Monday 25 August 2008

သတိရမိသည်များ (၁)

ကျွန်တော် ဘလော့ စ ရေးကာစ နဂိုရေးပြီးသား ဘလော့ အသိုင်းအဝိုင်းမှာ ရှိပြီးသား လူတွေဆီ အလည်သွားရ၊ ရေးတာတွေ ဖတ်ရ၊ တစ်ယောက်နှင့် တစ်ယောက် cbox တို့၊ comment တို့မှာ နှုတ်ဆက်ရ၊ အချင်းချင်း အားပေးကြနှင့် တမျိုး ပျော်စရာ ကောင်းသေး၏။ အဲဒါ ၂၀၀၇ ခုနှစ်ရဲ့ နှစ်လယ်ပိုင်း ဇွန်၊ ဂျူလိုင် လ များရဲ့ အချိန်တွေ။

နိုင်ငံရေး ရေချိန်၊ .... ဟုတ်ပဗျာ။ ဘာကောင်းသလဲ မမေးနဲ့။ ၈၈ မျိုးဆက်များရဲ့ လှုပ်ရှားမှုတွေကို နားထောင်ရ၊ လေ့လာရ၊ သတင်းတွေ အားရပါးရ နားထောင်ရနဲ့ တော်တော်လေး စိတ်လှုပ်ရှားမိပါရဲ့။ (၂၀၀၇) ခုနှစ် နှစ်စပိုင်းလောက် မှာ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် (၅) ယောက်ကို ဘာမှန်း မသိ၊ ခဏ ဆိုပြီး ခေါ်သွားတာ ရက်တွေကျော်၊ လတွေ ကူးနဲ့၊ ထုံးစံ အတိုင်း လုပ်နေတာကိုများ ... ကျန်ခဲ့တဲ့ ၈၈ မျိုးဆက်တွေက statements လေးတွေ ထုတ်ပြီး ငြိမ်မနေ။ အထူးသဖြင့် ကိုကျော်မင်းယု (ကိုဂျင်မီ)၊ ကိုမြအေးတို့ ဦးဆောင်ပြီး ထိရောက်တဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲဝင်ပုံစံ ဖော်ထုတ်မှုတွေ ...။ အားပါး ... လက်ဖျားခါလောက်ရဲ့။

အဖြူရောင် ဝတ်ဆင်တဲ့ လှုပ်ရှားမှု ...။ လက်မှတ်စုဆောင်းတဲ့ လှုပ်ရှားမှု ...။ ရင်ဖွင့်သံ လှုပ်ရှားမှု ... ။ အဲ .. တပြိုင်နက်ထဲမှာပါပဲ ... အမျိုးသမီးတွေကလည်း အန်တီစု မလွတ်မချင်း အင်္ဂါနေ့တိုင်း ဘုရားတတ် ဆုတောင်းပွဲတဲ့။ မနီလာသိန်းကလည်း ၈၈ မျိုးဆက် ကျောင်းသူတွေကို စုစည်းလို့ပေါ့။

အဲဒီမှာပါပဲ ..။ လူ့အခွင့်အရေး (ကိုယ့်အခွင့်အရေးဆိုတာ) ဆိုတာ သူများက ပေးတာ မဟုတ်ဘူး၊ အစိုးရ တရပ်က ပေးရတာ မဟုတ်ဘူး၊ ကိုယ့်ဘာသာ ထုတ်သုံးရတာ။ နေရာဒေသ နိုင်ငံ ဆိုတဲ့ စည်းနဲ့ မဆိုင်ဘူး။ လူပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်နဲ့ပဲ ဆိုင်တယ် ဆိုတာကို နားလည်စ ပြုလာတယ်။ ကိုယ်တိုင် လက်ရှိ လွတ်လပ်တဲ့ နေရာမှာ နေထိုင်နေရပြီး အခုအထိ မလွတ်လပ်သေးပါလားဆိုတာကို ... လွတ်လပ်မှု အပြည့်ရှိတဲ့ နိုင်ငံခြား တိုင်းပြည်မှာ (၇) နှစ်လောက် နေထိုင်ပြီးမှ ပြည်တွင်းက ၈၈ မျိုးဆက်တွေရဲ့ လှုပ်ရှားမှုတွေ မြင်ရတဲ့ အချိန်မှာ ဖျက်ခနဲ မြင်လိုက်မိတယ်။ ရှက်မိပါရဲ့။ လွတ်လပ်တဲ့ နေရာကို ခဏ ရောက်နေပေမယ့် အဲဒီ အချိန် မတိုင်ခင်အထိက တကယ့် လွတ်လပ်မှုကို နားမလည်ခဲ့ဘူး ဆိုတာ ဝန်ခံမိပါတယ်။

မဖြူဖြူသင်းရဲ့ HIV ရောဂါသည်တွေကို ကူညီရေး၊ မစုစုနွေးရဲ့ ရဲရဲတောက် မတရားတာကို ငုံ မခံတဲ့ စိတ်ဓါတ်၊ ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို အားပေးတဲ့ လုပ်ငန်းတွေ .. ။ သူတို့ စိတ်ဓါတ်တွေနဲ့ လုပ်ရပ်တွေက သတင်းတွေထဲကတဆင့် သွေးထဲမှာ အတူ လှည့်ပတ် စီးနေကြတာ။

မြင်နေရတယ်။ မြန်မာ့နိုင်ငံရေးမှာ မမြင်ရတဲ့ အင်အားနဲ့ လှိုင်းလုံးကြီး တစ်ခု စီးလာနေတယ် ဆိုတာကို။ .. သတိရမိပါရဲ့။

ကျွန်တော်တို့ ဘလော့ရေးတဲ့ လူတွေကလည်း အဲဒီ အားတွေနဲ့ အတူပေါ့ဗျာ။ လိုက်ပြီး စီးမျော နာယူ၊ လေ့လာ မှတ်သားပြီး ပြန်လည် ဝေငှနဲ့။ တော်တော်လေး နွေးထွေးတဲ့ လောကပါပဲ။ ကွန်ပြူတာ နည်းပညာ၊ စာပေ၊ ရသ၊ သုတ၊ ကဗျာ၊ ဟာသ၊ အမှတ်တရ၊ ရောက်တတ်ရာရာ၊ ဘာသာရေး၊ ပညာရေး စုံနေတာပါပဲ။ အဲ .. နိုင်ငံရေးနဲ့ သတင်း အတွက်ကတော့ ခပ်ပါးပါးလေးပါပဲ။

မှတ်မိရဲ့ .. ၂၀၀၇ ခုနှစ် အာဇာနည်နေ့မှာ ပို့စ် အသစ် မတင်ဘဲ ဝမ်းနည်းတဲ့ အထိမ်းအမှတ် ဂုဏ်ပြုဖို့ကို စင်္ကာပူက ကဒေါင်းညင်သာက စပြီး ဆော်သြတော့ အားလုံး တညီတညာထဲ ဂုဏ်ပြုခဲ့ကြတာတွေ၊ ... အဲဒီနေ့ မရောက်ခင် အာဇာနည်နေ့အတွက် ရေးချင်တာလေးတွေ ရင်ထဲကနေ မွေးလာသမျှ အလုအယက် ရေးတင်ခဲ့တာတွေ။ အမှတ်တရ တစ်ခုပါပဲ။

လွမ်းမိတာပါပဲ ...

ဟိုး ... အဝေးက အမိနဲ့ အဖကို ... လွမ်း ..

စစ် အစိုးရကို ထောက်ခံတဲ့ အဘိုးနဲ့
အယူအဆမတူကြပဲ ရန် ခဏ ခဏ ဖြစ်ခဲ့ရတာတွေကို ... လွမ်း..

အေးအတူ၊ ပူအမျှ အတူအကွ နေလာခဲ့တဲ့
ညီအစ်ကို မောင်နှမတွေကို ... လွမ်း ..

ကျောင်းတုန်းက ဆရာ၊ ဆရာမတွေကို ... လွမ်း..

ကျောင်းလွယ်အိပ်ထဲက ကက်ဆက်ခွေနဲ့
ကိုယ့်စိတ်ကြိုက် သီချင်း ဖွင့်ခိုင်းလို့ ရတဲ့
လက္ဘရည်ဆိုင်ကို .... လွမ်း

မညီညာတဲ့ ဂစ်တာကြိုးနဲ့
လမ်းမမှာ အော်ဟစ်သီကြွေးဖူးတဲ့ သီချင်းတွေ
ပလက်ဖောင်းပေါ်က တီးဆိုဘက် ဂီတ သူရဲကောင်းတွေကို ... လွမ်း

ဆုပ်ကိုင်ခဲ့ဖူးတဲ့ နွေးထွေးတဲ့ လက်ကလေးနဲ့
ဘဝရှေ့ရေး တိုင်ပင်ရင်း ကြေမွသွားတဲ့ အိမ်မက်လေးကို ...လွမ်း

ခိုးသောက်ခဲ့ဖူးတဲ့ ဘီယာဆိုင်နဲ့
တေဖေါ် တေဖက် သူငယ်ချင်းတွေကို .. လွမ်း

စိတ်ကူးသန်သန်နဲ့ ရေးခြစ်ခဲ့ဖူးတဲ့
ကျောင်းသားဘဝက ကဗျာစာအုပ်လေးကို .... လွမ်း

ကဗျာရေးရင်း အမှိုက်တောင်းထဲ ရောက်သွားရတဲ့
စက္ကူစုတ်လေးတွေကို ...လွမ်း

မိုးစက်တွေ၊ နှင်းစက်တွေထဲ
ကျခဲ့ဖူးတဲ့ မျက်ရည်စက်နဲ့ သက်ပြင်းမောတွေကို .. လွမ်း

ကျွန်တော် .. ဒီလိုပဲ ... လွမ်းတာပါပဲ ဗျာ။


စာရေးကောင်းတဲ့ လူတွေ၊ အစ်မ မေငြိမ်း၊ အစ်မ ခင်မင်းဇော်တို့က စလို့၊ ကလူသစ်၊ ကိုပေါ၊ ကိုဈန်၊ မဂျစ်တူး၊ တတ်စလာ၊ ပင့်ဂိုလ်း၊ ကိုသင့်၊ ၊ မသဒ္ဓါ၊ ကဒေါင်း၊ ဘာညာ၊ အဲဒီလူတွေက စလို့ .......... ဖိုးချမ်း၊ လင်းလတ်ကြယ်စင်၊ စမိုင်းမေတို့ အထိ၊ အများကြီးပါပဲ၊ မှတ်မိသလောက် ဖေါ်ပြတာပါ။ (အကုန်ထည့်ရေးရင် နာမည်တွေ တန်းစီနေမှာစိုးလို့။) အခြား သင်ယူစရာ ဘလော့သမားတွေဖြစ်တဲ့ ညီလင်းဆက်၊ ကိုမောင်လှ တို့က စီနီယာတွေလည်း ဖြစ်သလို၊ ပညာယူစရာ နေရာတွေပေါ့။ (ညီလင်းဆက်ဘလော့ထဲက မြန်မာဖောင့် ဘယ်လို သုံးရအောင် လုပ်သလဲဆိုတဲ့ နည်းနဲ့၊ eot ကို ကဒေါင်းဆီက code တွေ ယူပြီး ဒီဘလော့ကို တည်ဆောက်ထားခဲ့တာပါ။ စီဘောက်က နောက်ခံ မိန်းကလေးပုံ(မှတ်မိသူတွေ ရှိမှာပါ) background ထည့်နည်းကို ကိုဖိုးချမ်းဘလော့က လေ့လာပြီး၊ ကိုရန်အောင်ဘလော့က peekabo ကို လေ့လာခဲ့ပါတယ်။ (ဒါပေမယ့် peekabo ကို လုပ်ရမှာ ပျင်းတာနဲ့ မလုပ်ဖြစ်ပါဘူး။)

စာရှည်သွားရင် ဖတ်ရတာ ပျင်းမှာစိုးလို့ နောက်မှ သတိရမိသည်များ အပိုင်း (၂) ကို ဆက်ရေးတော့မယ်။

(ကျွန်တော် တခါမှ မလုပ်ဖူးပါဘူး၊ ဒါပေမယ့် ဘလော့သမားတွေ လုပ်လေ့ရှိတဲ့ တတ်(tag) ဓလေ့ကို သတိတရ ရှိအောင် ဘလော့ စ ရေးတာနဲ့ ဖြတ်ကျော်လာခဲ့ရတဲ့ သတိရမိသည်များကို ရေးကြအောင် တတ်(tag) လုပ်ဖို့ စာရင်းပြုစုနေပါကြောင်း၊ ကျွန်တော့် အခန်းဆက် သတိရမိသည်များ ပြီးတာနှင့် tag list ကို ကြေငြာကြည့်မှာ ဖြစ်ပါတယ်။)

လေးစားစွာဖြင့်
ကိုထိုက်

3 comments:

ကိုပေါ said...

မြန်မာတီးရှော့ပ် ဖိုရမ်မှာ ကိုထိုက် ကဗျာတွေ တင်ပေးခဲ့တာကို သတိရမိတယ်။

ကိုထိုက် said...

မင်္ဂလာပါ ကိုပေါရေ၊ အရင် အချိန်တွေကို လွမ်းမိလို့၊ လွမ်းလွမ်းနဲ့ လွမ်းချင်းရေးမိတာ။ အခုလို သတိတရ ရှိတာတွေ ကြားရလို့ ဝမ်းသာမိပါတယ်။

Anonymous said...

show-live視訊優質浪女視訊聊天室女狼俱樂部視訊聊天室春夫人視訊情人網玩美女人視訊聊天室色情豆豆聊天室辣妹成人視訊聊天室色情視訊聊天室kiss影音視訊聊天室e夜情人免費視訊聊天室藍色愛情海聊天室台北聊坊聊天室新中台灣聊天室網路愛情學院聊天室☆♀ 電話交友☆♀☆♀ 視訊美女觀看免費 ☆♀☆♀ 成人哈啦聊天室☆♀☆♀ 視訊美女觀看免費 ☆♀☆♀ 激情網愛聊天 ☆♀☆♀ 成人卡通電影 ☆♀☆♀ 免費辣妹視訊聊天網 ☆♀成人遊戲區激情網愛聊天☆♀ 成人小說 ☆♀☆♀ 激情網愛聊天 ☆♀☆♀ 成人遊戲區 ☆♀影音Live秀★168視訊美女★★偷窺視訊聊天室★★影音視訊聊天情人網★★情色漫畫★★辣妹妹影音視訊聊天室★★888視訊聊天室★★ 免費音樂試聽★★網路視訊聊天室★網友一夜情聊天室★ 視訊美女影音★★網路視訊聊天室★★影音視訊聊天情人網★☆♀ 成人哈啦聊天室 ☆♀一夜激情網愛聊天室☆♀ 080辣妹聊天室 ☆♀網愛成人聊天室☆♀ skype網愛 ☆♀☆♀ 網愛bbs ☆♀☆♀ 激情網愛聊天 ☆♀☆♀ 網愛俱樂部 ☆♀網友一夜情聊天室ut影音視訊聊天室★視訊聊天交友★激情網愛聊天★一夜激情影音聊天室★真人視訊影音聊天★華人影音視訊聊天情人網★★台北一夜激情聊天室★★外公外婆聊天室★孤男寡女聊天室一網情深聊天室情人皇朝聊天室真愛宣言聊天室☆♀ 自拍偷拍影片 ☆♀☆♀ 影音交友 ☆♀☆♀ 一夜情影音交友 ☆♀火辣美女☆♀ 火辣美媚 ☆♀☆♀ 辣妹視訊聊天 ☆♀☆♀ 成人電影下載 ☆♀☆♀ 情色成人影片 ☆♀☆♀ 情色影片下載 ☆♀☆♀ 美女視訊聊天 ☆♀情色影音聊天☆♀ 情色視訊聊天 ☆♀成人視訊聊天※a片線上試看※sex520免費影片※※線上 aa 片試看嘟嘟※&甜心寶貝直播貼片&※免費視訊聊天室※※激情成人網愛聊天室※※線上免費a片觀看※免費 a 長片線上看※免費線上 a 電影直播※※線上免費觀看小電影※※免費色咪咪影片網※※免費檳榔西施摸奶影片※影音Live秀ez網愛聊天室♀ 找網愛聊天室 ☆☆♀ 888視訊聊天室 ☆♀♀ 真人視訊影音聊天※免費影片線上觀賞※watchshow TV情色視訊交友※s383情人視訊※※免費視訊聊天室 AV線上影城※FF-FST免費視訊聊天網※aa片免費看影片※※免費a片下載※金瓶影片交流區※Hotsee免費視訊交友聊天※美女視訊美女交友☆♀ 視訊錄影☆♀彩虹hi視訊交友網※免費觀看視訊辣妹脫衣秀※免費視訊聊天區※台灣辣妹貼圖區※1007 免費 視訊 聊天 秀成人免費視訊聊天區※視訊辣妹本人的精采照片※※免費影音視訊聊天※※0509免費 視訊聊天秀※一夜情視訊聊天室☆♀ 火辣美媚 ☆♀情色文學色情照片