Wednesday 18 June 2008

နအဖလက်ပါးစေများက နာဂစ် ဒုက္ခသည် ရွာသားများကို ရက်ရက်စက်စက် နှိပ်ကွပ်နေကြ

(၁၃ရက်၊ ၆လ၊ ၂၀၀၈ခုနှစ်) နေ့က လပွတ္တာမြို့နယ်၊ ပိန္န္န္နဲကုန်း သိပံ္ပကုန်းကျေးရွာမှာ တပ်ကြပ်ကြီးတစ်ဦးနဲ့ ပြည်သူ့စစ်တို့က ‘ဒုက္ခသည်ရွာသားတစ်ဦးကို ဆီးအိမ်ကွဲတဲ့အထိ ရက်ရက်စက်စက် ရိုက်နှက်သော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါသည်။

ဖြစ်ပွားပုံမှာ ကမ်းစပ်မှာ လာတင်သော လှေတစ်စင်းကို သူပိုင်သည် ငါပိုင်သည်ဟု ရွာသား(၃)ဦးဖြစ်တဲ့ မောင်မောင်ဇော်၊ ဦးလေးကုလားနှင့် ထွန်းသန်းတို့ စကားများကြရာ ခလရ(၅၁)မှ တပ်ကြပ်ကြီး ၀င်းလှိုင်ရောက်ရှိလာပြီး ပြည်သူ့စစ် ဖိုးဇော်ကို ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်ဆုံးမရန် စေခိုင်းခဲ့ပါသည်။ ဖိုးဇော်ကလည်း မိမိရွာသားခြင်း ဖြစ်နေ၍ နာကျင်အောင် မရိုက်ဘဲရှိရာ တပ်ကြပ်ကြီးဝင်းလှိုင်က ဒေါသထွက်ကာ ဖိုးဇော်ကို မြေပေါ်တွင် ၀မ်းလျားမှောက်ခိုင်းပြီး “ဒီလိုရိုက်ရတယ်ကွ”ဟု ဆိုကာ ၀ါးရင်းတုတ်ဖြင့် ပယ်ပယ်နယ်နယ်ရိုက်ပါသည်။ ပြီးမှ ဖိုးဇော်လက်ထဲ ၀ါးရင်းတုတ်ထည့်ကာ ရွာသားများကို အဲဒီလိုရိုက်ဟု စေခိုင်းရာ ဖိုးဇော်လည်း ငြင်းရန် မဖြစ်နိုင်တော့သဖြင့် ရွာသား(၃)ဦးကို စတင်ရိုက်နှက်ပါတော့သည်။ ဤအဖြစ်အပျက်မှာ ရွာထဲက ဓမ္မာရုံဆေးခန်းအနီးမှာ ဖြစ်ပွားခဲပြီ့း မျက်မြင်သက်သေများဖြစ်တဲ့ ဘုန်းတော်ကြီးနှင့်တကွ ကျန်ရွာသားများက မကျေနပ်ဖြစ်ခါ တာဝန်ရှိသူမျာသို့သွားရောက် တိုင်ကြားခဲ့ပါသည်။ သို့သော် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း အမှုဖွင့် ပေးရန် ငြင်းပယ်ကြပါသည်။ နောက်တစ်နေ့နံနက်တွင် အရိုက်ခံရသော ရွာသားများအား ဆေးခန်းသို့ပြရာ မောင်မောင်ဇော်မှာ ဆီးအိမ်ကွဲ၍ ဆီးမသွားနိုင်တော့သည့်အပြင် နားထင်ကွဲကာ ဦးခေါင်းဒဏ်ရာလည်း ရရှိထားကြောင်း ဆရာဝန်မှ စစ်ဆေးတွေ့ရှိရပါသည်။

မုန်တိုင်းဒဏ်ကြောင့် ခံစားနေကြရသော စိတ်ဝေဒနာရှင် ဒုက္ခသည်များ၏ ပြဿနာများကို နအဖနှင့် အပေါင်းအပါများက နားလည်မှုရှိရှိ ဖြေရှင်းရန် မကြိုးစားဘဲ လူမဆန်စွာ ညှင်းပန်းနှိပ်စက်နေခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျှက်ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။

သူရဲကောင်း