Friday 4 July 2008

မစုစုနွေး ထောင်ထဲတွင် တိုက်ပိတ်ခံရခြင်း


၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က နအဖ၏ အမေရိကန်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာကပ်ရန် သွားစဉ် အဖမ်းခံခဲ့ရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေး အဖမ်းခံခဲ့ရသည်။

အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်ကို အာဏာပိုင်များကိုတိုင် ကြီးမာသော စာများဖြင့် စိုက်ထူထားသော်လည်း စာရွက် အသေးများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာကပ်ရန်ကြိုးစားသူ အမျိုးသမီးတစ်ယောက်ကို ထောင်ဒဏ် အပြစ်ပေးတတ်သော မြန်မာ စစ်တပ်မှ သတိခဲ စစ်ဗိုလ်ကြီးများ၏ အာဂ လုပ်ရပ်တစ်ခုဟု မှတ်တမ်းတင်အပ်ပါသည်။ မြန်မာ စစ်ဗိုလ်ကြီးများ၏ စစ်မှန် မျှတသော ဒီမိုကရေစီ လမ်းစဉ်ဆိုတာ ဤကဲ့သို့ လုပ်ရပ်များ ဖြစ်သည်ဟုလည်း သမိုင်းမှတ်တမ်းတင်ထားနိုင်လိုက်ပါသည်။

ယခုအခါ မစုစုနွေးသည် အမျိုးသမီး ထောင်ဝန်ထမ်းများ၏ အကျင့်တန်သော ဆက်ဆံမှုများကြောင့် စကားများ ပြဿနာဖြစ်ခဲ့ပြီး ထောင်ထဲတွင် ၁၄ ရက် တိုက်ပိတ်ထားခြင်းခံနေရသည်ဟု သတင်းရရှိပါသည်။

ထောင်အတွင်းမှ အမျိုးသမီး ထောင်ဝန်ထမ်းများ၏ အကျင့်တန် မိုက်ရိုင်း ယုတ်မာ ဆက်ဆံမှုများ မြောက်များစွာ ရှိနေသည်ဆိုသော အချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသော အိမ်ထောင်သည် နိုင်ငံရေး အကျဉ်းသူများ၏ ပြန်လည် ပြောပြချက်များအရ သိရလေ့ရှိပါသည်။ ထိုကြောင့် ထောင်ထဲတွင် ပြဿနာ ဖြစ်ပြီး တိုက်ပိတ်ခံထား နှလုံးရောဂါအခံ ရှိသည့် မစုစုနွေးအတွက် စိုးရိမ်ရဖွယ်ရှိနေပါသည်။

No comments: