Wednesday 18 March 2009

ချယ်(လ်)ဆီး ဘောလုံး အသင်းပိုင်ရှင်၊ နအဖ သောင်းကျန်းသူ စစ်ဗိုလ်ချုပ်များနှင့် တေဇ

ချယ်(လ်)ဆီး ဘောလုံးအသင်းပိုင်ရှင် ရုရှား ရေနံသူဌေး၊ မြန်မာ စစ်ခေါင်းဆောင်များနှင့် စီးပွားရေးဆွေးနွေးရန်၊ မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိမည်။



ရုရှားသန်းကြွယ်ရေနံသူဌေး၊ချယ်(လ်)ဆီးဘော်လုံးအသင်းပိုင်ရှင်ဖြစ်သူ၊ Mr. Roman Abramovich သည်၊ မကြာမီ မြန်မာနိုင်ငံသို့ သွားရောက် လည်ပါတ်မည်ဟု သတင်းများထွက်ပေါ်နေပါတယ်။

သူဟာ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်၊ မန္တလေးမြို့၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၊ ဒီလ ၂၁ ရက်နေ့မှာ၊ ရောက်ရှိလာမယ်လို့၊ သိရှိရပါတယ်။

အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တရားမဝင် သားမက်ဖြစ်သူ ဦးတေဇ တို့ရဲ့၊ ဖိတ်ကြားချက်အရ၊ လာရောက်မှာလို့၊ နေပြည်တော်စစ်ရုံးချုပ်ရှိ၊ စစ်ခေါင်းဆောင်မိသားစု အသိုင်းအဝိုင်းမှ၊ ကြားသိရပါတယ်။


သူဟာ မြန်မာနိုင်ငံအတွင်း၊ ဦးတေဇ ဦးဆောင်တဲ့၊ စစ်အစိုးရ ကိုယ်စားလှယ်များနဲ့အတူ၊ သွားရောက် လေ့လာကြမှာဖြစ်ပြီး၊ ရေနံရောင်းဝယ်ရေးနဲ့၊ အခြားစီးပွားရေးကိစ္စရပ်များကိုလည်း၊ ဆွေးနွေးလိမ့်မယ်လို့၊ ကြားသိရပါတယ်။ ( မြန်မာဘောလုံးလောက အဆင့်မြှင့်တင်ရေးအတွက်၊ အကူအညီတောင်းခံဘို့၊ အစီအစဉ်လည်းပါရှိတယ်လို့၊ ပြောဆိုနေကြပါတယ်။ )



ယခုအခါ၊ ဦးတေဇဟာ ယခင် မြန်မာနိုင်ငံရှိ ရုရှားသံရုံးမှာ တာဝန်ထမ်းဆောင်ဘူးတဲ့ ရုရှား သံတမန်ဟောင်းတဦးကို သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်ထားပြီး ရုရှားနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ၊ ဆက်သွယ် ဆောင်ရွက်လျှက်ရှိကြောင်း ကြားသိရပါတယ်။

ROMAN ABRAMOVICH, OWNER OF CHELSEA F.C AND RUSSIAN OIL BILLIONAIRE WILL VISIT BURMA TO DO BUSINESS WITH BURMESE MILITARY JUNTA.



It is learnt from inner circle of Junta’s families that Russian oil billionaire and Chelsea f.c owner Mr. Roman Abramovich will visit Burma soon.
He will arrive by his own private jet and will be landed at Ta-Dar-Oo International Airport in Mandalay on 21st March, 2009.

He was invited by Burmese Junta and Tay Za, notorious tycoon and un-official son-in-law of junta leader Sr.Gen. Than Shwe.

He will tour around the country together with Tay Za and Junta’s representatives. His visit is believed to be arranged by Tay Za because present business Advisor to Tay Za is Russian national and Ex.staff of Russian Embassy in Burma.

1 comment:

Anonymous said...
This comment has been removed by a blog administrator.