Tuesday 29 July 2008

mail for U Aung Lin Htut and friends

ထောက်လှမ်းရေးဟောင်းများဖတ်ဖို့

ဇာနည်ဝင်း
ဇူလိုင် ၂၈၊ ၂၀၀၈
(မိုးမခ မှ ရယူထားပါသည်။)

ထောက်လှမ်းရေးချီးမွမ်းခန်း

“ထောက်လှမ်းရေးထဲမှာလည်း … မကောင်းတဲ့သူ အချို့တ၀က် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် … ကောင်းတဲ့သူက အများစု ဖြစ်ပါတယ်” ဆိုတာကတော့ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ရဲ့ စကားတွေပါ။ ဇူလိုင် ၂၁ နေ့စွဲနဲ့ youtube ၀က်ဆိုက်မှာ တင်ထားတဲ့ DVBရုပ်သံမှာ ပြောသွားခြင်းဖြစ်ပါတယ်။ photayokeking.blogspot.com မှာလည်း ကြည့်နိုင်ပါတယ်။

ဦးအောင်လင်းထွဋ် ရဲ့ ယခင် အင်တာဗျူးတွေ၊ ထုတ်ဖော်ချက်တွေမှာတော့ ဗိုလ်ချုပ်မှူးကြီးက မည်သို့မည်ပုံ ရက်စက်ယုတ်မာပါကြောင်း ဆိုတာတွေနဲ့ ပြည့်နေပါတယ်။

ဒီထုတ်လွှင့်ချက်မှာတော့ ဦးအောင်လင်းထွဋ်က ဖျက်သိမ်းခံလိုက်ရတဲ့ တပ်မတော်ထောက်လှမ်းရေး တော်ကြောင်း၊ ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ထားတာပါ။ သူပြောတာတွေကို သုံးသပ်ချင်လို့ ဒီစာကို ရေးပါတယ်။

ဒီပဲယင်းအလွန်

၂၀၀၃ခုနှစ် ဒီပဲယင်းသတ်ကွင်းထဲက လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲ ထည့်လိုက်တယ်၊ တပ်မတော်ထောက်လှမ်းရေးက ဒေါ်စုကို ကုလသမဂ္ဂအရာရှိ မစ္စတာ ရာဇလီအစ်စမေးလ်နဲ့ ပေးတွေ့ခဲ့တယ်၊ ဒေါ်စု အသက်မသေဘူး၊ ဒဏ်ရာမရဘူးဆိုတာကို ကုလသမဂ္ဂ သိသွားတယ်၊ ဒီလိုပေးတွေ့ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေဆီမှာ ခွင့်မတောင်းခဲ့ဘူးလို့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။ “တင်ပြရင် ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ ဘယ်လိုမှ သဘောတူစရာ အကြောင်း မရှိပါဘူး” တဲ့။

သူကတော့ ဂဠုန်ဦးသန်းရွှေ အကြောင်း ပြောပြတာပါ။ သို့ပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို အမှုန့်ကြိတ်ခဲ့ကြသူတွေထဲမှာ တပ်မတော်ထောက်လှမ်းရေး မပါဝင်ကြောင်းပါခင်ဗျားလို့ ပြောနေ၊ ဆင်ခြေပေးနေသလိုပါပဲ။

ဆွေးနွေးပွဲ

“ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီးမှ Photo diplomacy ဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ပြီးတော့မှ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်၊ ဘယ်လိုပြုပါတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ လိုက်ပြီးတော့ ပြတာ၊ သတင်းတွေမှာ ပါတာ ရှိပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေက ဗိုလ်ချုပ်ကြီးခင်ညွန့်အပေါ်မှာ ယုံကြည်တယ်။” လို့ ဆိုပါတယ်။

တပ်မတော်ထောက်လှမ်းရေးက မြန်မာပြည်မှာ ဆွေးနွေးနေကြပြီ အဆင်ပြေနေကြပြီလို့ ကမ္ဘာလှည့်ပြီး အဲသလို ပြောခဲ့တာပါ၊ ဘာကြောင့် အဲသလို ဗြောင်လိမ်ခဲ့ပါလိမ့်။

ဦးသန်းရွှေတို့ကို ဆွေးနွေးရေးအတွက် တိုက်တွန်းလို့မရဘူးဆိုတာ ထောက်လှမ်းရေးအရာရှိများ ၁၉၉၅ ကတည်းက သိခဲ့ပြီးသားပါ။ နိုင်ငံတော်အကြီးအကဲများက အဖွဲ့ချုပ်နဲ့ ဆွေးနွေးလို့ရပါတယ်၊ ဒေါ်စုတော့ မပါစေနဲ့ ဆိုတဲ့အသံကို ထောက်လှမ်းရေး ဗိုလ်မှူးတွေကပဲ ပြောခဲ့တာမဟုတ်ဘူးလား။ နောက်တနှစ်မှာတော့ ၀န်ကြီးဦးစိန်ဝင်းက ဒေါ်စုကို သတ်ပစ်ရမယ်လို့ ကြုံးဝါးခဲ့လေရဲ့။

ဒေါ်စုက ထောက်လှမ်းရေးကို အားကိုးသတဲ့လား

လမ်းပြမြေပုံ ၇ဆင့် တီထွင်ပြီးနောက်ပိုင်းမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြန်ပြီးတော့မှ နိုင်ငံအတွက် ကျနော်တို့နဲ့တွဲပြီး အလုပ်လုပ်ဖို့ ပြန်ပြီး မေတ္တာရပ်ခံတာတွေ ရှိတယ်၊ ကျနော်တို့ မှားခဲ့တဲ့ဟာတွေအတွက်လည်း တောင်းပန်ရတာပေါ့ဗျာ၊ ကြားထဲက ကျနော်တို့က ဗိုလ်ချုပ်သန်းရွှေ သူ့ဟာသူ ဘယ်လောက်ကြီးပဲလုပ်ခဲ့လုပ်ခဲ့ ကျနော်တို့ကတော့ တိုင်းပြည်ကောင်းဖို့ အတွက် အစ်မကြီး မပါရင် မပြီးတော့ဘူးဆိုပြီးတော့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထား ပြည့်ဝပါတယ်။ သဘောထားပြည့်ဝတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းပြီးတော့မှ နောက်ဆုံး အင်န်အယ်လ်ဒီ စီအီးစီ အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပေးတွေ့တယ်။”

“အဲဒီတုန်းက ကျနော်သိသလောက်တော့လေ အင်န်အယ်လ်ဒီကို အမျိုးသားညီလာခံ ပြန်ဖွင့်ရင် အင်န်အယ်လ်ဒီပါတီလည်း အမျိုးသားညီလာခံ ပြန်ဝင်မယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ တခါတည်း ပြန်လွတ်မယ်၊ အမျိုးသားညီလာခံမှာပါတဲ့ မူ ၁၀၄ ချက်တို့၊ ကျန်တဲ့ ဆွေးနွေးချင်တဲ့အချက်တွေကိုလည်း ပြန်ဆွေးနွေးခွင့်ပေးမယ် ဆိုတာတွေဟာ မူအားဖြင့်တော့ သဘောတူပြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်က အကိုကြီးတွေက ၀မ်းသာရတော့မယ် တဲ့၊ ၉၅ ရာခိုင်နှုန်းကတော့ စိတ်ချနေရပြီ တဲ့၊ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

သူတို့ဝိုင်းဝန်းခဲ့တဲ့ အမျိုးသားညီလာခံ၊ လမ်းပြမြေပုံတွေဟာ ဘာလဲဆိုတာကို ခုချိန်ထိ ဦးအောင်လင်းထွဋ်တို့ကိုယ်တိုင် သိဟန်မတူပါဘူး။ ဒါမှမဟုတ် စစ်ထောက်လှမ်းရေးအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာအရေးပါတဲ့ သူတို့အခေါ် အစ်မကြီး ဒေါ်စုနဲ့ အဆင်ပြေတယ်ဆိုတာ ပြောချင်တာလည်း ဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးလည်း ဒီမိုကရေစီ လိုချင်သည်

“ကျနော်တို့လည်း နားလည်ပါတယ်၊ ကျနော်တို့ တပ်မတော်ထောက်လှမ်းရေးထဲမှာ ရှိတဲ့သူတွေဟာ ဒီမိုကရေစီ လိုချင်ကြတဲ့သူတွေပါ၊ ဒီ အာဏာရှင်စနစ်ရဲ့အောက်မှ ဘယ်သူမှ ကြိုက်လို့နေတာ မဟုတ်ပါဘူး။ အကြောက်တရားနဲ့၊ ကိုယ်က မကြိုက်ဘူးသွားပြောရင် ကိုယ့်ရဲ့ အိုးအိမ် စည်းစိမ် နောက်ဆုံး ဘ၀ပျက်မှာပေါ့လေ။ ဘ၀ပျက်မှာ စိုးလို့သာ မှိန်းပြီးတော့ နေရတဲ့သူတွေပါပဲ။”

ဒီမိုကရေစီလိုချင်တယ်ဆိုတာကတော့ သဘာဝကျပါတယ်။ မှိန်းပြီးနေခဲ့တဲ့အကြောင်းကိုတော့ နိဂုံးပိုင်းမှာ ပြောချင်ပါတယ်။

ထောက်လှမ်းရေးဟောင်းများ

ထုတ်လွှင့်ချက် ကြည့်အပြီးမှာတော့ ဦးအောင်လင်းထွဋ်ရဲ့ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေအပေါ် ထားတဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။

ဒီလို ထုတ်ဖော်ပြောကြား ဝေဖန်နေတဲ့အတွက် အာဏာပိုင်အဆင့်ဆင့်က နည်းမျိုးစုံသုံးပြီး ဒုက္ခပေးမယ်ဆိုတာ သိထားပြီးသားဖြစ်မှာပါ။

စာနယ်ဇင်းတွေနဲ့ တွေ့ရဲ ရင်ဆိုင်ရဲတာလည်း လေးစားစရာပါပဲ။

ထောက်လှမ်းရေး အရာရှိဟောင်းတွေက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ကမ်းလှမ်းပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ တုန့်ပြန်မှု၊ ယုံကြည်မှုတွေ မရဘူးဆိုတဲ့ သူတို့ရဲ့ ညည်းတွားသံတချို့ကိုလည်း ကြားနေရပါတယ်။

ဘာကြောင့် ပူးပေါင်းဆောင်ရွက်မှု မရသေးတာလဲ

ဒီပဲယင်းမှာ ဒေါ်စုတို့ကို သတ်ဖို့ ဘယ်သူတွေက အကောင်အထည်ဖော်ခဲ့တယ်၊ ဘယ်သူရဲ့စိတ်ကူးဖြစ်တယ် ဆိုတာ တပ်မတော်ထောက်လှမ်းရေးအဖွဲ့က သိတယ်။ လူသတ်ပွဲ ဖြစ်ပြီး ၅ နှစ်အတွင်း အဲဒီအဖွဲ့ထဲက ဘယ်သူကမှ အသံမထွက်ခဲ့ပါဘူး။ အများသူငါသိအောင် တနည်းနည်းနဲ့ ဖွင့်ချတာ မရှိခဲ့ပါဘူး။ အခုတော့ ဦးအောင်လင်းထွဋ်က ဖွင့်ချလိုက်ပါပြီ။

စစ်ထောက်လှမ်းရေးများလည်း အာဏာရှင်စနစ်ကို မကြိုက်ပါဘူးတဲ့။ မကြိုက်ဘူးဆိုပေမယ့် တကယ်တမ်းတော့ မှိန်းပြီးနေတာမဟုတ်ဘဲ အစွမ်းကုန် ကာကွယ်ပေးခဲ့တာပါပဲ။

ဥပမာ ဒီမိုကရေစီအော်တဲ့သူကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ လွှတ်ရက်ကျော်ပေမယ့် ပြန်မလွတ်ပေးဆိုတဲ့ အဆင့်၎ဆင့်စလုံးကို ဂုဏ်ယူစွာနဲ့ တာဝန်ယူခဲ့ကြတာ တပ်မတော် ထောက်လှမ်းရေးပါ။ အဲဒီလိုလုပ်ရမယ်လို့တော့ ဦးသန်းရွှေက အမိန့်ထုတ်ခဲ့ဟန် မတူပါဘူး။

ဒီမိုကရေစီအော်မိတဲ့သူတွေ ထောင်ထဲမှာ တယောက်ပြီးတယောက် ဒုက္ခိတဖြစ်ကြ၊ သေကြတာလည်း ထောင်ဝန်ထမ်းကြောင့်နည်းနည်း၊ ထောက်လှမ်းရေးကြောင့်များများပါ။ ဒါက ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဥပမာပေးတာပါ။

တပ်မတော်ထောက်လှမ်းရေးရဲ့ အခြားအခြားသော လက်သံပြောင်ချက်တွေကြောင့် ဒီနေ့အချိန်မှာ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေဆီက ပူးပေါင်းဆောင်ရွက်မှုကို မရတာပါ။

ပူးပေါင်းမှုရရေးကို ဦးစားပေးမယ့်အစား နအဖအုပ်စုရဲ့မိသားစုဝင်တွေ အနောက်နိုင်ငံတွေမှာ လိမ်ညာပြီး ခိုလှုံခွင့် လျှောက်ထားတာတွေ၊ အခြေချနေတာတွေကို ဖော်ထုတ်နိုင်ပါတယ်။ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး ကွန်ယက်တွေကို စုံစမ်း ထောက်ပြနိုင်ပါတယ်။ ဒါတွေကို အာရုံစိုက်သင့်ပါတယ်။

ပူးပေါင်းလို့ရပါ့မလား

ပူးပေါင်းမှုဟာ ဒီမိုကရေစီဘက်တော်သားတွေကြားထဲမှာတောင် ရာနှုန်းပြည့် မရှိသေးပါ။

ထောက်လှမ်းရေးအရာရှိဟောင်းတွေအနေနဲ့ ငါတို့မှားခဲ့တယ်၊ ငါတို့မှန်ခဲ့တယ် ဆိုတာလည်း ပြောဖို့ မလိုပါ။ ဘယ်သူဘာလဲဆိုတာ အပြန်အလှန် သိနေကြပြီးပါပြီ။ ပြည်ပရောက် အတိုက်အခံများနဲ့တော့ တူတာတွေ တွဲလုပ်၊ မတူတာ ခွဲလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ အချိန်ယူပြီးလုပ်ရင် သေချာပေါက် ရနိုင်ပါတယ်။

အတိုက်အခံတွေ လုပ်ချင်တာက ဦးသန်းရွှေမျက်နှာဖုံးခွာချရေးတခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး၊ စစ်တပ်အာဏာသိမ်းမှုတွေ ပြန်မဖြစ်ရေး ဒါတွေကို လုပ်ချင်တာပါ။

နိုင်ငံမှာ လုပ်ဆောင်စရာတွေ၊ ပြုပြင်စရာတွေ၊ အစပျိုးစရာတွေ အများကြီး ရှိပါတယ်။ လာမယ့် အနှစ် ၂၀အတွင်းမှာလည်း ပြဿနာမျိုးစုံဖြစ်လာမှာကိုလည်း အံ့သြရလောက်အောင် တွေ့ရဦးမယ်လို့ ထင်ပါတယ်။

16 comments:

Unknown said...

He is complete FANTASIST and I would not believe him if he told me the sun set in the west.

Absolutely Rubbish!! Such a low trash.

Myo Win Zaw said...

အင်းထောက်လှမ်းရေးတွေအများစုက ဒီမိုကရေစီလိုချင်တယ်ဆိုဘဲ
ဒီ Road Map ဆိုတဲ့ပေါက်ကရမြေပုံဟာ ထောက်လှမ်းရေး စစ်မဟာဗျူဟာလေ့လာရေးဌာနက ထွက်လာတဲ့ဘရုတ်သုတ်ခပါ နောက်ပြီးခင်အွှန့်များ ရွေးကောက်ပွဝြင်အရွေးခံဖို့ အောင်လင်းထွဍ် စည်းရုံးရေးဆင်းနေတယ်နဲ့တူတယ် တဖက်လှည့်နဲ့ ခင်ညွှန့် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်နဲ့ တူတယ် ၈၈ အရေးအခင်းမှာ စစ်တပ်က အာဏာသိမ်းနိုင်အောင် ဆူပူအကြမ်းဖက် ခေါင်းဖြတ်တဲ့ အဆင့်မျိုးရောက်အောင်လုပ်ခဲ့တာ ထောက်လှမ်းရေးတွေပါ ဗိုလ်ကြီးစည်သူ ခေါင်းဆောင်တဲ့ ထောက်လှမ်းရေး တသိုက် ဒေါ်အောင်ဆန်းစုကြည် ကို ယုတ်ယုတ်မာမာ ရေးထားတဲ့စာရွက်တွေနဲ့ ကုန်ဈေးတန်းတ၀ိုက်မှာ ဖမ်းမိခဲ့တာ သာဓကပါ။ ခေါင်းဖြတ်မှုတွေမှာ ရှေ့ဆုံးက မဖြတ်ဖြတ်အောင်လှုံဆော်တဲ့ သူတွေဟာ ထောက်လှမ်းရေးကတပ်ကြပ်ကြီးတွေပါ ပြီးတော့လူတွေ သွေးကြွပြီးဝင်လာတော့ သူတို့က လက်ရှေင်သွားတယ် အရေးအခင်းပြီးတော့ ခေါင်းဖြတ်တဲ့ လူတွေ တရားစွဲရုံးတင်တော့ သက်သေအဖြစ်နဲ့ပါလာကြတော့ ဒင်းတို့က ထောက်လှမ်းရေးကကောင်တွေဖြစ်နေတယ် ထောက်လှမ်းရေးက ဒီမိုကရေစီလိုခြင်တယ်တဲ့ အောင်လင်းထွဍ်ရယ် တခြားဟာနဲ့ လိမ်ပါအုံးကွ မင်းကနိုင်ငံရေးခိုလှုံခွင့်လည်းယူသေးတယ် မာန်လဲမချ ထောက်လှမ်းရေး ကောင်းပါတယ် လုပ်နေတော့ မင်းတို့စစ်တပ်ကကောင်ဆိုတာ စောက်ရှက်မရှိဘူးလို့ပြောချင်တယ်

strike said...
This comment has been removed by the author.
strike said...

"Moe Ma Kha" is absolutely right.He's such a rubbish.

Unknown said...

မင်းတို့ကစောက်ပြစ်တင်ဖို့ပဲပြောနေတာ၊ဒီလိုလူမျိုးတွေကိုယ်ဘက်ပါအောင်စည်းရုံးဖို့စိတ်မကူးဘူး၊ နအဖ ဘက်တော်သားတွေဒီမိုကရေစီဘက်ပါခြင်တယ်၊ ကိုယ်လဲဘာမှစောက်သုံးမကျဘူး သူများကိုပဲလေကန်ခြင်နေတာ။ တကယ်တော့ မြန်မာပြည်ဒီမိုကရေစီ မရတာ နအဖ ကြီးပဲမဟုတ်ဘူး၊အာခြောင်ပြီး လက်တွေ့ ဘာမှမလုပ်တဲ့ စောက်ပေါတွေလဲပါတယ်

Unknown said...

မင်းတို့ဘာတွေဘဲပြောနေနေ၊ ဘာတွေဘဲလုပ်ပြနေပြနေ

ကိုယ်နဲ့ကိုယ့်မိသားစုကောင်းစားရေးအတွက် မျိုးချစ်မြန်

မာ့သူရဲကောင်းတွေရဲ့  ဘ၀တွေ အသက်တွေကိုဖျက်ဆီး

ခဲ့တဲ့၊ ထောက်လှမ်းရးလုပ်စားခဲ့တဲ့ကောင်တွေကို

သမိုင်းကမှတ်တမ်းတင်ထားတယ်။ နောင်အနာဂတ်မြန်

မာမျိုးဆက်တွေ သင်ခန်းစားယူနိုင်အောင်လို့။ မင်းတို့ရဲ့ 

မိုက်ကြွေးကို မင်းတို့ရဲ့ သွေးချွေးတွေနဲ့ဆပ်ကြ။ မှိန်းစား

နေတဲ့လူယုတ်မာအဖြစ်နဲ့သေရတာထက် သူရဲကောင်းအ

ဖြစ်နဲ့သေရတာက ပိုမြတ်ပါတယ်ကွာ။

တခုတော့ပြောလိုက်မယ်

မင်းတို့ဘယ်တော့မှအတွင်းစည်းတော့ဝင်လို့မရဘူး

ကိုထိုက်ရေ။

Chester said...

HapiBlogging to you my friend! Have a nice day!

Unknown said...

To nathan,

ခင်ဗျား တော်တော် မျက်စိနောက်အောင် ပေါက်ကရရေးတဲ့လူပဲ။ ခင်ဗျားကို ခင်ဗျား ဘာများအောင့်မေ့နေလို့ အတွင်းစည်းဝင်မရဘူးပြောရအောင် ... ခင်ဗျားရူးနေလား။ ဘယ်သူက အတွင်းစည်း အပြင်စည်း ဝင်တယ် ထွက်တယ် သတ်မှတ်နေလို့လဲ။ ခင်ဗျား သတ်မှတ်တာလား အတွင်းစည်းဆိုတာကို ..။ အဲဒါဆို ပူမနေနဲ့ ဘယ်သူမှ မလာဘူး။ bullshit တွေ များနေတဲ့ ခင်ဗျား စည်းထဲ ချေးစော်နံလို့ ဘယ်သူမှ မလာဘူး။ သူများတကာ ရေးနေတဲ့ ခေါင်းစဉ်က တခြား၊ ခင်ဗျား လာပြောနေတာ တခြား။ စကားလုံး အကြောင်းအရာကို ပြောနေတဲ့ ခေါင်းစဉ်နဲ့ မိအောင် အရင် ပြောတတ်ဖို့ လေ့ကျင့်ဦး။

လူရာမဝင်တဲ့ အတွေးတွေနဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ လာရေးနေတာ ခင်ဗျားကို ဘယ်နေရာမှ သုံးမရဘူးဆိုတာ သက်သေပြနေတာပဲ။

ခင်ဗျား ဒီဘလော့ပိုင်ရှင်ကို အသားလွတ် မုန်းနေပုံရတာသေချာတယ်။ ဟိုအရင် ပို့စ်တွေကတည်းက သူ့ကို ဘယ်လို တိုက်ခိုက်ရမလဲ ရေးနေတာတွေပဲ တွေ့ရတယ်။ ကိုယ်တိုင် တိုင်းပြည်ကောင်းဖို့ ဘာလုပ်မယ် ရေးတာ မတွေ့ရဘူး။

အဲဒီလောက် မုန်းနေရင်လည်း ဒီနေရာကို အလည်မလာပဲ နေပေါ့ ... မဟုတ်ဘူးလား။ ခင်ဗျား လန်ဒန်မှာ အခွင့်အရေးယူထားပြီး ခွဒေါင်းလုပ်နေတာကို ဒီဘလော့ပိုင်ရှင်က သိလို့ ဖေါ်ထုတ်ထားတာကို တော်တော်ခံပြင်းနေတာနဲ့တူတယ်။ ဘာမှ လျှောက်ပြောမနေစမ်းပါနဲ့။ ကိုယ်လုပ် ကိုယ်ခံပေါ့။

burmese bullshit cleaner

Unknown said...

lmao

Anonymous said...

Whenever I see their faces( members of Junta, families of Junta ), hear their voices, read about them, I feel sick like I am seeing dog's shit.
I will never ever believe their lies.

Unknown said...

မင်းတို့လို ခိုလှုံခွင့်ရချင်လို့ တော်လှန်ရေးကိုခုတုန်း

လုပ်နေတဲ့ကောင်တွေကိုပြောလိုက်မယ်။ မင်းတို့အားလုံး

ဘယ်သူကဘာ၊ ဘယ်သူကဘယ်ခြေလှမ်းဆိုတာ ငါတို့

အားလုံးသိတယ်။ အပြောက်ရိုက်ရတဲ့ ကိုထိုက်တို့လည်း

ပါသပေါ့ကွာ။ လုပ်စားနေတဲ့ ငအောင်တို့။ စောက်ရူးထမိ

သားစု ၀င်းနိုင်တို့၊ မင်းတို့ကိုလွှတ်ထားတာကြာပါပြီး။ ဒါ

ပေမယ့် ယခုအချိန်အခါလို တိုင်းပြည်အတွက်

အရေးကြီးနေချိန်မှာ မင်းတို့လိုအခွင့်ရေးသမားရောင်

ခြောက်ဆယ်တွေကိုရှင်းပြစ်ရမဲ့အချိန်ရောက်နေပြီ။

ငါတို့မနေ့တစ်နေ့ကမှ အင်္ဂလန်ရောက်တာမဟုတ်ဖူး။

သန့်စင်ထိုက် ဆိုတဲ့ကောင်ဟာဘယ်သူဆိုတာငါတို့သိ

တယ်။ဘုန်းဘုန်းရဲ့ ရိုးသားဖြူစင်တဲ့ တိုင်းပြည်အပေါ်မှာ

ထားတဲ့စေတနာကို ခုတုံးလုပ်နေတဲ့မင်းတို့လူယုတ်မာ

တစုအကြောင်း မကြာမှီကမ္ဘာကသိစေရမယ်ဟေ့....။

Unknown said...

ဒီနေရာမှာ သုံးသတ်မိတဲ့အချက်တစ်ခုက မင်းတို့လို

ကျော်ဆန်းလက်ထွက်၊ဖေကံကေင်းရဲ့ တပြည့်တွေရဲ့ 

လေသံက တစ်ပေါက်ထဲပါလားဟေ့ ဟေ....။

ဂြိုဟ်နှစ်ကောင် said...

ကိုထိုက်ရေ၊ သိကြားမင်းကြီးရဲ. ၀ရဇိန်ပြင်နေတုငန်းပဲတဲ့၊ သတင်းပလင်း လိုက်စုရင် သတိလည်းထားဦး၊ အလိမ်ခံရတတ်တယ်။

strike said...

cheers...nathan...great

Anonymous said...

I don't understand why people are fighting each other by using rude words on the blog. There are only two groups which are SPDC and Democracy. I found some people who are in no one side and blaming both sides. Beware of those kind of people.

strike said...

htike is right.we are always behind you