Sunday 20 July 2008

တလုပ်စားဖူး သူ့ကျေးဇူး

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကျေးဇူးတရားကို သိတတ်သူ၊ သူတပါး ပြုဖူးတဲ့ ကျေးဇူးကို အထူး နားလည်သူ၊ ကြီးသူကို ရိုသေသူ စတဲ့ ချစ်စရာ အလေ့အကျင့်တွေနဲ့ ပြည့်စုံသူတွေလို့ သတ်မှတ်ထားကြပါတယ်။

လူဆိုတာကလည်း ကိုယ့်သမိုင်း၊ ကိုယ့်ရာဇဝင်နဲ့ ကိုယ့်ကိုကိုယ် လေးစားမှ အခြားလူတွေကလည်း ကိုယ့်ကိုပြန်ပြီး လေးစားမယ်ဆိုတာ စာပေတွေထဲ ဖတ်မှတ်ဖူးပြီး၊ လောက နိယာမ နဲ့လည်း ကိုက်ညီပါတယ်။

စကားပုံတွေကလည်း တလုပ်စားဖူး သူ့ကျေးဇူးတဲ့။

မြန်မာနိုင်ငံမှာ မြန့်မာ့ လွတ်လပ်ရေးအတွက် အရယူပေးလိုက်တဲ့ အာဇာနည်ကြီးတွေရဲ့ ကျေးဇူးတွေကို ဘယ်လို တုန့်ပြန်မှာလဲ။ မတုန့်ပြန်နိုင်၊ ပြန်လည် မပေးဆပ်နိုင်တာတောင်မှ မမေ့မလျော့ သတိရနေတယ်ဆိုတာ ပြသင့်ပါတယ်။ ဒါကြောင့်အာဇာနည်နေ့မှာ အလံကို တိုင်တဝက် လျော့ချပြီး ဝမ်းနည်းကြောင်းနဲ့ ကျေးဇူးကို သတိရကြောင်း ပြသကြတာပါ။

ကဲ ... အောက်က ပုံကတော့ အာဇာနည်နေမှာ ကိုယ့်သိက္ခာ ကိုယ်မစောင့်၊ ကျေးဇူး မသိတတ်တဲ့ လုပ်ရပ်လို့ ပြောလို့ ရနိုင်မလား။ နိုင်ငံတကာ အလည်မှာ ရှက်ဖို့လည်း ကောင်းသလို၊ ကိုယ့်တန်ဖိုး ကိုယ် မထားတတ်တဲ့ လူတွေကို သတ်မှတ်ခဲ့ရပါတယ်။ UK နိုင်ငံ မြန်မာသံရုံးက အလံတိုင်ကို အာဇာနည်နေ့မှာ မြင်ရတဲ့ မြင်ကွင်းပါ။ မြန်မာလူမျိုးတွေရဲ့ ကျေးဇူးသိတတ်မှုဟာ ဒါများလား ခင်ဗျာ။

1 comment:

Unknown said...

It's a shame on myanmar embassador and councillor to uk.Even the dog is faithful to its master.They are worse than dogs.Because of Martyrs they can stay like this.No wonder whey they do so because they are not educated and useless.