Wednesday 2 July 2008

ကျေးဇူးပါ

ကျွန်တော် ခရီးထွက်နေစဉ် အချိန်မှာ သတင်း တချို့ ထွက်လာပြီး ကျွန်တော် အတွက် စိုးရိမ် မေးမြန်းကြသော မိတ်ဆွေ အပေါင်းကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကျွန်တော်သွားခဲ့သော ခရီးမှာ ကျွန်တော် ပြောခဲ့သလို ရန်ပုံငွေနှင့် မြန်မာနိုင်ငံအကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်မှတ်စုဆောင်းနေသော AAPP ရဲ့ အစီအစဉ်မှာ စီစဉ်ထားတဲ့ အတိုင်း လက်မှတ် စုဆောင်းတဲ့ အလုပ်တွေ လုပ်သော campaign တစ်ခုသာ ဖြစ်ပါတယ်။

မြန်မာ ပြည်ထဲ ပြန်မဝင်ခဲ့သလို၊ လက်နက် သင်တန်းလည်း မတတ်ခဲ့ပါ။ သို့သော် လူ သိန်းကျော် ရှိတဲ့ ကမ္ဘာအရပ်ရပ်က လူတွေကြားထဲမှာ ခွပ်ဒေါင်း အလံကို လွှင့်ထူနိုင်ခဲ့ပြီး၊ မြန်မာ့ပြည်နဲ့ မြန်မာပြည်တွင်းက ယုံကြည်ချက်အတွက် အသက်နဲ့ ဘဝတွေ ပေးသွား၊ ပေးထားကြတဲ့ လေးစားဖွယ် အာဇာနည်တွေအကြောင်းကို
ပြောပြနိုင်ခဲ့ပြီး၊ အချို့သော စာနာစိတ် ရှိတဲ့ လူများရဲ့ လူသားခြင်း စာနာစိတ်နဲ့ ထိုအာဇာနည်များအတွက် မျက်ရည်စက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
ကိုထိုက်

1 comment:

မလေးမေ said...

ဗျိုး.. ကိုထိုက် ..
ပြန်လာဘီလား ... ၅ရက်ကြာမယ်ဆိုပြီး ပေါ်မလာလို့ 
စိတ်ပူနေတာ ..