Thursday 30 October 2008

ပစ်စာ (သို့) လက်ခံနိုင်ဖွယ်ရာ မရှိ၊ ဘယ်သူ့မှလည်း အကျိုး မရှိစေသော အဓိပ္ပါယ်မဲ့ ကိစ္စများ

ကျွန်တော့် cbox မှာ အခုတလော ပစ်စာလိုလို စာမျိုး လာရေးနေတာ မကြာခဏ တွေ့ရပါတယ်။ အထူးသဖြင့် အင်္ဂလန်က ဆရာတော် ဦးဥတ္တရကို ငွေကိစ္စ၊ လိင် ကိစ္စမျိုး ရေးတာတွေ တွေ့နေရပါတယ်။

ကျွန်တော်တို့ မြန်မာတွေ သိပ်အားနေကြသလား၊ ဒါမှ မဟုတ် ကိုယ့်အင်အားတွေကို အခြား ကိစ္စတွေမှာ ဖြုန်းတီးနေကြသလားလို့ တွေးမိပါတယ်။ (တစ်ယောက်အတွက်နဲ့ အားလုံးကို ခြုံပြောတာ မပြောသင့်ပေမယ့် အားလုံး ခံစားမိအောင် ဒီနေရာမှာ ခြုံပြောလိုက်တာ ဖြစ်ပါတယ်။) နောက်ကွယ်က လက်သီးပုန်းနဲ့ ထိုးသလို၊ သတ္တိကြောင်သော လုပ်ရပ်တွေမှာသာ အချိန်တွေ သုံးနေတယ်လို့ မြင်မိပါတယ်။

ကျွန်တော် ဒီနေရာမှာ မှားတယ်၊ မှန်တယ် အကြောင်းအရာထက် နောက်ကွယ်က သတ္တိကြောင်သော ပစ်စာ ကိစ္စကိုသာ အလေးပေး ပြောလိုပါတယ်။

ကျွန်တော် နားလည်သော ယောက်ကျားဆန်ဆန် လူကောင်းသူကောင်းတွေ လုပ်ရပ်တစ်ခုကတော့ ပြဿနာ တစ်ခုကို ဖြေရှင်းလိုလျှင် မျက်နှာခြင်းဆိုင် ဖြေရှင်းသော နည်းလမ်းသာ လူကောင်းတွေရပ် လုပ်ရပ်ဖြစ်ပါတယ်။ ပစ်စာ ပို့သော ကိစ္စကို အလွန်စိတ်ပျက်မိပါတယ်။ (ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စများလည်း အရင်က ပစ်စာဆန်ဆန် ပြောတာတွေ တွေ့ရပါတယ်။ ကျွန်တော် ဘာမှ ပြန်မဖြေရှင်းခဲ့ပါ။ မတူတန်ဘူး၊ မလိုအပ်ဘူးလို့ ခံယူထားပါတယ်။ ကျွန်တော့်ဆီက ဖြေရှင်းချက် နားထောင်လိုလျှင် မျက်နှာခြင်းဆိုင် အချိန်မရွေး လာမေးလို့ရပါတယ်။)

အခု ဆရာတော်နှင့် ပက်သက်သော ပစ်စာရေးသော သူများကို ပြောချင်တာ တစ်ခုကတော့ တကယ်တန်း ကိုယ့်ဘက်က အချက်အလက် မှန်တယ် ဆိုလျှင်(သို့) ဖြေရှင်းရဲသည်ဆိုလျှင်

၁။ မျက်နှာခြင်းဆိုင်ဖြေရှင်းပါ
၂။မျက်နှာခြင်းဆိုင် ဖြေရှင်းဖို့ အခွင့်အလမ်း မရှိလျှင်(ဥပမာ .. ရောက်ရှိနေသော နိုင်ငံမတူလျှင်) ကိုယ်မည်သူ မည်ဝါ ဖြစ်သည် ဆိုသော ID ကို ပွင့်ပွင့်လင်းလင်းပြောပြီးမှ သူများကို စွပ်စွဲသော စာများရေးပါ။

အထက်ပါ အချက် ၂ ချက် မဟုတ်လျှင်တော့ ပစ်စာရေးသော သူများကို ကျွန်တော့် အနေနဲ့ လူရာသွင်း စဉ်းစားမည် မဟုတ်သလို၊ အခြားသောသူများကလည်း အဆိုပါ ပစ်စာရေးသော အကျင့်တန်သည့်လူကို အဆင့်အတန်း မရှိသော သတ္တိကြောင်သူဟုသာ သတ်မှတ်ကြလိမ့်မည်ဟု ပြောချင်ပါသည်။

ထို့အပြင် အဆိုပါ စွပ်ဆွဲချက်များသည် မမှန်ကန်သော စွပ်ဆွဲချက်များသာ ဖြစ်သည်ဟု သတ်မှတ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

3 comments:

Unknown said...

i wonder why you have published it without evidence available on your blog.
I understand that because of your message, the readers will rather be aware of the allegation while no authority is referrable. Could you please condsider it!

/Dragon/

ကိုထိုက် said...

Dear Ko Than Than

I have got lots of evidence, But I am truely sick of their behaviour. It is worthless to put more effort into such things. So I just warn them, they know whom am I talking to.

I just wanna stop it from here.
Thanks for your comment.

regards,
Ko htike

lwin said...

I think they did it because they want to disgrace that monk who do politic.It is just my opinion after reading this.
Thank you.