Wednesday 27 May 2009

Daw Aung San Suu Kyi's Legal Statement:

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အမှတ်-၉၇၊ခ အနောက်ရွှေတဂုံလမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့

၂၀၀၉ ခုနှစ် မေလ (၂၇)ရက်
၁၃၇၁ ခုနှစ် နယုန်လဆန်း (၄)ရက်

ကြေငြာချက်အမှတ် - ၁၄၊ ၀၅၊ ၀၉

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ -၂၅၆ အရ တရားရုံးသို့ရေးသားတင်ပြချက် အပြီးအပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်သည်။

(စ) ၁။ အထက် အမည်ပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက် ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောက်ရှောက်သည့် ဥပဒေပုဒ်မ - ၂၂ ဖြင့် လည်းကောင်း ထိုသို့ ဖေါက်ဖျက် ကျူးလွန်းခြင်းကို အားပေးကူညီခဲ့သော ဒေါ်ခင်ခင်ဝင်း (ဘ) ဦးတင်အုန်း၊ မ၀င်းမမ (ဘ) ဦးဥာဏ်လင်းနှင့် Mr. John William Yettaw တို့ (၃)ဦးတို့ အား ယင်းဥပဒေပုဒ်မ -၂၂ ပြစ်မှုတိုင်ရာဥပဒေပုဒ်မ- ၁၀၉ အရလည်းကောင်း အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ ( ၁၁-၀၅-၂၀၀၉) တွင်တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။

၂။ Mr. John William Yettaw သည် ကျွန်မ၏ နေအိမ် ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော (၃၀-၁၁-၂၀၀၈) ရက်နေ့ ရောက်ရှိခဲ့ခြင်းကို ကျွန်မနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှ တဆင့်ကြားသိရပါသည်။ (၀၄-၁၂-၂၀၀၈) ရက်နေ့တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာတင်မျိုးဝင်းမှ တဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါကိစ္စအတွက် ကျွန်မတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မလုပ်ခဲ့ကြပါ။ အရေးယူ ဆောင်ရွက်သည်ဟုလည်း ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်ခဲ့သည့် ကိစ္စများတွင် အာဏာပိုင်များထံသို့ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးဖူးခြင်းလည်း မရှိပါ။

ဒုတိယအကြိမ် Mr. John William Yettaw ရောက်ရှိခဲ့ခြင်းကို (၀၄-၀၅-၂၀၀၉)ရက်နေ့ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျွန်မက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ ၄င်းက မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်လျင် ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေး အခြေအနေအရ တညအိပ်ခွင့် ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

၃။ ယခုအချိန်တွင် များစွာသော ကျွန်မ၏ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက် ရဲဘော် ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှူနှင့် သက်ညှာမှူတို့ကို မခံစားရဘဲ နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင် မခံစေရန် တွန်းမပို့ နိုင်ဟူသော နိုင်ငံရေး ခံယူချက်အရ ခိုလုံခွင့် တောင်းသည်ကို ခတ္တခိုလုံခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။

၎။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည် ၄င်း၏ ရည်ရွယ်ချက်မှာ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျွန်မအတွက် အရေးမပါ ပါ။ ကျွန်မ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်မှူ ကိစ္စနှင့်စပ်လျဉ်း၍ လစဉ် ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့တွင် ဒေါက်တာ တင်မျိုးဝင်း လာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် (၇-၅-၂၀၀၉) နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့်မရခဲ့ပါ။

၅။ ကျွန်မသည် နိုဝင်ဘာလ (၃၀)ရက်နေ့ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့် အမှူ ငယ်စေရန်နှင့် ငယ်သည့်အမှူ ပပျောက်စေရန် ခြံအတွင်းသို့ ၀င်ရောက်ခဲ့သူအားလည်းကောင်း၊ ခြံလုံခြုံရေး ယူထားရသော တပ်သားများအားလည်းကောင်း၊ မလိုအပ်ဘဲ မထိခိုက်စေလိုသော ဆန္ဒဖြင့်ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပါတ်သက်၍ သက်ဆိုင်ရာက ကန့်ကွက်ခြင်းဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၄င်းတို့သည် ကျွန်မလုပ်ရပ်ကို လက်ခံ သဘောတူသည်ဟု ထင်မြင်ရပါသည်။

တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျွန်မ၏နေအိမ်ခြံဝင်းလုံခြုံရေးအတွက် အာဏာပိုင်နှင့် ကျွန်မတို့ ပူးတွဲတာဝန်ရှိသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝမမှန်ကန်ပါ။

၆။ ကျွန်မအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောက်ယှက် ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ -၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖေါက်သည်ဟုစွပ်စွဲ ထားပါသည်။

(က) ယခုရုံးရှေ့ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျွန်မက ဖေါက်ဖျက်ခြင်း မရှိကြောင်း ထင်ရှား ပေါ်ပေါက်နေပါသည်။

(ခ) ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေပါ မူလ အခွင့်အရေးကို ကန့်သတ်မှူ (သို့) ရုပ်သိမ်းမှူဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့်နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ပုဒ်မများအရ ကန့်သတ်မိန့် မှာလည်း တရားဝင်မှူ မရှိပါ။

(၇) ယခု အမှူဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖေါက်ဖျက်မှု ဖြစ်သော်လည်း၊ ယခုချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျွန်မကို သာအရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

(၈) ကျွန်မသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ကျွန်မ၏ တင်ပြချက်ကို တင်သွင်းပါသည်။ (ဆုံး)


၂၆-၅-၀၉ နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှာဆောင်အဖွဲ့ နှင့်
ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ တို့ ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ရန်ကုန်မြို့


မူရင်း ကြေငြာချက်ကို ဒီနေရာမှာ ရယူနိုင်ပါသည်။

27 May 2009
NLD Headquarters
Statement 14/05/09

The following is the complete statement which Daw ASSK submitted to the court in defense of herself against the criminal charges based on the Criminal Act 256.

//begins text//

1). Regarding the case against Daw Aung San Suu Kyi, who is now being accused of having iolated the State Protection Act against Subversive Elements Paragraph #22, and the accomplices Daw Khin Khin Win (Father - U Tin Ohn), Ma Win Ma Ma (Father - U Nyan Linn), and Mr John WIlliam Yettaw - three of whom are charged in accordance with the aforementioned Para #22 and Criminal Code 109 - is the case filed on 11 May 2009 by Police Lt-Colonel Zaw Min Aung of Police Special Branch (Information Division of the Police Department, Home Ministry).

2). From my co-habitant Daw Khin Khin Win, I learned indirectly about the fact that Mr John william Yettaw entered my residential compound on 30 November 2008.

On 4 December 2008, I reported to the authorities through my physician Dr Tin Myo Win when he came for my (routine) medical check-up. The authorities did not bother to make any inquiry whatsoever about this report with us. Nor was I aware that they took any action at all about this incident. I was never told to report immediately such intrusion to my residential compound to the authorities in the event these things happen.

Only in the morning of 4 May 2009, did I discover Mr John William Yettaw arrived at my house. I told him to leave. He told me that because it was already morning and that he would be caught leaving the house in broad day light and said he would leave at night. By the evening he pleaded with me to allow an overnight stay because of his health condition.

3). At present many a dissident colleagues of mine are serving lengthy prison terms, enjoying neither the protection of the law nor humane leniency (on the part of the military rulers). Based on my personal political conviction that I must not put anyone in a situation where they will be arrested or detained, I gave him only temporary refuge.

4). It matters not to me, who the intruder is or what the purpose of intrusion. I acted based on my political conviction. It was my intention to inform the authorities through Dr Tin Myo Win on 7 May 2009 when he was scheduled to arrive for medical check-up. However, on 7 May 2009 only members of the police security arrived, and Dr Tin Myo Win was barred from entering my house.

5). When I reported to the authorities about the 30 Nov 2008 incident (the first intrusion by JWYettaw) I was motivated with the desire to reduce and limit the harm - to both the intruder and the members of the SPDC security unit at my compound - that might result from such reporting. Because the SPDC authorities (in spite of being informed about this) did not object, criticize, or take any other action against the first intrusion, I was under the impression that the authorities agreed with my handling of the incident (not to blow the incident out of proportion).

I wish to categorically object and refute one statement made by a prosecution witness during the cross-examination. The witness in question claimed that the security of my residential compound was the joint responsibility between the SPDC and myself. This is absolutely untrue.

6). I am being charged with the State Protection Act against Subversive Elements #22 for having allegedly violated the restrictions and limitations contained therein.

A). It is more than obvious that I violated none of the restrictions or limitations, based on the statements/answers made by the prosecution witnesses.

B). The prosecution claimed my original restrictions (or curtailment of citizens' right) were based on 1974 Burma Socialist Programme Party Constitution. However, this 1974 Constitution was null, void and dead on the very day the Armed Forces staged the coup in 1988. No legality could be extracted out of this dead constitution, and restrictions placed on me are illegal.

7). The primary and root cause of the current incident is the breach of security or neglect of security duties by the authorities, and yet no action has been taken against those in charge of my security.

Therefore, subjecting me to this trial (against this backdrop) is an act of whimsical and biased prosecution against me.

8). I submit that I am NOT guilty of the crime that the prosecution has accused me of committing."

//end text//

Orgnial Document download here

No comments: