Sunday 11 May 2008

State terrorist, Than Shwe

Photobucket
အသက် (၇၀) ကျော်အထိ အရှက်မရှိဘဲ စစ်ဝတ်စုံဝတ် မျက်နှာပြောင်တိုက် မဲ ပေးနေသော သန်းရွှေ၊
အခြားနိုင်ငံမှ နေ့ထူးနေ့မြတ်များကို တကူးတက လက်မှတ်ထိုး သဝဏ်လွှာ ပေးနိုင်သော်လည်း လူသိန်းဂဏန်း သေနေတဲ့ မြန်မာလူမျိုးတွေ အတွက် ဝမ်းနည်းစကားလေးတောင် မပြောနိုင်ဘဲ မိမိကိုယ်ကို နိုင်ငံတော် အကြီးအကဲလို့ ခံယူထားသော လူယုတ်မာ
မုန်းတိုင်းကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မကူညီဘဲ မဲပေးဖို့နဲ့ ဆန္ဒခံယူပွဲလုပ်ပါတယ်။ အကူအညီ ပေးမယ့်လူတွေ ပစ္စည်းတွေကို ပိတ်ဆို့ထားတာဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူတွေကို ဂရုမစိုက် သေချင်ရာ သေဆိုပြီး ပစ်ထားတဲ့ သန်းရွှေရဲ့ နိုင်ငံကို အကြမ်းဖက် လုပ်ကြံမူ ဖြစ်ပါတယ်။

ဒါတွေဟာ လူသတ်မူ ဖြစ်ပါတယ်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကပ်ရောဂါတွေကြောင့် လူ တသန်းခွဲလောက် သေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ တကယ်လို့ ဖြစ်ဖြစ်ခြင်းမှာ အကူအညီတွေကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးလိုက်ရင် ဒီလို ကပ်ရောဂါဆိုးတွေကို ကြုံရမှာ မဟုတ်ပါဘူး။ ဒါတွေဟာ အစုလိုက် အပြုံလိုက် လူသတ်မူပါ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဟစ်တလာက ဂျူးလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်သလို မူမျိုးပါပဲ။

ပြဿနာတွေဟာ ဒီမှာတင် ရပ်နေမှာ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်းကြီး ပျက်စီးသွားတာပါ။ အဲဒီ ဒေသက စပါးထုတ်လုပ်ရေး လုပ်ငန်းကြီး ပျက်ဆီးသွားတာပါ။ လယ်တွေ ပျက်ပါတယ်။ လယ်ထွန်ပြီး မြန်မာလူမျိုးတွေကို ထမင်းကျွေးနေတဲ့ ထမင်းရှင်တွေ သေကြပါတယ်။ လယ်ထွန်တဲ့ ကျွဲနွားတွေ သေကြပါတယ်။ လယ်ထဲကို ဆားငံရေတွေ ဝင်ပါတယ်။

အသက်ရှင်ကျန်နေတဲ့ ကျေးဇူးရှင် လယ်သမားကြီးတွေကို ကူညီကယ်တင်မယ့် နိုင်ငံတကာ အကူ အညီတွေကို မလာနိုင်အောင် ပိတ်ဆို့ထားပါတယ်။

ဗေဒင်ဟောတာမှ မှားနိုင်သေးတယ်။ မမှားတာက ဧရာဝတီတိုင်းမှာ ဒီနှစ် မိုးရာသီ လယ်မထွန်နိုင်ပါဘူး။ ပျိုး မကျဲနိုင်ပါဘူး။ ဒီနှစ် ဧရာဝတီတိုင်းမှာ စပါးပေါ်ချိန် မရှိနိုင်တော့ပါဘူး။ ဒါဆို နောင်နှစ် ၂၀၀၉ မှာ မြန်မာနိုင်ငံမှာ စပါး မလုံလောက်မူ ကြုံတွေ့နိုင်ပါတယ်။

ဒါ့အပြင် ဆားငံရေ ဝင်ထားတဲ့ လယ်မြေတွေဟာ ၂၀၀၉ ခုနှစ် စပါးစိုက်ချိန်မှာ အချိန်မီ လူ၊ ငွေ၊ စက်ပစ္စည်းတွေ (အနောက် အရပ်ကသာ နေဝင်နိုင်ပါ့မယ်၊ လယ်သမားတွေကို အချိန်မီ လူ၊ ငွေ၊ စက်ပစ္စည်းတွေ မရနိုင်ပါဘူး။) ရလျှင်တောင်မှ စပါး မစိုက်နိုင်တော့ပါဘူး။ စပါး ပြဿနာ တော်တော်လေးကြီးမားလာမှာ ဖြစ်တာကြောင့် နောင်နှစ်တွေမှာပါ တိုင်းပြည်ရဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာ ဖြစ်လာမှာပါ။

ဒါတွေ အားလုံးအာ နအဖနဲ့ သန်းရွှေရဲ့ နိုင်ငံတော်ကို အကြမ်းဖက်နေခြင်း ဖြစ်ပါတယ်။ လူတွေ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းသာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက သေဆုံးသွားကြတဲ့ လူတွေထဲမှာ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုတွေ ပါဝင်ကြပါတယ်။ အခု ဒုက္ခရောက်နေရာမှာလည်း တပ်မတော်သား မိသားစု ဆွေမျိုးတွေပါကြပါတယ်။ အဲဒီလူတွေလည်း အကူအညီ မရကြပါဘူး။ လူတွေက နာရီတိုင်းမှာ သေနိုင်ပါတယ်။ သေမယ့် လူတွေထဲမှာ တပ်မတော် မိသားစုတွေ ပါဝင်ကြပါတယ်။

ကဲ... ဒီလို လူသတ်သမားတွေက သတ်နေတာချိန်မှာ မြန်မာနိုင်ငံသားတွေက ဘာတွေ လုပ်နိုင်ကြပါသလဲ။

အစိုးရဝန်ထမ်း လုပ်နေတဲ့ လူတွေကလည်း မိမိတိုင်းသူပြည်သားတွေရဲ့ အသက်အန္တရာယ်တွေနဲ့ အထက်က ပေးတဲ့ အမိန့်ဆိုတဲ့ ရွေးစရာ နှစ်ခုမှာ ဘာကို ရွေးမှာလဲ။ ငါတို့က မတတ်နိုင်ဘူး၊ ခိုင်းတာကို လုပ်နေရတာဆိုပြီး အကြောင်းပြချက်တွေဟာ လူပေါင်း သိန်းဂဏန်း သေတဲ့ အချိန်မှာ လုံလောက်တဲ့ အကြောင်းပြချက်တွေ မဟုတ်တော့ပါဘူး။ အသိစိတ်ဓါတ်ရှိရှိ တိုင်းပြည်နဲ့ လူမျိုးအတွက် အမျိုးသားရေး တာဝန်အဖြစ် မတရားတဲ့ အမိန့်တွေကို ဆန့်ကျင်ကြဖို့ လိုပါတယ်။

နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေက တတ်တတ်ကြွကြွ ကူညီဖို့ လှုံဆော်နေကြတာ မြန်မာနိုင်ငံသား အားလုံးအသိပါ။

အဲဒီလို အချိန်မှာ မြန်မာ နိုင်ငံ မပြန်ရမှာ ကြောက်လို့၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မပက်သက်ချင်လို့၊ သံရုံးက လူတွေက နာမည်၊ ရုပ်တွေ မှတ်မိမှာစိုးလို့၊ လူတွေကို ကူညီရင် ကိုယ့်ကို ဒုက္ခပေးမှာ ကြောက်လို့၊ ဒုက္ခရောက်မှာ စိုးလို့ ဆိုပြီး ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ မလုပ်ရဲ၊ မကိုင်ရဲဖြစ်ပြီး ... စိတ်ထဲကသာ ဆန့်ကျင်ရုံ လုပ်နေတဲ့ အဝေးရောက်မျိုးချစ် မြန်မာလူမျိုးတွေလည်း သန်းရွှေနဲ့ အတူ လူသတ်နေတဲ့ စာရင်းထဲ ထည့်ရမှာ ဖြစ်ပါတယ်။

အဲဒီလို လူမျိုးတွေက ကြိတ်ကန့်ကွက်ပြီး၊ လက်တွေ့ လုပ်ရပ်တွေက နအဖကို အားပေးနေတာကြောင့် နအဖက အခုအထိ သံဃာတွေ၊ လူတွေကို သတ်နေနိုင်တာပါ။ အဆိုပါ ပုဂ္ဂိုလ်တွေမှာလည်း လူသတ်မှု တာဝန်ရှိပါတယ်။ တိုင်းပြည်အကြမ်းဖက်မှုမှာ ပါဝင်သူတွေ ဖြစ်ပါတယ်။

အခု အချိန်မှာ တတ်စွမ်းသလောက် ပါဝင်ကာ ဆက်လက် မိမိ အတ္တတွေကို ရှေ့တန်းတင်မနေဘဲ ဒုက္ခသည်တွေကို ကူညီပြီး လူသတ် အကြမ်းဖက်သမားတွေကို တိုင်းပြည်ကို ဆက်လက်ဒုက္ခမပေးနိုင်အောင် တားမြတ်ကြပါစို့။

လေးစားစွာဖြင့်
ကိုထိုက်

4 comments:

Morgan said...

Whichever country giving polical cover to Burma by blocking the efforts to get humanitarian aids is SOWING SOMETHING THEY SHOULD NOT.

The long term impact to the health, economy, REGIONAL STABILITY
depends on those countries in UN Security Council blocking the UN efforts to get aids to the victims.

This should not be about natural gas, gems, teak, fish, backdoor to the sea, arms.

THIS IS ABOUT LIVES OF INNOCENT HUMAN BEINGS WHICH THEIR OWN GOVERNMENT CHOOSE TO NEGLECT.

minthant said...

ကိုပီတာ ခင်ဗျာ
ကိုထိုက်ရေးထားတာတွေဟာ စည်းဘောင်ကို ကျော်ပြီးရေးတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတစ်ယောက်တည်း လုပ်နေတာတွေကို ကြည့်ရင် တကယ်လုပ်နေတယ် ဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ။ ကျွန်တော်လည်း လန်ဒန်မှာ အခု ရောက်နေတဲ့ လူဆိုတော့ သူဘာတွေ လုပ်နေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတစ်ယောက်တည်းအားနဲ့ အများကြီးကို မပြောင်းနိုင်ပေမယ့် နိုင်သလောက် ပြောင်းလဲဖို့ အစွမ်းကုန်ကြိုးစားနေတာ ကျွန်တော့်ကိုယ်တွေ့ပါ။
အခု အကူ အညီကိစ္စမှာ သူကိုယ်တိုင် မြန်မာပြည်မပြန်တာက လွဲရင် ထိထိရောက်ရောက် လှူတာတွေကို ဦးစီးလုပ်ကိုင်နေတာတွေ့ ရပါတယ်။ နိုင်ငံတကာကလူတွေကို visa မစောင့်ဘဲ ကူညီဖို့ UN, EU နဲ့ သက်ဆိုင်ရာ UK, USA အစိုးရတွေကို စာရေးတောင်းဆိုတာတွေ လုပ်တယ်၊ ဆန္ဒပြတယ်။ အင်္ဂလိပ်လူထုက သိအောင် လုပ်ပေးတယ်။
သူပြောချင်တာက လူတွေက အခုအချိန်အထိ အိမ်မပြန်ရမှာ ကြောက်လို့ဆိုပြီး ငြိမ်နေတဲ့ လူတွေကို ပြောနေတာလို့ ယူဆပါတယ်။ အဲဒီလူတွေဟာ နိုင်ငံရေး ခိုလှုံခွင့် ယူထားတဲ့ လူတွေပါ။ နိုင်ငံေ၇း ခိုလှုံခွင့်ကို မြန်မာနိုင်ငံ ပြန်လို့ မရလိုပါဆိုပြီး UK အစိုးရဆီကနေ တောင်းထားတဲ့ လူတွေကြီးပဲ။ ကိုယ်တွေ့ဗျို့။ အင်္ဂလိပ် စာအုပ်လျှောက်ပြီး မြန်မာပြည်ပြန်ဖို့ VISA အတွက် သံအမတ် အဝှာကို မ နေတဲ့ လူတွေကို လူသတ်သမား စာရင်းထဲ တည့်ထားတာ မလွန်ပါဘူး။
အစိုးရဝန်ထမ်းတွေကလည်း နီးရာဓါးကြောက်ရလို့ ဆိုပြီး လိုက်လုပ်နေတာကို ခွင့်မလွှတ်ဖို့။ ….. ခင်ဗျား စင်္ကာပူ သံရုံးက ဝန်ထမ်းတွေ မဲပေးတဲ့ လူတွေကို အကျီချွတ်ခိုင်းတဲ့ ကိစ္စမှာ အဲဒီ ဝန်ထမ်းတွေကို ဘယ်လို ယူဆရမလဲ။ သူတို့ မသိချင်ယောင်ဆောင်ပြီး လုပ်ရင်တောင် လုပ်နိုင်ခွင့် ရှိပေမယ့် သခင်အားရ၊ ကျွန်ပါးဝ လုပ်နေတဲ့ အစိုး၇ဝန်ထမ်းတွေကို လူသတ်သမား စာရင်းထဲ ထည့်ထားတာ မမှားပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။

Anonymous said...

麗的色遊戲麗的色遊戲et正妹牆et正妹牆et正妹牆et正妹牆et正妹牆et正妹牆et正妹牆et正妹牆et正妹牆et正妹牆免費a片觀看線上aa片免費看免費線上a片免費A片線上下載情人視訊聊天室情色 後宮電影院SEX情色免費AV女優-線上視訊女優天堂AV女優-無碼A片女優王國情色遊戲女優色情自拍線上 a 電影直播免費色倩短片觀賞色美媚部落格嘟嘟免費試看短片aa 片試看激凸成人論壇綜合論壇台灣情色網小老鼠米克情色網震撼情色論壇櫻桃不夜城亞洲情色風暴論壇台灣情色咆嘯論壇kk69視訊俱樂部免費漫畫帝國洪爺sex520貼片小弟弟貼影片區美美色網貼片區一葉晴貼影片Show-LIVE影音視訊成人電影下載A片免費a片網站免費a片網站夢幻情緣聊天室上班族一夜情聊天室成人電影院情色文學小說免費色咪咪影片網免費線上a電影直播免費av線上免費a片免費視訊聊天頻道女主播視訊聊天室激情成人網愛聊天室☆♀ 免費影片 ☆♀☆♀ av女優影片 ☆♀免費成人短片美女視訊聊天辣妹美少女寫真影音視訊聊天室網路視訊聊天室免費情色電影分享區嘟嘟kiss情色網麗的 情色典獄長成人情色網麗的 情色網情色a片 臺灣情色網日本線上免費a片a片分享免費線上看a片aa片免費看ut 聊天室入口免費aa片試看aa片免費看a片AA片免費看百分百貼影片區百分百貼影片區a片線上看aa片免費看百分百貼影片區百分百貼影片區百分百貼影片區百分百貼影片區百分百貼影片區百分百貼影片區百分百貼影片區免費色咪咪影片線上a片免費色咪咪影片a片線上免費看免費色咪咪影片免費色咪咪影片免費色咪咪影片免費色咪咪影片免費色咪咪影片免費色咪咪影片免費色咪咪影片免費色咪咪影片自拍美女聊天室線上a片自拍美女聊天室自拍美女聊天室情色文學成人小說自拍美女聊天室自拍美女聊天室自拍美女聊天室自拍美女聊天室自拍美女聊天室自拍美女聊天室自拍美女聊天室情人視訊高雄網線上a片情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網情人視訊高雄網色美媚部落格線上a片色美媚部落格色美媚部落格色美媚部落格

Anonymous said...

有空歡迎來我家唷~感謝分享..加油喔! .......................................................