Monday 6 October 2008

ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)

ကျွန်တော်တို့မှာ ကိုယ်ပိုင် ကောင်းကင် တစ်ခုစီ ရှိကြပါတယ်။ လွတ်လပ်မှု၊ ကျယ်ပြန့်မှု တို့ကို ပေးစွမ်းတဲ့ ကောင်းကင်ပါ။ ကိုယ်ပိုင် ကောင်းကင်လို့ ဆိုပေမယ့် လူတိုင်းကလည်း ဘုံ ပိုင်ဆိုင်နေကြပါတယ်။ ဒါပေမယ့် တချို့သောသူတွေရဲ့ ကောင်းကင်တွေကတော့ ......

လွတ်လပ်ခြင်းနဲ့ အတူ ရှင်းသန့်တဲ့ လေထုကို ထိတွေ့ထိုးဖောက် နိုင်ဖို့ ကောင်းကင် တစ်ခုကို ကျွန်တော်တို့ ကိုယ့်ဘာသာ တည်ဆောက်နိုင်ရပါမယ့်။

ကျဉ်းမြောင်းတဲ့ ဥခွံအတွင်းကနေ တရှိန်ထိုးပျံတက်ပြီး၊
အသက်၀၀ရှူ ရူရှိုက်က်ခွင့်ရရှိကြဘို့၊
ကျွန်တော်တို့ နေထိုင်နေသောကမ္ဘာကြီးကို အပေါ်စီးက ဖတ်ရှူနိုင်ဘို့၊
ကျွန်တော်တို့ အတောင်ပံခတ်သံများဖြင့် ပန်းများကိုပွင့်စေဘို့၊

“ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)”
တစ်စောင်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။


ဘုရားသခင်ကစလို့၊ နေရောင်ခြည်၊ မိုးစက်၊ နှင်းပွင့်နဲ့ လရောင်တို့
အားလုံး ကောင်းကင်ကလာတယ်။
ယူကေနိုင်ငံရောက် စာပေအနုပညာသည် အင်အားတစ်စုရဲ့ အားထုတ်မှု။
အတွေးအခေါ် ကောင်းကင်၊
စာပေနဲ့ အနုပညာကောင်းကင်မှာ၊

လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေး
လွတ်လွတ်လပ်လပ် ဝေငှ ဖတ်ရှူခံစားကြဘို့
စာမူများကို kaungkin.admin@gmail.com ကို ရေးသား ပေးပို့နိုင်ကြပါတယ်။


သင်နဲ့တကွ သင်နေထိုင်ရာ ကမ္ဘာကြီးကို ကောင်းကင်ကစီးကြည့်ကြရအောင်

3 comments:

Lun Lunn said...

္ဒ“ကောင်းကင်” ပျိုးသူများရဲ့ မိမိနိုင်ငံအပေါ် ထားရှိတဲ့ စေတနာ နဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ရှိပါတယ်။

ယခုလို မြန်မာပြည် လူငယ်တွေရဲ့ ယဉ်ကျေးမှု နဲ့ စာရိတ္တပိုင်း ချို့ယွင်းလာချိန်မှာ လွတ်လပ်မှု နဲ့ အတွေးအခေါ် ကောင်းမွန်မှုတို့ ရောစပ်ထားတဲ့ စာပေကောင်းတွေမှ တိုင်းပြည် အကျိုးပြု အမျိုးကောင်း သားသမီးများ ပြန်လည် ပေါ်ထွက်နိုင်ဖို့ မျှော်လင့်မိပါတယ်။

mm thinker said...

ကောင်းတယ်ဗျာ။ အားပေးတယ်။

ဘယ်လို ဖောမက်နဲ့ ထုတ်မယ်၊ ဆိုဒ်ဖွင့်မ ဖွင့် အဲဒါလေးတွေလည်း သိပရစေဦး။

Trend လေးတွေ သိရရင် ဘာရေးရမလဲ သိလာမယ် ထင်ပါတယ်။

Anonymous said...

.,.,
中秋煙火,國慶煙火,正妹視訊,真愛密碼,真愛密碼,開檔丁字褲,潤滑液,煙火秀,煙火圖片,衣蝶,衣蝶,AV女優,AV女優,

煙火批發,小泉彩,小泉彩,鞭炮,情趣商品,潤滑液,情趣精品,蜂炮,視訊,免費視訊,煙火,開檔丁字褲,煙火工廠,視訊,情趣商品,情趣精品,