Tuesday 10 June 2008

စိတ်ဓါတ်သာ လိုပါသည်

အောက်ပါ ခေတ်ပြိုင်မှ ဖတ်ရသော သတင်းအရ သံရုံးမှ ဝန်ထမ်းများ မထွက်ပြေးနိုင်စေရန် အလို့ငှာ သံဝန်ထမ်းများ၏ နိုင်ငံကူးလတ်မှတ်များကို သံအမတ်များက သိမ်းထားသည် သိရှိရပါသည်။

ဤ နေရာတွင် အမှန်အတရား အတွက် ပြည်သူနှင့် ပူးပေါင်းလိုသော ဝန်ထမ်းများအနေဖြင့် နိုင်ငံကူးလတ်မှတ် သိမ်းခံရရုံဖြင့် ပြည်သူနှင့် ပူးပေါင်းရန် မဖြစ်နိုင်ဟူ၍မရှိပါ။ အဓိကအချက်အားဖြင့် မိမိ၏ ခိုင်မာသော ယုံကြည်ချက်သာလိုပြီး ကျန်သော အချက်အလက်များကို အင်အားစုများမှ ကူညီသွားပါလိမ့်မည်ဖြစ်ပါသည်။

နိုင်ငံခြား မြန်မာသံတမန်များ၏ နိုင်ငံကူးလက်မှတ်များ အသိမ်းခံရ

NEJ/ ၁၀ ဇွန် ၂၀၀၈
လန်ဒန် မြန်မာသံရုံး သံတမန်တဦး ထွက်ပြေးပြီးနောက်ပိုင်း နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီးများက သိမ်းထားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သိမ်းထားရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မရှိသော်လည်း နုတ်မိန့်အရ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်များကို သိမ်းထားခြင်းဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။


No comments: