Saturday 6 September 2008

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၁)

ညမင်းသား

ဘုရားတရားသံဃာ(အစစ်)အား ရိုသေမြတ်နိုးစွာ ကန်တော့ပါ၏ဘုရား


ယခုအချိန်သည် သာသနာခုနှစ်အားဖြင့် ၂၅၀၀ ကျော်ခဲ့ပြီ၊ သာသနာ တစ်ဝက်ကျိုးလာသည်နှင့်အမျှ ဘုရားသာသနာသည်လည်း အဖက်ဖက်မှ ဆုတ်ယုတ်လျှက် ရှိသည်၊ ယနေ့ နအဖခေတ်မှာကား အဆိုးဆုံးပင်ဖြစ် သည်။ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာရတနာသည် ကွယ်လုဆဲဖြစ်နေပါသည်။

အဆိုးဆုံးဟုပြောရလောက်အောင် ခေတ်အဆက်ဆက် ဘယ်မင်းဘယ် ပုဂ္ဂိုလ်မှ မလုပ်ခဲ့ဖူးသော သံဃာအပေါင်းကို အတုဆိုပြီးရိုက်သတ် လိုက်ခြင်းပင်။ ပညာကျော် နအဖကားအတုနဲ့အစစ်ကို ဘယ်လိုခွဲလိုက် သည်မသိပါ၊ ပြည်သူတွေကြားမှတော့ အတုအစစ် ပြသာနာသည် တော်တော်ကြီးဂယက် ရိုက်ခတ်သွားခဲ့ပါသည်။

တချို့ပြည်သူများဆိုလျှင် မိမိတို့တစ်သက်လုံး ထိုင်ကန်တော့ ကိုးကွယ် လာခဲ့သော ရဟန်းတော်များသည် နအဖ၏ အတုစာရင်းထဲပါသွားသဖြင့် ဘာမှအကျိုးမရှိဖြစ်ကုန်လေ၏။ ထို့ကြောင့် ပြည်သူတွေ သံဃာ အစစ်အမှန်ကို ကိုးကွယ်ဆည်းကပ် ခွင့်ရအောင် ဒီပုဂ္ဂိုလ်တွေက သံဃာအတုဖြစ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ သံဃာအစစ်တွေပါဆိုပြီး နအဖ ဘက်က ဆက်လက်ဆောင်ရွက် ပေးသင့်ပေသည်။

နအဖ သည် အတုကို ဖော်ထုတ်ခဲ့ပြီး အစစ်ကိုတော့ မဖော်ထုတ်ခဲ့ပေ၊ အတုနဲ့အစစ် ကိုဘယ်လိုခွဲခြားကြမလဲ။ ရေသန့်ဗူးနဲ့ပစ်လို့ မှန်နှစ်ချပ် ကွဲသွားတာကို မကျေမနပ်ဖြစ်ပြီး အရေးယူပေးဖို့ တောင်းဆိုတဲ့ သာသနာပိုင်ကို သံဃာ အစစ် လို့ခေါ်ဆိုနိုင်မလား၊ ဒါမှမဟုတ် စစ်အစိုးရအလိုကျ ဆောက်ရွက်ပေးနေတဲ့ သူတွေကိုပဲ သံဃာအစစ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေ အကျိုးကို လိုလားတဲ့ သူတွေကိုရော သံဃာလို့ မသတ်မှတ်တော့ဘူးလား နအဖကား ရည်ရွယ်ချက်ရှိရှိ သံဃာကို သင်းကွဲလိုက်လေပြီ။ ဘယ်ပုဂ္ဂိုလ်တွေက ငါ့ဟာသံဃာအစစ်ပါလို့ လက်မထောင်ပြီး ကြွေးကြော်ဝံ့ပါသလဲ၊ သာသနာ ထက်ဝက် ကျိုး လာသည်နဲ့အမျှ ရဟန်း အရေခြုံမျှသာ ဖြစ်သော ဒုဿီလရဟန်း (ရဟန်းနဲ့တူသောအရာဆိုလို့ အ၀ါရောင်မျှသာရှိသော ပုဂ္ဂိုလ်) တို့ တိုးတက် များပြားလာလိမ့်မည်၊ ဒါဟာ အမှန်တရားပါဘဲ အခြားတစ်ဖက် မှာလဲ မြတ်သောရဟန်းအကျင့်ကို ကျင့်နေသည့်အပြင် သတ္တ၀ါတို့၏ ကောင်းကျိုးကိုဆောင်ရွက် ပေးနေသော သံဃာပုဂ္ဂိုလ်မြတ် တွေဟာလည်း လက်ညိုး ထိုးမလွဲအောင် ရှိနေပါသေးသည်။

ဤသို့ နအဖ၏ ပယောဂကြောင့် သာသနာညှိုးနွမ်းနေချိန်တွင် ဦးကျော်ဟိန်းသည် မြင့်မြတ်သော ရဟန်းဘ၀ကိုခံယူပြီး သတ္တ၀ါတွေရဲ့ အကျိုးကိုဆောင်ရွက် ပေးမည်ဟု ကြားသိရသောအခါ ကျွန်တော် အလွန်ဝမ်းသာမိပါသည်။ သို့သော် ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းရေးတွင် သဘောမကျစရာ အချက်တွေကို ကျွန်တော်တွေ့လာရပါသည်။ သူတောင်းစား တစ်ယောက်နှင့် တိုင်းပြည်ကို စွန့်ပြီးရဟန်းပြုလာသော ဘုရင်တို့တွင် အကျိုးဖြစ်သော ရဟန်းဖြစ်လာခြင်းသည် အတူတူပင်ဆိုငြားလူ အများ၏ စိတ်ဝင်စားမူသည် တူညီလိမ့်မယ် မဟုတ်ပါ၊ ထိုနည်းတူစွာ ယနေ့ ပေါ်ပြူလာခေတ်တွင် ရုပ်ရှင်နယ်ပယ်၌ ထင်ရှားကျော်ကြားနေသော ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းမှူကို လူ့အများ စိတ်ဝင်စားလျှက်ရှိသည်။ သည်တွင် ကျွန်တော် ပြောရပေတော့မည်။ ဦးကျော်သည် မိမိ ရဟန်းပြုခြင်းကို ကြေငြာ မောင်းထုနေသည်ဟု ကျွန်တော်ရိုးရိုးလေးမြင် သည်၊ ဦးကျော်၏ ရဟန်းပြုခြင်းသည် ထင်ပေါ်ကျော်ဇောခြင်းကို လိုချင်လို့လား၊ ရဟန်းပြုခြင်းသည်ကား သာမန်လူပုဂ္ဂိုလ်တို့ မကျင့် နိုင်သော မြင့်မြတ်သည့် အကျင့် ကိုကျင့်ရန်နှင့် မိမိ၏ ကိလေသာကိုပယ်သတ်ရန်။

ရည်ရွယ်ချက် -- ရဟန္တာ အရိယာ ပုဂ္ဂိုလ်ဖြစ်ရေးပင်။ ဤကား ဘုရားအကြိုက်၊

ရဟန်းပြု ရခြင်းကိုဘန်းပြပြီး လူအများ စိတ်ဝင်စားအောင်ရုပ်ရှင်ရိုက်သလိုမျိုး Action များနဲ့လူလုံး မပြသင့်ဟု ထင်ပါသည်။ ခုသတင်းစာ၊ စာစောင်များ၌ ဦးကျော်၏ နောက်ဆုံးနေ့များဆိုပြီး ခဏခဏတွေ့ နေရတော့ ဦးကျော် သေတော့မလားလို့တောင် လူတွေက ပြောနေကြပြီ။

အကျိုးမျှော်တဲ့ စပွန်ဆာတွေကလည်း ပွဲလန့်တုန်း ဖျာခင်း မီးလောင်ရာ လေပင့် လုပ်နေကြသည်ဟု ကျွန်တော်မြင်သည်။ ဒါတွေကိုထားပါတော့ ဦးကျော်သည် စိတ်အကြောင်းဆွေးနွေးခန်းဆိုပြီးတော့ လူတွေနှင့် တရုန်းရုန်း လုပ်နေသည့်အပြင် ယခုနောက်ဆုံး မြန်မာပြည် တပတ်ပတ်ပြီး တရားပွဲများကျင်းပမည်ဟု သိရပါသည်။

ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ပြီး ဘယ်တရားကိုဟောပြောမှာဘာလဲ။ ကျွန်တော် သတိပြုမိတဲ့ ပထမတစ်ချက်က ဦးကျော်ပြောခဲ့သော “ကျွန်တော်ဟာ လောဘကင်းတဲ့ လူတယောက်” ဟုဆိုခဲ့ခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်မျှသာ ဖြစ်သေးတဲ့ ဦးကျော်အတွက် ဒါဟာအများကြီး စဉ်းစားစရာပါ။ ပုထုဇဉ် လူသားတစ်ယောက်ကို လောဘကင်းပြီလို့ တကယ်တမ်း ပြောလို့ရပါသလား၊ ဦးကျော်လောက်ကို ထားဦး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ အရာအားလုံးကို စွန့််ပြီးတောထွက်ပါတယ်၊ သာမန်အမြင်အရဆိုရင်တော့ ဒါဟာလောဘကင်းပြီလို့ ထင်စရာပါ၊ မဟုတ်ပါဘူးဗျ လောဘနောက်ကိုလိုက်တာပါ၊ မိမိလိုချင်တဲ့ ဘုရားဆိုတဲ့အရာနောက်ကိုလိုက်တာ..၊ အဲဒီမှာ လိုချင်တဲ့ ဘုရားမဖြစ်တော့ ဒေါသတွေဖြစ်ခဲ့ပါတယ်၊ အဲဒီလိုလောဘ၊ဒေါသနဲ့ပဲ ခြောက်နှစ်လုံးလုံး တရားအမှန်ကို ရှာမတွေ့ခဲ့ပါဘူး၊

ဟုတ်ပါပြီ.. ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို လောဘ၊ ဒေါသ၊ မောဟ၊ တဏှါ၊ ရာဂ ကင်းပြီလို့ ပြောနိုင်ပါသလဲ.. ရဟန္တာအရိယာမဖြစ်သေးသမျှ ဘယ်ပုဂ္ဂိုလ်ကိုမှ လောဘကင်းပြီဟု မပြောနိုင်ပါဘူး။

ကျွန်ုပ်တို့ အလှူအတန်း လုပ်ခြင်းသည် လောဘကို ပယ်သတ်ရန်မျှသာ၊ လူတယောက် ဘာမှ မလိုချင်ခြင်းသည် ဘာမှ မရှိခြင်းကြောင့်သာ၊ လောဘကို အမြစ်ပြတ်ပယ်သတ်ပြီး၍ကား မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် လောဘစိတ်များသည် တဒင်္ဂမျှ ငုတ်လျှိုးနေခြင်းသာဖြစ်သည်၊ တကယ်လို့ အကြောင်း တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင် သူတို့၏ လောဘစိတ်များဟာ ဒိုင်းခနဲ့ ပွင့်ထွက်လာတတ်ပါတယ်…

လောဘ စိတ်ကလေး ပယ်သတ်တာလောက်ကို ထားပါတော .. ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင်မှ ငါ ဟာအရိယာ ပုဂ္ဂိုလ်မြတ်ပါလို့ ဘာကြောင့် မကြွေးကြော်ကြပါသလဲ….

ကျေးဇူးတင်ပါသည်….

ဒုတိယပိုင်းမျှော်….

ညမင်းသား

6 comments:

Lun Lunn said...
This comment has been removed by the author.
Unknown said...

မှန်တယ်ကိုထိုက် ကျော်ဟိန်းမရိုးသားဘူးလို့ ပြောရင်ရတယ် ဘာလို့လဲဆိုတော့ ရဟန်းဝတ်တဲ့ကိစ္စကို ပေါ်ပင်သဘောမျိုးလုပ်နေတယ် သူသိထားတယ်တွေ ပြောမယ် ဟောမယ်ဆိုဘဲ သူ့အတွေ့အကြုံကို လူလိုပြောရင် ကောင်းမယ် ရဟန်းဝတ်ပြောမယ်ဆိုတာ လူစိတ်ဝင်းစားအောင်လုပ်နေတာလို့မြင်တယ်

Anonymous said...

I feel so sad whenever I hear or read about Buddhist monks being killed by those who believe they are Buddhists. I wonder if this is the beginning of disappearing of Buddhism in Burma because Buddhist monks are killed and jailed and tortured and those who become monks with wrong attitude.

အ ဘ ။ said...

သံသယာလာည်နေသရ်ျ..ထာဝရ ရှင်သန်နေမယ်ဆိုတဲ....ဦးကျော် တယောက် ဘာသာရေး ခုတုန်းလုပ်ခံရတဲ.သူ မဖြစ်ပါစေနဲ.လို....အကျွတ်တရား တကယ်ရပါစေလို....ဆုတောင်းပေးလိုက်ပါတယ်။။။။

I don't know. said...

ဦးကျော်ဟိန်းဟာ စိန်ဂေါ်လီ ဂိုဏ်သား ကနေ စစ်တပ်ထဲမှာ လဲအမှု့ထမ်းခဲ့ဘူးပါတယ်။ မိန်းမ ကလဲ တစ်ယောက်ထက်မနည်းပါဘူး။ VOa မှာလဲ ခရစ်ယာန်လူငယ် များကို ဟောပြောတာ ကြည့်ဖူးပါတယ်။
ငါဆိုတဲ့ အတ္တနဲ့ လုပ်ခဲ့တော့ ငါမှငါဆိုတဲ့ အစွဲကြီးကို
ဘယ်လိုဖျောက်မလဲ ပျောက်ပြီဆိုတာ ယုံရမှာလဲ။
ဆရာကြီး ဂိုအင်ကာတို့က တရားပြတာ သင်္ကန်း မ၀တ်ပါဘူး.။ ဒါပေမယ့် တစ်ကမ္ဘာ လုံးက လက်ခံကြတယ်။.သရုပ်ဆောင် တစ်ယောက်ကနေပြီး သင်္ကန်း ၀တ်သွားတဲ့ မင်းသားကြီး ဇေယျဆိုတာရှိပါတယ်။
ကိုယ့်ကိုကို အောင်နိုင်ခြင်းဟာ သူများသိဖို့မလိုပါဘူး ။သူများကို ချွတ်မယ်ဆိုရင် ကိုယ်တိုင် အကျွတ်တရား ရမှ ဖြစ်မှာပါ. စားဝတ်နေရေး ငွေကြေးခိုင်မာနေလို့ တရားဘောင်ထဲ ၀င်တယ်လို့ လတ်တလောလူတွေ ထင်သွားရင်.... ဘယ်လိုဟောဟော ကြာနှီကန် ဆရာတော် ဇာတ်ထုတ်တွေလောက် ရယ်စရာ မကောင်း

Anonymous said...

080中部人聊天室123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 123上班族聊天室 sm聊天室sm聊天室sm聊天室sm聊天室sm聊天室sm聊天室sm聊天室sm聊天室sm聊天室sm聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室愛情公寓聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室一夜情聊天室蟲蟲聊天室蟲蟲聊天室蟲蟲聊天室蟲蟲聊天室蟲蟲聊天室蟲蟲聊天室蟲蟲聊天室苗栗人聊天室蟲蟲聊天室蟲蟲聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情成人網愛聊天室激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天激情網愛聊天哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室哈啦聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室影音視訊聊天室原住民聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室痘痘聊天室情色網情色網情色網情色網情色網情色網情色網情色網情色網情色網重車論壇重車論壇重車論壇重車論壇重車論壇重車論壇重車論壇重車論壇重車論壇重車論壇av女優av女優av女優av女優