Thursday 28 May 2009

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ) အား ပြန်လည် တရားစွဲဆို နိုင်ရန် စဉ်းစားခြင်း

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ) က အိမ်ထဲတွင် ၅ နှစ် ကျော် ပိတ်လှောင်ခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် တဖက်သက် တရားစွဲဆို၍ အပြစ်ပေး အရေးယူရန်ကြိုးစားနေသည်မှာ အားလုံး အသိပင် ဖြစ်သည်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာ တစ်ခုက ... ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝင်းကို (၂၄) နာရီ လက်နက်ကိုင် လုံခြုံရေးချထားပြီး၊ ထို လုံခြုံရေးများ၏ တာဝန်မှာ အတွင်းမှ လူ အပြင် မထွက် နိုင်စေရန်၊ အပြင်မှ လူ အတွင်း မဝင်နိုင်စေရန် စောင့်ရှောက်ရမည်မှာ ဆိုသည်မှာ လူတိုင်း သိရှိကြသည်။

အကယ်၍ အဆိုပါ Mr Yettaw ဆိုသူသည် အခုလို ခိုးဝင်လာကာ ယခုကဲ့သို့ အေးဆေးစွာ ပြန်မသွားဘဲ ဒေါ်အောင်ဆန်းစုကြည့်အား လုပ်ကြံမည့်သူ ဖြစ်ပါက ယခုလောက်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ မြင်တွေ့နိုင်ကြမည် မဟုတ်တော့ပေ။

လက်ရှိ စွဲဆိုထားသော အမှု ကိစ္စမှာ အင်မတန်မှ ရှင်းလင်းပါသည်။

၁။ အချက်အားဖြင့် Mr Yettaw သည် ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်၍ ရောက်ရှိလာခြင်း (သို့) ဒေါ်အောင်ဆန်းစုကြည်က ခေါ်သွင်းထားခြင်း ဆိုသည့် အချက်အလက်ကို တရားစွဲဆိုသူများ သက်သေပြနိုင်ခြင်း မရှိပါ။ ၄င်းအပြင် အမှုသွား အမှုလာအရ ထင်ရှားသော အချက်အလက်အားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်ခြင်း (သို့) ခေါ်သွင်းထားခြင်း လုံးဝ မတွေ့ရပါ။

ထိုကြောင့် အိမ်အတွင်းတွင် ၅ နှစ်ကျော် ပိတ်လှောင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသို့ မိမိအိမ်တွင်းသို့ ခိုးဝင်လာသော အမှု အပေါ် တရားစွဲဆိုခံရခြင်းသည် .. ယထာဘူတ မကျ၊ တရားနည်းလမ်း မမှန် ဆိုသည်မှာ သိသာထင်ရှားလှသည်။ အရေးယူ အပြစ် ပေးရန်ကား လူလို သိသော လူ့လောက လူဘောင်တွင် လူသားများ မစဉ်းစား မကြံစည်နိုင်သော ကိစ္စ ဖြစ်သည်။

ဒီတော့ အမှု သွား အမှုလာအရ အဓိက တရားခံဖြစ်သော လုံခြုံရေးဆိုင်ရာကို တာဝန်ယူသူများအား လုံခြုံရေး မပေးနိုင်သော ဝတ္တရား ပျက်ကွက်မှု၊ နေအိမ်တွင်း နေထိုင်သော အမျိုးသမီးများ၏ အသက်အန္တရာယ် ထိပါးလောက်အောင် .. တာဝန်ပေါ့လျော့မှုများဖြင့် တရားရုံးတွင် ပြန်လည်တရားစွဲဆိုသင့်သည်ဟု ကျွန်တော် ထင်မိပါသည်။

ထိုကြောင့် တာဝန်ရှိသော လူကြီးများနှင့် ဥပဒေရေးရာ နားလည်သော ပုဂ္ဂိုလ်များအား ဒီနေရာတွင် ကျွန်တော် ပန်ကြားလိုသည်မှာ .. မည်သည့် အချက်အလက်များဖြင့် မည်သူက ပြန်လည်၍ အဆိုပါ လုံခြုံရေးအရ တာဝန်ရှိသူများကို ပြန်လည် တရားစွဲဆိုနိုင်မည်နည်းဆိုတာကို စဉ်းစားကြည့်ဖို့ တိုက်တွန်းလိုပါသည် .. ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

5 comments:

Tiger said...

I agree that.

Unknown said...

စောက်ရူးတွေလုပ်ချင်တိုင်းကိုမတရားလုပ်နေတော့တာပဲ

Unknown said...

စောက်ရူးတွေလုပ်ချင်တိုင်းကိုမတရားလုပ်နေတော့တာပဲ

Unknown said...

I agree that.

Nanda said...

နအဖကို ယခုလက်ရှိ ဒေါ်စုအမှုနှင့်ပြန်လည်တရားစွဲဆိုတာလဲဖြစ်နိုင်ရင် ကောင်းပါတယ်။ ဒါပေမယ့် နအဖရဲ့ တကယ့် ဒုစရိုက်မှုကြီးများ များစွာရှိပါတယ်။ ဥပမာ ဒီပဲယင်းလူသတ်ပွဲကြီး၊ ကရင်လူမျိုးစုရွာများဖျက်ဆီးမှု၊ Forced labor စသည်သဖြင့်အများကြီးရှိပါတယ်။ ယခင်က နအဖနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရေးထိခိုက်မှာစိုးလို့ လက်ရှောင်ခဲ့ကြတဲ့(သို့မဟုတ် အားသွန်ခွန်စိုက်မလုပ်ခဲ့ကြတဲ့) အထက်ပါ ဒီပဲယင်းလိုမျိုး နအဖရဲ့ဒုစရိုက်မှုအများအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးများကိုတင်နိုင်ရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖွဲ့စည်းအရေးယူနိုင်ရေး တို့ကို NCGUB, NCUB စသည်တို့က ဦးဆောင်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ပေပြီ။ ဒီပဲယင်းဆိုလျှင် သက်သေများလဲ လုံလောက်စွာရှိနေပါတယ်။ ကျူးလွန်တဲ့ ဒုစရိုက်ဟာလဲသိပ်ကြီးပါတယ်။ နအဖဟာ တွေ့ဆုံဆွေးနွေးရေးကို လုံးဝကျောခိုင်းလိုက်ပြီဖြစ်တဲ့အတွက် သူတို့ဒုစရိုက်များအတွက် အရေးယူဖို့ကိစ္စများကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှသာလျှင် သူတို့ကို စကားပြောလာစေအောင် ဖိအားပေးနိုင်မှာဖြစ်ပါတယ်။ ထိုကိစ္စများကို မလုပ်နိုင်လျှင် ပြည်ပရောက် နိုင်ငံရေးအင်အားစုများကို ပြည်တွင်းအင်အားစုများက ဘာမှသုံးစားမရ အားကိုးမရသူများဟုမြင်ကြပါတော့မယ်။ ပြည်တွင်းမှာလှုပ်ရှားသာတဲ့ Space ပျောက်နေပြီဖြစ်တဲ့အတွက် ထိုလိုအပ်ချက်ကို ဖြည့်ပေးဖို့ရာက ပြည်ပအင်အားစုများရဲ့တာဝန်ဖြစ်ပါတယ်။