Sunday 7 December 2008

မြန်မာသံရုံးသို့တစ်ခေါက်



(၂၀၀၈ ခုနှစ် မေလအတွင်းက လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ စစ်အုပ်စုမှ အဓမ္မ ဆန္ဒခံယူပွဲ ပြုလုပ်စဉ် စင်္ကာပူရောက် မြန်မာများ၏ ကမ္ဘာသိ ထုတ်ဖေါ်ခဲ့သော ဆန့်ကျင်သည့် လှုပ်ရှားမှု မြင်ကွင်းတစ်ခု)


ထိုနေ့ကတော့ မှတ်မှတ်ရရ နေ့တစ်နေ့ပေါ့။ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ခွဲ သူများခိုင်းသမျှ ကျွဲလိုနွားလိုရုံးကန် ပြီး ရသမျှထဲက ၁၀% ကို အခွန်ရုံးလုံ့ခေါ်ကြတဲ့ စင်္ကာပူနိုင်ဆိုင်ရာ မြန်မာသံရုံးကို ပေးဆောင်ဖို့အတွက် orchard ကို မနက်စောစော ထွက်လာခဲ့တယ်။ ရောက်ရောက်ချင်း သံရုံးဝမှာ ကိုယ့်လိုပဲ မပျော်ရွင်တဲ့ မျက်နာတွေ ကိုယ်စီနဲ့ ရောက်နှင့်နေတဲ့သူတွေ ဟိုတစ်စုဒီတစ်စု ထိုင်ရင်း ရုံးဖွင့်ချိန်ကို စောင့်နေကြတယ်။

ရောက်ရောက်ခြင်းပဲ သံရုံးခြံစည်းရိုး ပေါ်မှာတင်ထားတဲ့ A4 (ရေစိုနေပြီဖြစ်တဲ့) စာရွက်ပေါ်မှာ ကိုယ့်အမည်ကို ရေးဖို့ ကျောင်းသားတစ်စုရဲ့နောက်မှာ ရပ်စောင့်နေခဲ့တယ်။ သူတို့လေးတွေပြောနေကြတဲ့ စကားတွေကို နားမထောင်းပဲ အတိုင်းသားကြားနေရတယ်။ သူတို့တတွေပြောနေတာက သူတို့ရဲ့ သူငယ်ချင်း ၃ ယောက်နိုင်ငံသား ပြောင်းသွားတဲ့ကြောင်းပါ။ ဒါနဲ့ပဲ သူတို့ကို မေးစမ်းကြည့်တော့ နိုင်ငံသားပြောင်းရတဲ့ ကြောင်းပြချက်က သံရုံးနဲ့ မဆက်ဆံချင်လို့တဲ့လေ။ သြော် နိုင်ငံခြားရောက်မြန်မာ တစ်ယောက်ဟာ အနည်ဆုံး သုံးနှစ်မှာ သံရုံးကိုတစ် ခေါက်တော့မဖြစ်မနေလာရတာ ပဲလေ။ စိတ်ထဲက တွေးနေမိတာက သြော် ဒို့နိုင်ငံ အနာဂတ် လေးတွေဆုံးရှုံး နေရတယ်ပေါ့။ ဒီလိုနဲ့ ၉ နာရီထိုးလို့ သံရှုံးဖွင့်တဲ့အခါ အထဲကိုဝင်ပြီး ထိုင်စောင့်ဖို့နေရာရှာကာ ကိုယ်အလှည့်ရောက်ဖို့စောင့် ရတာပေါ့။ သာမန်အိမ်တစ်အိမ်ရဲ့ living room တစ်ခုစာကို ဗီဇာ ဌာန (visa session) နဲ့ ကောင်စစ်ဌာန ဆိုပြီး နှစ်ပိုင်း ပိုင်းထားတဲ့ အခန်းသေးသေးလေးထဲ မှာ လူ သုံး လေး ဆယ်လောက်နဲ့ ပြည့်ညှပ်နေတယ်။ အပြင်မှာလဲ သုံးလေးဆယ်လောက်က ဟိုထိုင်ဒီထိုင်ပေါ့။

ဒီလိုနဲ့ 9:30 လောက်ကစလို့ ၁၅ မိနစ်ကို လူ ၅ ယောက်နှုံးလောက်နဲ့ ခေါ်ပြီး အခွန်ဆောင်ဖို့လျောက်လွှာ လက်ခံတယ်။ အဲခုနကပြောတဲ့ ကျောင်းသားလေးတွေက ဟိုဟိုဒီဒီလိုက်မေးနေတယ် ကျောင်း သားဖြစ်ကျောင်း ထောက်ခံစာ ဘယ်မှာတန်းစီရမလဲပေါ့။ ဒါနဲ့ စပ်စုတတ်တဲ့ကျွန်တော်လဲ မေးကြည့်လိုက်တယ် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို ကျောင်းကမတောင်းပဲ ဘာလို့ သံရူံးကတောင်းသလဲပေါ့။ ဒါနဲ့ကျောင်းသား တစ်ယောက်ကပြန်ဖြေတယ် ရန်ကုန်လေဆိပ်က လူဝန်းမှုကြီးကြပ်ရေးက သံရုံးက ထောက်ခံစာကို ပဲ အသိအမှက်ပြုသတဲ့။ ဒါနဲ့ ကျွန်တော်မေးလိုက်တယ် ညီလေးတို့က ဘယ်ကျောင်းကလဲပေါ့။ Nanyang Technological University (NTU) ကပါတဲ့။ ကျွန်တော်လဲ တော်တော် အံသြသွားတယ် NTU လို world recognize ဖြစ်တဲ့ကျောင်းမျိုးက စာကို ရန်ကုန်လေဆိပ်က လူဝန်းမှုကြီးကြပ်ရေးက ဘာကြောင့် recognize မဖြစ်သလဲ လို့ပေါ့။ ဒီလိုနဲ့ ၁၀ နာရီလောက်မှာ အသက်ခပ်ငယ်ငယ် ၃၀ ၀န်းကျင် သံရုံးဝန်ထမ်း တစ်ယောက် စာအုပ်တစ်အုပ် ကိုင်လာပြီး ကျောင်းသားတွေကို အမည်ရေးခိုင်းတယ်။ ပြီးတော့ ထိုသူ နာရီဝက်လောက်ပျောက်သွားပြန်တယ်။ ၁၀နာရီခွဲလောက်ကြတော့ ခုနကလူငယ် ပြန်ထွက်လာပြီး လျှောက်လွှာတွေကို လက်ခံရင်း passport တွေကို စစ်နေတယ်။ ထိုသူငယ်ရဲ့မျက်နှာဟာ လုံးဝကိုတင်းမာနေပြီး စကားပြောရာမှာလဲ တော်တော့်ကို ရိုင်းစိုင်း တာကို တွေ့နေရတယ်။ သူအမြဲပြောနေတဲ့ စကားတစ်ခွန်းက “ မင်းတို့ကို ငါက စေတနာနဲ့ လုပ်ပေးနေတာ သိပ်ပြီးစောတက မတတ်နဲ့” တဲ့လေ . ကျောင်းသားတစ်ယောက်က ဘယ်အချိန်ရမလဲ ၁၂ နာရီခွဲလောက်ရမလား ဆိုတော့ “ မင်းတို့ကို ငါက စေတနာနဲ့ လုပ်ပေးနေတာ သိပ်ပြီးစောတက မတတ်နဲ့” ဆိုတဲ့စကားပြန်ပဲရတယ်. ဒီနေရာမှာ စဉ်းစားမိတာက သူတို့တွေဟာ (သံရုံး ၀န်ထမ်း) သံရုံးကို အပျော်ခရီးထွက်လာပြီး သံရုံး တာဝန်တွေကို စေတနာနဲ့ လုပ်ပေးနေသလား ပေါ့။ သူတို့မှာ မြန်မာနိုင်ငံသားတွေနဲ့ပက်သက်ပြီး ဘာတာဝန်မှ မရှိဘူး ဆိုတဲ့သဘောလားတော့ မသိဘူး။

အဲဒီအချိန်မှာပဲ ကျောင်းသူလေးတစ်ယောက် passport နဲ့ စာရွက်တွေကို လုံးချေပြီး မျက်ရည်စတွေနဲ့ ပြေးထွက်လာတယ် သူ့သူငယ်ချင်း နှစ်ယောက်လောက်က နောက်က ပြေးလိုက်သွားတယ် အသက်၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက် က အမျက်ဒေါသတွေနဲ့ ကောင်တာက သံရုံးဝန်ထမ်းကို ကြည့်နေ လေရဲ့။ ဒါနဲ့ကျနော်လဲ မနေသာတော့ပဲ ကောင်လေးကို သံရုံး အပြင်ကို ခေါ်ပြီး ဘာဖြစ်လဲ မေးတာပေါ့။ ဖြစ်ပုံက သူ့သူငယ်ချင်း ကောင်မလေးက ၂၀၀၇ တုံးက အလုပ် လပိုင်း လုပ်ဖူးတယ် တဲ့။ အခွန်လဲဆောင်ပြီးသားပါ ဒါပေမဲ့ အပြေစာက သူနေတဲ့အဆောင်မှာ ကျန်ခဲ့တယ်တဲ့လေ။ အခွန်ဆောင်ပြီး ရန်ကုန်ကို တစ်ခေါက် ပြန် ထားပြီးသားပါ။ ဒါကို အဲဒီကောင်လေးက သူ့သူငယ်ချင်း အတွက် ကူ ပြောပေး တာပေါ့။ passport ထဲမှာ ပြန်ထားတဲ့ တဆိပ်တုံးရှိတယ် ပေါ့ ဆိုပြီးတော့။ အဲဒါကို ၀န်ထမ်း ကိုယ်တော်ချောက ဘေးလူဝင်ပြောရမလားဆို ပြီး မလုပ်ပေးပဲ passport ကို ပြန်ပေးလိုက်သတဲ့။ ကျွန်တော်က ကျောင်းသားလေးကို မေး ကြည်မိတယ် သူတို့ ရဲ့ computer ထဲ မှတ်တမ်းကို ပြန်ကြည့် ပေးလို့မရဘူးလားပေါ့။ အဲ…. ကျောင်းသားလေးပြန်ပြောတာ က ဒီရုံးမှာ computer မပြောနဲ့ လက်နိပ်စက်လေးတစ်လုံးတောင်များ တွေမိလို့လားတဲ့လေ။ အဲဒီကျောင်းသားလေး မသွားခင် နောက်ဆုံးပြောသွားတဲ့ စကာတစ်ခွန်း က အခုအချိန်ထိ ကျွန်တော့ရင်ထဲ ကျန်နေခဲ့တယ် “ ဒါကြောင့် ကျွန်တော့ သူငယ်ချင်းတွေ နိုင်ငံသားပြောင်းကြတာ နောက်ထပ် ပြောင်း မဲ့သူတွေလဲ အများကြီး တဲ့လေ”။ လူတွေ အားလုံးသိထားတဲ့အတိုင်း အခုခေတ် စင်ကာပူက NTU, NUS ဆိုတာ မြန်မာပြည်ကထူးချွန် ထက်မြက်တဲ့ လူငယ်လေး ပညာဆီပူးရာ university တွေပဲလေ။ သူတို့တွေဟာနိုင်ငံရဲ့ အနာဂတ်းတွေဆိုရင်လဲ မှားပါဘူး။ သူတို့လေးတွေကို ကိုယ်နိုင်ငံအတွက် အဆုံးအရှုံမခံသင့်ဘူးလို့ ကျွန်တော်ကတော့ယူဆမိပါတယ်။

သံရုံးကပေးတဲ အခွန်ပြေစာကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒီလိုကျောင်းမျိုးမှာ ပညာသင်ကြားနေတဲ့ ကျောင်းသာလေး တွေ ဆုံးရုံးနေရတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်တွေ ဆုံးရှုံးနေ ရတာပဲဆိုတာတွေးရင်း အိပ်ပြန်ရောက်တဲ့အထိ ကျွန်တော့ရင်ထဲမှာ နာကျင်ကြေကွဲနေ ခဲ့ရပါတယ်။

သားကြီး(စင်္ကာပူ)

3 comments:

lwin said...

Yes,I accept it.I am really sorry for losing good generations for our country.But really happy for them.It doesn't matter they change other citizenship cos their orgin is Burma and they keep our culture .It's better than staying and paying tax for the military regime.I don't want them to sacrify their lives under stupid regime.

Unknown said...

သံရုံး ၀န်ထမ်းတွေ ကတော....လုံးဝ အလွဲသုံးစား လုပ်စားနေကြတာနီးစပ်တဲ. သူတော်တော်များများသိပါတယ်....
ကျွန်တော်တို.ပေးထားတဲ. ၀င်ငွေခွန်တွေ ဟာ မြန်မာပြည် အတွက်ဖြစ်သင်.ပါတယ်....တချို.သတင်းအမှန်လေးတချို.ကိုတင်ပြလိုက်ပါမယ်..
( ၁ ) နေ.စဉ် ၀င်ငွေခွန်ရရှိငွေ ( est: S$ 100,000 ) ကိုဘဏ်မှာအပ်ရတယ်...သံအမတ်နဲ.အတွင်းဝန် ၂ယောက်သွားရတယ်..ပြီးရင် MFA နဲ. တွင်း ( 1 ) ဆီကို ဖုန်းဆက်ပြီး သတင်းပို.ရတယ်။။။အဲဒါက နေ.စဉ် သံရုံး ရဲ.တရားဝင် ဘဏ်အပ်ရတဲ. လုပ်ငန်းတခုပါ....သင်ငွေခွန်သွင်းငွေဟာ အထက်က amount ထက်ပိုမပြကြပါဘူး.....ဒါပေမဲ. လက်တွေ. မှာဘာတွေဖြစ်နေလဲဆိုတော.....

မြန်မာသံရုံး စာရေးကစပြီး သံအမတ်ထိ ရရှိတဲ.၀င်ငွေဟာ မနည်းလှပါဘူး....အတွင်းသတင်းအရ တချို. သံရုံးကအရာရှိများဟာ စကာံပူမှာ part time study လုပ်နေပြီး private properties ( condo, apartment ) တွေ hard cash နဲ.၀ယ်ဘို. နီးစပ်သူများကတဆင်. စုံစမ်းနေကြတာ ဟာ နှစ်ပြည်.လို.ပြန်ရရင် စကာံပူလာပြီး အခြေချကြဘို.ဘဲ.....ကျွန်တော်တို.ရဲ. အခွန်တွေနဲ. သူတို.က လောပန်လုပ်ကြမယ်....
အဲဒီ ငွေတွေဟာ ဘယ်က ရလဲဆိုတော...

( ၁ ) နေ.စဉ် ရရှိတဲ.၀င်ငွေခွန်ထဲက အပ်ရမဲ. target amount ထက် ပိုတဲ.ငွေတွေကို ဝေပုံကြခွဲဝေယူကြပါတယ်...
( ၂ ) သံရုံးနဲ.ပါတ်သက်တဲ. ထောက်ခံစာတွေ သက်တန်းတိုးကိစ္စတွေကို အရာရှိနေတဲ.အိမ်မှာ သွားလုပ်လို.ရပါတယ်...နီးစပ်ရာ မှတဆင်.ပေါ...အရာရှိလုပ်တဲ.သူက စာအုပ် ၁၀ အုပ်ပြည်.မှ လက်ခံတယ် တအုပ်ကို S$500 ယူပါတယ်...
တရားဝင်ပြေစာတော. မပေးပါဘူး...အခွန်ဆောင်စရာ မလိုဘဲ သက်တန်းတိုးလို.ရပါတယ်...
( ၃ )အခု နောက်ဆုံး သတင်းကတော. Orchard မှာ ရှိတဲ. စိန်နန်းတော် ကုမ္ပဏီကနေ online က အခွန်ဆောင်လို.ရတယ်ဆိုပြီး အကေါင်.တခုကို ဘဏ်က နေလွှဲခိုင်းနေတယ်ဆိုတဲ.သတင်းပြီးခဲ.တဲ. အပါတ်လောက်က ထွက်နေပါတယ်။။။

ပြည်တွင်းမှာတော. သာမန်ပြည်သူတွေဟာ ငတ်သတဲ.ငတ်နေကြပြီ....ခိုးစားကြမယ်....လုစားကြမယ်.....နောက်ဆုံး...အစားတခုအတွက် သတ်ကြဖြတ်ကြဖြစ်လာမယ်။။။

ပြည်ပမှာလည်း...အသက်နဲ.ရင်းနှီးပြီး ခက်ခက်ခဲခဲ ရှာလို.ရတဲ.ထဲက ၁၀% ကို တိုင်းပြည်အတွက် ဆိုပြီး တကယ်တော. အလွဲသုံးစား ဖြစ်နေကြတာ အတော်လေး စိတ်ပျက်ဘို.ကေါင်းပါတယ်....

အကြောင်းကြောင်. အလုပ်ခွင်ထဲမှာ သေဆုံးတာတို. မတရားအလုပ်ဖြူတ်ခံရတာတို. ရှိခဲ.ရင်လည်း..မြန်မာသံရုံး အနေနဲ. အလုပ်သမားဘက်က ရပ်တည်ခဲ.တာ တခုမှ မရှိခဲ.ပါဘူး...

အထက်က အခြေအနေ များနဲ.ဖြစ်စဉ်တွေ ကြည်.ချင်းအားဖြင်...တခြားနိုင်ငံသားခံကြတာတွေ..ဟာ မှားတယ်လို. မပြောနိုင်ပါဘူး....ကျွန်တော်နဲ.မိသားစုလဲ အခွန်ငွေလုံးဝ မပေးဘို.ဆုံးဖြတ်လိုက်ပါတယ်။။။

နိုင်ငံသားခံယူဘို.ကတော. ယနေ.အထိတော. မစဉ်းစားသေးပါဘူး...ဒါကလည်းကိုယ်.ယုံကြည်ချက်နဲ.ကိုပါ။

ကိုကြီး
ခေတ္တစကာံပူ

Anonymous said...

I am glad that they(people in myanmar embassy and sucker regime) can't suck my blood. I never pay them a penny. I would rather give them dog's shit. They will vomit inside out from their bodies before they die, believe me, show me any of them who died peacefully.