၆ နေ့လည် ၁၂၃၀ နာရီတွင် မြန်မာ့အသံက ကြေညာခဲ့သည်။

မြန်မာ့ အသံမှ ကြေငြာချက်ကို နားထောင်နိုင်ရန် CLick Here

ဘာကြောင့် အခုလို နေရာအချို့သာ ရက်ရွေ့ဆိုင်းနေရတာလဲ။
၂ ပတ်အတွင်း ပြည်သူ့ ဒုက္ခတွေကို အပြီး အပြတ် ကယ်ဆယ်နိုင်မယ်လို့ နအဖ စစ်အုပ်စုမှ မျှော်လင့်နေတာလား၊

သေချာတွေးကြည့်လေ နအဖရဲ့ တကိုယ်ကောင်း အတ္တဆန်မှုတွေကို တွေ့ရလေ ဖြစ်ရတာကြောင့် မုန်တိုင်းဒဏ်နဲ့ မင်းစိုး မင်းညစ်ဆိုတဲ့ ရန်သူမျိုးတွေရဲ့ ဒုက္ခပေးမူကို ခါးသီးစွာ ဘဝနှင့်အတူ ခံစားနေရတဲ့ ပြည်သူတွေ အတွက် ဆို့နစ်ကြေကွဲရပါကြောင်း ..