Thursday 8 April 2010

နိုင်ငံရေး စပေ့စ်(space)နှင် ပါလီမန်မှာ ဝင်ကစားသင့်သည် ဆိုခြင်းသည် .....

ဒီနေ့ မြန်မာနိုင်ငံနဲ့ ပက်သက်တာတွေ ပြောဆိုနေကြတာတွေကတော့ ရွေးကောက်ပွဲကိစ္စ တွေပါပဲ။

တခါတလေ ဘာလို့ ရိုးရိုးရှင်း မစဉ်းစားပဲ၊ နိုင်ငံရေး စပေ့စ်(space) တို့၊ ဘာမှ မရှိတာထက် တခုခု ရှိနေတာက ကောင်းတယ်တို့၊ ပါလီမန်ထဲကနေ ဝင်ပြောမယ်တို့၊ နိုင်ငံရေး ဆိုတာ နောက်ဆုံးတော့ ပါလီမန်ထဲကနေ ဆုံးဖြတ်တယ် ဆိုတာတို့တွေပေါ့။

အဲဒီလို လူတွေကို ပြန်မေးကြည့်ပါ။ သူတို့တွေ ဒီ နအဖ ဆိုတဲ့ လက်နက်ကိုက် အကြမ်းဖက်သမားတွေရဲ့ အကြောင်းကို မသိဘူးလားဆိုတော့လည်း ကောင်းကောင်းသိလေရဲ့။

သူတို့တွေတင် မဟုတ်ပါဘူး။ တကမ္ဘာလုံးက မြန်မာနိုင်ငံအကြောင်း သိတဲ့ လူဦးရေးရဲ့ ၉၉% က အဲဒီ လက်နက်ကိုင် အကြမ်းဖက်သမား နအဖ အကြောင်း ကောင်းကောင်း သိကြပါတယ်။ နအဖ အုပ်စုရဲ့ အပုပ်နံ့ လှိုင်လှိုင် ထွက်နေတဲ့ စာရိတ္တတွေ၊ အရှက်မရှိ မျိုးစုံလိမ်တာတွေ၊ ကတိ မတည်တာတွေ၊ ... ... အဲ ... မဟုတ်တဲ့ ကိစ္စ အကုန်လုပ်တယ် ဆိုတာ အဲဒီ နအဖကို ပြောတာလို့ သာမှတ်ပေါ့။

အဲလို စာရိတ္တချွတ်ချော်၊ မကောင်းတာ မှန်သမျှ အကုန်လုပ်လို့လည်း ၁၉၈၈ ကနေ ဒီနေ့ ၂၀၁၀ အထိ သူတို့ လက်ထဲက ၂၁ ရာစုရဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ် မီး မှန်မှန်မလာဘူး။ ထမင်းရေ ရောင်းဝယ် ဖောက်ကားရတဲ့ ဘဝတွေ ဖြစ်လာကြတယ်။ မစည်ကားသင့်တဲ့ ထောင်ထဲမှာ လူကောင်း သူကောင်းတွေနဲ့ စည်ကားတယ်။ ဘုရားသားတော် သံဃာတွေကို သတ်တယ်။ နိုင်ငံရဲ့ အာဏာကို မက်ပြီး ဖြတ်လမ်းက ရယူထားတယ်။ ပြီးတော့ သူကဘဲ ပြောရသေးတယ် NLD က အာဏာကို ကြားဖြတ်ရယူရန် ကြိုးစားတယ်တဲ့။ တိုင်းပြည်မှာ ထမင်း တနပ် အတွက် ခန္ဓာကိုယ် ရောင်းစားရတဲ့ မိန်းကလေးတွေ များလာတယ်။

ကဲ ... ဘယ်မှလည်း ကောင်းတာ တခု၊ ဘယ်မှာလည်း ကတိစကား တခွန်း တည်ခဲ့တာ။

အဲလို လူတွေက လုပ်ပေးမယ့် ရွေးကောက်ပွဲမှာ ဝင်ပြီး စပေ့စ်(space) ရှာရှာ၊ ပါလီမန်ကနေ ဝင်ပြောပြော၊ ဘာမှ မရှိတာထက် ရှိတာက ကောင်းတယ် ဆိုဆို၊ ... ကတိစကား မတည်တဲ့ လူတွေလက်ထဲမှာ ဘာမှ ကောင်းတာ ဖြစ်မလာနိုင်ဘူး။

ကောင်းတာ လုပ်ချင်ရင် အဲဒီ နအဖဆိုတဲ့ လူယုတ်မာ အုပ်စုဟာ .. လူယုတ်မာ အုပ်စုလို့ အသံထွက်လာစရာ မရှိဘူး။ တိုင်းပြည်ကောင်းတာ လုပ်တာ အနှစ် ၂၀ ကျော် စောင့်ပြီး၊ ရွေးကောက်ပွဲ ထပ်လုပ်စရာ မလိုပါဘူး။ ရွေးကောက်ပွဲ တစ်ခု လုပ်ပြီးသားပဲ။ အဲဒါကို အတည်ပြုလိုက်ပြီး၊ အဲဒီကနေ စပေ့စ်(space) တို့၊ ပါလီမန်ထဲကနေ ဝင်ပြောတာတို့၊ ဘာမှ မရှိတာထက်စာရင် တခုခု ရှိတာ ကောင်းတယ် ဆိုတာတို့ လုပ်လို့ ရတယ် ဆိုတာကို အဲဒီ ဆရာ့၊ ဆရာကြီးတွေ သတိမူသော်လည်း၊ ဂူမြင်သော်လည်း ... မျက်စိမှိတ်ပြီး မတွေ့ဘူးဟု ကုန်းအော်နေတယ်လို့ မှတ်ပါကြောင်း ......။

ကိုထိုက်

1 comment:

victorOway said...

အခုလိုကာလမှာ- ဘယ်ကနေ ဘယ်လို ဒီအခြေအနေရောက်မှ ပေါ်ထွက်လာတဲ့ နိုင်ငံရေးအချောင်သမားတွေက ဘာတဲ့ လွှတ်တော်ထဲရောက်မှ တဖြေးဖြေးပြင်ယူမယ်တဲ့။ အလကားစိတ်ကူး ရူးသွပ်နေတဲ့ နိုင်ငံရေး ဆင်ကန်းတွေပါ။ ဒီလောက်ရုတ်မာ ရိုင်းစိုင်းတဲ့ လူသတ်ကောင်တွေကို ယုတ်မာရိုင်းစိုင်းလို့ ရိုင်းစိုင်းမှန်းတောင်မပြောရဲတဲ့ နိုင်ငံရေးမြေခွေးလိုကောင်တွေက ဗမာပြည်လူထုကို အုပ်ချုပ်ဘို့ ၊ အာဏာရဘို့ အတွက် လူထုနဲ့ NLD ကို ရန်တိုက်ပေးနေပြီး စစ်အုပ်စုမကောင်းကြောင်းကျတော့ပါစပ်တောင် မဟရဲဘူး။ ဒီလိုလူတွေ ဘယ်လိုလို့ တိုင်းပြည်အုပ်ချုပ်မှာလဲ။ တကယ့် တကယ်လူထုတိုက်ပွဲတွေ ဖြစ်လာတဲ့အချိန်ကျတော့ ခွေးမသားတွေ ဘယ်နားသွားပုန်းနေကြသလဲ။ အာဏာကျတော့ လိုချင်တယ်။ အနစ်နာကျတော့မခံဘူး။ ဆရာကြီး သခင်ကိုယ်တော်မိုင်း ဒွေးချိုးကို ငှားပြီးဆဲလိုက်ရရင်တော့ဖြင့်- မင်းတို့  ဥာဏ်အမြင် တမိုက်တထွာမျှရယ်နှင့်- ငြင်းဘို့ သန်ရင် မိုက်ရာကျပါလိမ့်၊ ရန်မူကာစင်ထောင်မည့်အရေးရယ်နှင့် -NLD ကို ရန်သူပမာ သင်ထောင်လွှားသော်လည်း ဆင်ကောင်ကို ခြင်ကောင်ဝါးသလိုပ ယားရုံမျှပင်လိုမနာ- လို ဆိုလိုက်ပါရစေ။

ဂျာကြီး