Monday 5 January 2009

နအဖ သတင်းသမား ဆိုတာ အဲလို လူစားတွေပါလား

ရီစရာ ကောင်းတဲ့ သတင်း စာမျက်နှာတစ်ခုကို သူငယ်ချင်း တစ်ယောက်က ကြည့်မလားလို့ ပြောလို့ ကြည့်မိလိုက်တော့ .... ။

ကျွန်တော်က များသောအားဖြင့် နအဖ အရိုးကိုက် နောက်လိုက် သတ္တဝါလေးတွေ ရေးတာကို မဖတ်ဖြစ်ဘူး။ တောင်ကြည့် မြောက်ကြည့်သာ လုပ်တာ။ သူတို့ကတော့ ထုံးစံအတိုင်း ထောင် နှစ်ရှည်ကျ၊ ဘဝတွေ ပျက်၊ သေတဲ့ လူတွေလည်း ပြည်ပက ဒေါ်လာ ပေးလို့ လုပ်တယ်ဆိုတဲ့ ထောက်လှန်းရေး report ပုံစံထက် ဘာမှ ပိုပြီး တွေးခေါ် မြော်မြင်တတ်တဲ့ လူတွေတော့ မဟုတ်ပါဘူး။ သနားစရာ။ (ဒါပေမယ့် အဲလို ခပ်ပေါပေါ အတွေးအခေါ် စာလေးတွေကို ဖတ်ပြီး သံယောင်လိုက်နေတဲ့ ခပ်ချာချာ စစ်ဗိုလ်ဆိုတဲ့ လူတွေကလည်း ရှိနေတာကိုး)

ဂွတို လေအိုး ကျော်ဆန်း တပည့်ဖြစ်တဲ့ သာကီနွယ်ဆိုတဲ့ ဆိုဒ်ကတော့ စက်တင်ဘာ မတိုင်ခင်မှာ ဘလော့ရေးပြီး ဝါဒ ဖြန့်တဲ့ အဆင့်ကနေ စက်တင်ဘာ နောက်ပိုင်းမှာ website ဝယ်ပြီး ရေးတာ လုပ်ပါလေရောလား။ ပြည်တွင်း သတင်း အမှန်ကို ဖေါ်ပြတာလို့ ပြောတာပါပဲ။ မြင်နေရသမျှကတော့ ခုနက ပြောတဲ့ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖရဲ့ ထောက်လှမ်းရေး report တွေကို ပြန်ပြီး တင်နေတဲ့ လူတစ်ယောက်အဆင့်ပါပဲ။ ဒီထက် မပိုပါဘူး။ သတင်းသမား အဆင့် မပြောနဲ့ ကျွန်တော်တို့လို သာမန် ဘလော့ရေးတဲ့ လူ အဆင့်တောင် မရှိပါဘူး။ ဒါပေမယ့် ခပ်တည်တည်ပါပဲ။ သတင်းမှားတွေကို သတင်းမှန်နဲ့ တုံ့ပြန်တယ်ပေါ့။

အဲဒီလို .... သတင်းမှန်နဲ့ တုံပြန်တဲ့ လူ (သို့) ထောက်လှန်းရေး report တွေကိုကို ပြန်ဖေါ်ပြတဲ့ လူ ရဲ့ သတင်းဓါတ်ပုံတစ်ပုံကို ကြည့်ပြီး .. အော် နအဖ သတင်းမှန် ထောက်လှန်းရေး report ဆိုတာ ဒီလိုပါလားလို့ ... တွေးမိတယ်။ သူ ရေးထားသမျှ အခြားစာတွေကလည်း ပေါက်ကရ တွေပါဆိုတာကို သူ့ဘာသာ ဖေါ်ပြနေလေရဲ့။

အောက် က ပုံမှာ ကြည့်ပါ။ NCGUB က ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကို NCUB က ဦးမောင်မောင် တဲ့ ခပ်တည်တည်ပဲ လုပ်ထားပုံ။ ဒီလို ငထုံတွေက သတင်းပို့တာကို ယုံပြီး လိုက်လုပ်နေတဲ့ စစ်ဗိုလ်လေးတွေရဲ့ အဆင့်ကတော့ သနားစရာပါပဲ။ နှစ်သစ်မှာ တွေ့ရ မြင်ရတဲ့ နအဖ ဂွတို ကျော်ဆန်း တပည့်တွေရဲ့ ကိုးရိုးကားယား ဟာသ တစ်ခုပဲလို့သာ မှတ်ချက် ချမိပါတော့တယ်။

10 comments:

Unknown said...

ဟဟ မင်းတို့ ဆီက သတင်းဌာနတွေ၊ ဘလော့တွေ စောက်အတင်းရေးတာက အဆ၁၀၀ ပိုဆိုးပါတယ်ကွာ၊

Unknown said...

I also would like to laugh the SPDC free and fair media. I have never seen all of my life like their media. Thank you for your sharing about the bad media Ko Htike.
Best regard,
blog reader

Nanda said...

မှားချက်က နာတယ်ဆိုတာ အဲဒါမျိုးပဲ။ ခပ်ရှက်ရှက်နဲ့ ဆဲတာပဲတတ်နိုင်တာပေါ့ဗျာ..

aaa said...

nice ko htike ! keep it on. I would like to read ur post a lot.

moethee.blogspot.com said...

ဟ ကိုထိုက်ရ- ဒီနအဖသတင်းတွေမ မှန်တာမပြောနဲ့လေ၊ နအဖကိုယ်တိုင်က နိုင်ငံတော်အာဏာယူထားပြီးသူကိုယ်တိုင်ထုတ်တဲ့ ဥပဒေ တောင်သူမလိုက်နာပဲ၊ နိုင်ငံတကာနဲ့ ကိုယ် ပြည်သူကိုတောင်မှ အကြိမ်ကြိမ်လိမ်လည်လှည့်ဖြားနေမှတော့၊ နအဖသတင်းတွေက သူတို့ အရိုးအရင်းကိုက်ရလို့ရေးရေး၊ နီးရာဓါးကြောက်ပြီးရေးရေး၊ကိုယ်တိုင်ကလိမ်ရတာဝါသနာပါလို့ရေးရေး၊ ဘယ်လိုလုပ်လူထုအကျိုးရှိနိုင်တော့မှာလဲ၊

Anonymous said...

They don't have brain in their heads because they eat feces of regime. That's why their heads are full of feces. That's why they don't know what is right and what is wrong as long as they eat regime's feces. Sick of those evils on the earth.

myan-law said...

ီDear Ko Htaik
I just created a blog to comment on your nonsense blog. Please keep in mind that I am not a soldier nor Gov servant. I am just a Myanmar citizen who live in abroad. Actually I know that the people like you who stay in S'pore for their temporary shelter and money. You are not firmly believe in political. You have been posted a blog to survive on your own toes. I have a brain like you. If your brain fill with shit, I am also. I ever learn what is going on in Myanmar. Now I see exactly that your people fond of to exaggerate than the real. Being a media man, you should keep the honesty. you should dare to present the real. Don't cheat the people who lack of information. I don't believe you anymore. Damn you!!!

Jeg said...

ooops -

myan-law you are right we do not believe
ီDear Ko Htaik from Singapore because

the article was written by Ko Htike from another corner of the world, you must be responding the wrong blog.

Besides Burmese in Singapore are in majority the well-off junta kids...

NOTE I said IN MAJORITY the rest are pro-demos.

Jackel said...

It's really funny to see what that Nutty Myan-law has written. Such pathetic!. Let him BLUFF!

Anonymous said...

feces eater or blood sucker, Myan-Law, who don't know where ko htike lives. If you really live in abroad, you must know how burmese are luck of human right, why burma is so poor although selling natural resources to other countries, why fucking regimes and their relatives are so rich, why young people are out of burma to work in other countries away from families, why burma don't have freedom of speech.......and so on. Get the fuck out of here.