Tuesday 11 August 2009

ကြိုတင် လုပ်ကြံ အမိန်ချမှုနှင့် တရားဥပဒေစနစ် နိုင်ငံတွင်း မရှိကြောင်း သက်သေတစ်ခု

ထင်ထားတဲ့ အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို နအဖကသူတို့ ကျင်းပမယ့် ရွေးကောက်ပွဲ လုပ်နေချိန်မှာ ပြည်သူနဲ့ ထိစပ်မှု မရှိအောင် နေအိမ်အကျယ်ချုပ်ဆိုပြီး ၁၈ လ( တစ်နှစ်ခွဲ) ထပ် ဖမ်းလိုက်တာပါပဲ။

နအဖ သတင်းမှာ ကြေငြာသလို အခုမှ ဒီအမိန့်ချပြီး အားလုံးကို အသိပေးတာ မဟုတ်ပါဘူး။ နဂိုမူလကတည်းက ကြိုရေးထားတဲ့ စာ နှစ်စောင်ထဲက သူတို့ အတွက် ဖိအားတွေ အရမ်းများလို့ အပြစ်ဒဏ် နည်းနည်းပျော့တဲ့ ဒုတိယ စာကို ထုတ်သုံးလိုက်တာပါပဲ။

တရားရုံးတင်၊ အမှုစစ်ဆေးနေတယ် ဆိုတာတွေကတော့ လူယုတ်မာတွေက လူကြားကောင်းအောင် လျှောက်လုပ်ပြီး အချိန်ဆွဲပြနေတာ သက်သက်ပါပဲ။

အဆိုပါ စာနှစ်စောင် ကြိုပြီး စီစဉ်ထားကြောင်း ကျွန်တော့်ရဲ့ မိတ်ဆွေ "သူရဲကောင်း" ပေးပို့ထားခဲ့တဲ့ သတင်းမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ ဘယ်လို ဘယ်ပုံနဲ့ အမိန့်က အထက်အောက် ပျံနှံ့သလဲ ဆိုတာနဲ့ ဘယ်သူတွေက တာဝန်ယူ လုပ်ဆောင်ပေးရသလဲ ဆိုတာ သတိထားမိနိုင်အောင် ကျွန်တော့် မိတ်ဆွေ "သူရဲကောင်း" ပေးပို့ထားခဲ့တဲ့ သတင်းကို အောက်ပါ လင့် မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

http://ko-htike.blogspot.com/2009/05/blog-post_26.html