Sunday 5 April 2009

ကိုရင် သာဂိ၏ မီဒီယာ မှတ်တမ်း ၂ (သို့) သာဂိနှင့် အင်တာနက်

ပွင့်လင်း တိုးတတ်ခေတ်မီနေသော ရွှေမြန်မာနိုင်ငံတော်ကြီး အကြောင်း ကျွန်တော် မောင်သာဂိရဲ့ မီဒီယာ မှတ်တမ်းမှာ မှတ်တမ်းသစ် ထပ်တင်လိုက်ရပြီး .. မြန်မာပြည်အကြောင်း မကောင်းပြောဆိုနေကြသော တိုင်းတပါးရောက် ပြည်ပ အားကို တွေကို ထပ်မံ ပြောစရာ သတင်းစကား တစ်ခုက ရင်ထဲကို ကလိ ကလိနဲ့ ရောက်လာတာကြောင့် မှတ်တမ်းတင် တင်ပြပါရစေဦး ခင်ဗျာ။

ဒီတခါတော့ ဆက်သွယ်ရေး လုပ်ငန်းများကို တိုးတတ်နေသော ကမ္ဘာ့ ရေစီးကြောင်းနဲ့ အညီ တိုးတတ်အောင် ကြိုးစားပမ်းစား လုပ်နေရသော ဆက်သွယ်ရေး စနစ်တွေထဲက ကျွန်တော် မောင်သာဂိ လက်လှမ်းမီသလောက် တင်ပြရေးသားရပါအံ။

အဲလို ပြောလို့ သာဂိကို အထင်တကြီး စကားလုံးကြီးကြီး ကျယ်ကျယ်တွေ ပြောမယ် မထင်ပါနဲ့ဦး။ သာဂိက သာဂိပါပဲ။ သာဂိ လက်လှန်းမီ သိသလောက်၊ ဥာဏ်မီသလောက် ပြောမှာပါ။

၂၁ ရာစုရဲ့ သတင်းသမား သာဂိပဲ။ အင်တာနက်တို့ .. အီးမေးလ်တို့ ဆိုတာလောက်တော့ ထိတွေ့ဆက်ဆံ သုံးနေရတာပေါ့။ လမ်းထိပ်နားက အင်တာနက် ကဖေးတစ်ခုကနေ ကမ္ဘာ့ရွာကြီးကို ၁ နာရီ ၅၀၀ ကျပ်တိတိ ပေးပြီး စိတ်ရှည်ရှည်ထား၊ ... အင်တာနက် စာမျက်နှာတွေကို ဖတ်ရ မှတ်ရ လုပ်ရတာကိုး။

အင်တာနက် စာမျက်နှာတစ်ခုကို ခေါ်ထားချိန်မှာ အသက်ကို ခပ်ရဲရဲ ရှုရဲတာ မဟုတ်ဘူး။ မဟုတ်တဲ့ website တွေ ကြည့်နေလို့ အသက်ရှုမှားနေတယ် မထင်ပါနဲ့။ တော်ကြာ ဝင်လေ ထွက်လေနဲ့ တိုက်ပြီး ပေါ်လု ပေါ်ခင် စာမျက်နှာလေး လွင့်ထွက်သွားမှာ စိုးလို့လေ။ စိတ်ရှည်ချင်းဟာ မြင့်မြတ်တဲ့ သီလ တပါးလို့ ပြောကြတယ် မဟုတ်လား။ ဒီတော့ နိုင်ငံတော်ရဲ့ စေတနာနဲ့ အင်တာနက် သုံးတဲ့ လူတိုင်းကို စိတ်ရှည်အောင် သင်ပေးပြီး ကုသိုလ် ကြံဖန်ယူတတ်တဲ့ ဗိုလ်ချုပ်ကြီးတွေကို သာဂိ အထင်ကြီးလေးစားနေတာ မလွန်လောက်ပါဘူးနော်။

၂၂ ရက်နေ့ရဲ့ မနက်ခင်း တခုမှာ လမ်းထိပ်က အင်တာနက် ကဖေးလေးမှာ ထိုင်ပြီး အင်တာနက်သုံးဖို့ ကြံတဲ့ ကိုရင်သာဂိ အတွက် ကြားလိုက်ရတာကတော့ .... အင်တာနက်ကြီး ကျကွဲသွားလို့ ပြုပြင်နေတယ် ဆိုလား ၂၅ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်ကောင်းသွားမယ် ဆိုလား ပြောနေကြတာပဲ။

ကဲ .. ခင်ဗျားတို့ပဲ စဉ်းစားကြည့် ဘယ်လောက် အမြော်အမြင်ကြီးတဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလဲဆိုတာ။ သူများနိုင်ငံတွေမှာ ဘယ်တော့မှ အဲလို ပြုပြင်နေလို့ ပျက်တယ်လို့ သာဂိ မကြားဖူးဘူး။ မြန်မာပြည်မှာသာ ပြင်တာ၊ ဒါကို ကြည့်ချင်းအားဖြင့် .. ပြုလွယ်၊ ပြင်လွယ်၊ ပျက်လွယ်၊ ... ဆိုတဲ့ ဖြစ်ပျက် တရား ဝိပဿနာကို အင်တာနက် သုံးတဲ့ လူတွေကြား ချပြနေတာ မဟုတ်ပါလား။ ဒါတောင် အဆိုးမြင် ဝါဒီတွေက ပြောသေးတယ်၊ စစ်တပ်ကလူတွေက ကိုယ်နဲ့ မဆိုင်တဲ့ ဝန်ကြီးဌာနတွေမှာ ရာထူးတွေ အတင်း ဝင်ယူပြီး ဖျက်ဆီးနေတာ၊ စစ်သား တမက်သား ပါလီမန်သာ တရားဝင် လုပ်လိုက်ရင် ပိုဆိုးမယ်လေး ဘာလေးနဲ့။ .. အခုလို စစ်သားတွေ ဝင်ပါလို့ .. ဖြစ်၊ ပျက် .. ဆိုတဲ့ ဝိပဿနာ တရားတော်ကို ပြည်သူတွေ လက်တွေ့သိရတာ မဟုတ်လား။ ဒါကို အကောင်း မပြောချင်ကြဘူး။

အထင်ကြီးစရာ လုပ်ဆောင်ချက်တွေက ဒီမှာတင် ရပ်သွားတာလား။ ဘယ်ဟုတ်ရမှာလဲ .. ။ ရှိပါ့။

ကတိစကား တည်ရာမှာတော့ တပ်မတော် အစိုးရကို ကမ္ဘာလောကကြီးမှာ ရှိတဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးမှ မမီတာ အားလုံး အသိပဲလေ။ တပ်မတော်သား ဝင်ပါနေတဲ့ အင်တာနက် ဆက်သွယ်ရေးကြီးကလည်း အဲဒီ အတိုင်းပါပဲ။ ကတိ တည်တည်နဲ့ ၂၅ ရက်နေ့ ပြန်ရမယ်ဆိုလို့ သာဂိ တစ်ယောက် အပြေအလွှားသွားကြည့်တာ။

ကတိအတိုင်းပါပဲ။ ဧပြီလ ၁ ရက်နေမှာ ပြန်ကောင်းပါမယ်တဲ့။ ကဲ .. ဘယ်လောက် ကတိတည်တဲ့ တပ်မတော်သား အစိုးရနဲ့ နောက်လိုက်တွေလဲ ဆိုတာ။ ခင်ဗျားတို့ ဘာများ ပြောချင်သေးလဲ။ ကျုပ်လည်း ဂုဏ်ယူပြီး ပြန်လှည့်လာခဲ့တာပေါ့။

ဒါနဲ့ ၂ ရက်နေ့မှာ အဆိုပါ ဆိုင်ကိုပဲ ထပ်သွားတယ်။ ဆိုင်ရှင်က မရသေးပါဘူးပြောတော့ .. ကျုပ်က ဆိုင်ရှင် ပြောတိုင်း ယုံရမှာလား၊ တိုင်းပြည်အကြီးအကဲနဲ့ ပညာရှင်တွေ ပြောတာ ယုံရမလား .. တွေးတွေးဆဆ စဉ်းစားတယ်လေ။ ဒီတော့ ခင်ဗျား ပြောတာ မယုံဘူး။ ခင်ဗျားက ပြည်ပ ဆိုဒ်တွေက ပြောတာကြည့်ပြီး အဖျက်သမား စိတ်ဓါတ်ဝင်ပြီး မကောင်းဘူး ပြောနေတာ မဟုတ်လား။ မယုံဘူး သက်သေပြလို့ ပြောတော့၊ ... သူက အောက်ပါ စာမျက်နှာလေးကို ကွန်ပြူတာထဲမှာ ပြလေရဲ့။ မီဒီယာ သမားပဲ .. ဘာရမလဲ ခြေမြန်လက်မြန် ရယူထားလိုက်တာပေါ့။



ကျုပ်လည်း စာကို ဖတ်ပြီး ခင်ဗျား ကြည့်နေ .. နိုင်ငံတော် အကြီးအကဲတွေက ပြောတဲ့ ကတိ သိပ်တည်တာ။ အခု စာထဲကအတိုင်း သူတို့ ပြောသလို .. မနက်ဖြန် ၃ ရက်နေ့ နောက်ပိုင်း သေချာပေါက် ရမယ် လို့ ရဲရဲကြီး ပြောပြီး အိမ်ပြန်လာခဲ့တာပေါ့။


ဒီနေ့ ၅ ရက်နေ့ မနက် အိပ်ထဲ ပိုက်ဆံထည့်ပြီး အင်တာနက်သုံးဖို့ ဆိုင်ကို သွားလိုက်တယ် ဆိုရင်ပဲ .. ကျုပ်ကို အရူးလို တစ်ယောက်ကို ကြည့်သလို ကြည့်နေတဲ့ ဆိုင်ရှင်ကို စကားတောင် သေချာ မပြောတော့ဘဲ ကွန်ပြူတာရှေ့မှာ ဝင်ထိုင်ပြီး အင်တာနက် စာမျက်နှာကို ခေါ်လိုက်ရင်ပဲ ... ဒီတခါ ရဲရဲ ရင့်ရင့် ကတိပေးထားတဲ့ တပ်မတော် အကြီးအကဲများ ဦးဆောင်နေတဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနက ဝန်ထမ်းတွေရဲ့ ကြေငြာချက်ကို အခုလို တွေ့လိုက်ရတယ်။ ဘယ်လောက်များ ကတိစကား တည်ကြည်သလဲဆိုတာ ခင်ဗျားတို့ သက်သေ မျက်မြင်နဲ့သာ ကြည့်ကြပါတော့။

ကဲ ဘယ်လောက်များ ကတိတည်ကြည်သလဲ။ ကြည့်......။

(၇) ရက်နေ့ မနက် ၄နာရီခွဲ နောက်ပိုင်းမှာ ပြီးမယ်တဲ့။ ကတိတည်လွန်းလို့ တိုင်းပြည်မှာ နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်နေပြီး .. နာဂစ်အလွန်မှာ ဖားငါး ရိုက်စားပြီး နေလို့ရတာပဲလေ။ အာဟာရပြည့်တယ်လို့ နိုင်ငံတော် ကိုယ်စား ပြောတဲ့ လူက ပြောခဲ့တာပဲ မဟုတ်လား။

ကျုပ် ငသာဂိ တစ်ယောက် မကောင်းပြောတတ်တဲ့ ပြည်ပ မီဒီယာ သမားတွေကို ပြောလိုက်ဦးမယ်၊ ခင်ဗျားတို့ ပြောနေသလို တပ်မတော် အစိုးရက ၂၀၁၀ အပြီးမှာ လိမ်မှာ မဟုတ်ဘူး။ အခု အင်တာနက်လိုင်းကို ကတိတည်တည်နဲ့ ဆက်သွယ်ရေး ပြန်လုပ်ပေးသလို ကတိ တည်တည်နဲ့ တိုင်းပြည်အတွက် ကောင်းအောင် အလုပ်လုပ်ပေးမှာ ဆိုတာကို တပ်မတော် အစိုးရကိုယ်စား သာဂိ တစ်ယောက် ပြောရဲပါတယ်။


ဒီတခါလည်း ...“... ကဲ ခင်ဗျားတို့ ဘာပြောနိုင်သေးလဲ ...” လို့ မေးလိုက်ချင်ပါသေးတယ်။


ချစ်ခင်လေးစားစွာ မေတ္တာရှေ့ထားလျှက် ....
ကိုရင် သာဂိ

3 comments:

Jeg said...

well... as I am still learning the A-Z I have to go by the pretty pictures.

ALL engineering maintenance jobs are SCHEDULED with a STARTing date and an approximate COMPLETion date. Engineers and Technicians know this well.

How embarrassing for the Ministry to say that "currently they do not know the schedule for repairs completion..." amazing and the TS-regime reckons is self sufficient...

Oh where are those junta supporters? willing to march in to protect Burma from the Rohingya's invasion? where are you projunta bros? now is the time to march and SAVE Burma from Than Shweminator.

Pro-junta supporter GET UP and march towards BURMA and straighten your big brother once and for all...

And that is only a tiny sub-cable... how long will the TS-regime take to repair each corner of the nation? The poor guys conveniently DON'T KNOW completion dates... what is behind the delay? What were they doing that they were not supposed to disclosed the dates?

Aung Nyein said...

Don't make hasty conclusions. I do not like SPDC but the SEA-ME WE3 cable is not owned by the junta. It is owned and operated by a consortium and the repairs in deep sea is not that easy. The point is other nations have the option of using other fiber optics cables if one breaks. For example the pacific cable which may add a few milliseconds to the internet speed. It looks like we don't have this option.

Jeg said...

Hi Aung Nyein...

I do not make nasty conclusions but from work experience with marine engineers I know that schedules must be followed and kept, whether the poor junta did not handle the job even worse as the subcontracts should have provided approx dates of completion...

There is no excuse for inefficiency... the junta is tough with human right activists abroad, the same way they should demand from their subcontracts to stick to maintenance contract deadlines.

Junta is good at two things only... lining their pockets and giving silly excuses...

At the end Aung Nyein, my heart does not bleed for the junta at all... I expect efficiency from any government.