Sunday 28 September 2008

အရိုင်းတေးသံ

မသိကျိုးကျွံ ပြုခံထားရတဲ.
အုပ်ထိန်းသူမဲ.ကလေးတစ်ယောက်ပါ။

သူ.ရင်ထဲကအိပ်မက်ဟာ
ငှက်တစ်ကောင် ဖြစ်ချင်လိမ်.မယ်။

သူ.ရင်ထဲက မကျေမနပ်ခံစားချက်ဟာ
တူတစ်ချောင်းဖြစ်နေလိမ်.မယ။်

သူ.ရင်ထဲက အတွေးအခေါ်ဟာ
ပန်းခင်းနဲ.အစာရေစာဖြစ်တယ။်

သူ.ရင်ထဲက အမှန်တရားဟာ
ငွေစက္ကူနဲ. ဆဲဆိုသံတွေဖြစ်တယ်။

သူပြဌာန်းမယ်. ဘ၀အဘိဓာန်ဟာ
တော်လှန်ခြင်းဆိုရင် မမှားပေဘူး
သူသိတဲ.ကမ္ဘာဟာ…..ခုထက်ထိမလွတ်လပ်နိုင်သေးလို.ဘဲ။ ။

မင်းသစ်တည်

No comments: