Wednesday 18 June 2008

နအဖ စစ်ဗိုလ်များနှင့် သားသမီးများ၏ တရားဥပဒေမဲ့ လုပ်ရပ် တစ်ခု

ဗိုလ်ချုပ် ရဲမြင့်သား အောင်ဇော်ရဲမြင့်အား နအဖက မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားခဲ့သည်ဟု သတင်းများအရ သိခဲ့ရပါသည်။ အချို့သော မြန်မာ့အရေး စောင့်ကြည့်သူများက နအဖ တပ်တွင်း အာဏာကွဲပြီးဟု လည်းကောင်း၊ သန်းရွှေအာဏာ လျော့လာသည်ဟုလည်းကောင်း ပြောဆိုနေကြသည်ကို ကြားရပါသည်။ ထိုကြောင့် ကျွန်တော် သိတားသော အောင်ဇော်ရဲမြင့် ဘယ်သူလဲ၊ ဗိုလ်ချုပ် ရဲမြင့်ဆိုတာ ဘယ်လို လူစားလည်း ဆိုတာ သိထားသော အချက် တစ်ခုကို ပြန်လည်ဖော်ပြပါ့မည်။ အောင်ဇော်ရဲမြင့် ဖမ်းခံရသည်မှာ ယခု အကြိမ်သည် ပထမ အကြိမ် မဟုတ်ပါ။

ပြီးခဲ့သော ၂၀၀၇ ဒီဇင်ဘာလ သံဃာလှုပ်ရှားမှု အပြီးကာလတွင် နိုင်ငံတကာနှင့် မြန်မာ့ သတင်းမီဒီယာများက အာရုံမစိုက်နိုင်လောက်သော ခဏတာ ဖမ်းခံရပြီး ပြန်လွှတ်လိုက်ရသော မူးယစ်ဆေးဝါး အမှု တစ်ခု ရှိခဲ့ပါသည်။ ၄င်း အမှုမှာ အောင်ဇော်ရဲမြင့်နဲ့ ဗိုလ်ချုပ်ရဲမြင့်တို့က အဓိက ဇာတ်ဆောင်ဖြစ်ခဲ့ပါသည်။

မန္တလေးတိုင်းတွင် ကချင်ငြိမ်းချမ်းရေးအဖွဲ့မှ ကားကို မန္တလေးတိုင်းမှုး ခင်ဇော်၏ အမိန့်အရ ရဲမှူး အော်ထွဋ်မှ ဖမ်းဆီးခဲ့ပါသည်။ ကားထဲတွင် မူးယစ်ဆေးပြား များစွာကို လက်ပူးလက်ကြပ်မိခဲ့ပါသည်။ ထိုအခါ ဖမ်းဆီးမိသော ကားတစ်စီးတွင် အောင်ဇော်ရဲမြင့်ပါ ပါလာသဖြင့် ဖမ်းဆီးခံခဲ့ရသော အမှု တစ်ခု မီဒီယာမသိခင် ဖြစ်သွားခဲ့ပြီး၊ ထိုအချိန်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်ရဲမြင့်က မန္တလေးသို့ ကိုယ်တိုင် ဆင်းလာကာ ဂေါတ်ရိုက်ရန် အကြောင်းပြပြီး မန္တလေး တိုင်းမှူနှင့်တွေ့ကာ စစ်ဗိုလ်တို့ တပ်အပ်သော အဌာရသများဖြင့် ..... ရှုမငြီးသော သားတော်မောင်ကို အချုပ်ထဲမှ ပြန်လည် ထုတ်ယူခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။

ထိုကြောင့် ယခုတကြိမ် အောင်ဇော်ရဲမြင့် ဖမ်းခံရသော အမှုမှာ နအဖ စစ်ဗိုလ်ချုပ်ကြီးများ အာဏာကွဲသော ကိစ္စမဟုတ်ပဲ ဖြစ်ပြီးသား ကိစ္စ အဟောင်း တစ်ခုသာ ဖြစ်ပါကြောင်း သိသလောက် တင်ပြလိုက်ပါသည်။

No comments: