သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်း မသိသော ပါလီမာန်

မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖကနေ မွေးထုတ်ပေးလိုက်တဲ့ ပါလီမာန်ဆိုတာကြီး ပေါ်လာပါပြီ။ အဲဒီပါလီမာန်ကနေ တိုင်းပြည်ကို စီမန်ခန့်ခွဲ အုပ်ချုပ်သွားမယ်တဲ့။ ပါလီမာန်မှာ ဝင်ထိုင်နေတဲ့ လူတွေကတော့ ပြည်သူကိုယ်စားပြု အမတ်မင်းတွေ။ ပြည်သူလူထုကို ဦးဆောင်လမ်းပြ အုပ်ချုပ်စီမံသွားမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ လူကြီးလူကောင်းတွေ၊ တိုင်းပြည်ရဲ့ ဒိတ်ဒိတ်ကျဲ ပညာတတ်တွေနဲ့ တချိန်က ကိုယ့်ဘာသာ နိုင်ငံတော်လို့ ခေါ်နေတဲ့ စစ်ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေပါဝင်တဲ့ တတ်ရောက်နေတဲ့ ပါလီမန်ကြီးပါပဲ။
ဒီတော့ ကျွန်တော်လည်း မြန်မာနိုင်ငံသား တစ်ယောက်ပီပီ စိတ်ဝင်စားမိတယ်။ ဝမ်းသာအားရပေါ့။ လူကြီးလူကောင်းတွေ တတ်ရောက်ဆွေးနွေးရာ ပါလီမာန်ကြီးရဲ့ ဓါတ်ပုံတွေကိုလည်း စိတ်တဝင်တစားကြည့်မိတယ်။
တွေ့ပါပြီဗျာ။ ပါလီမာန် အသစ်စက်စက်ကြီးရဲ့ အစည်းအဝေးခန်းမကြီးမှာ အမြင်မတော်တာကို စမြင်ရတော့တာပဲ။
ပါလီမာန် ဥက္ကဌရဲ့ ရှေ့တည့်တည့်မှာ ချထားတဲ့ ဘာမှန်းညာမှန်း မသိတဲ့ အချောင်း(ဘင်ခရာ တီးဝိုင်းမှာတော့ အဲဒီလို အချောင်းမျိုးကို အရှေ့ဆုံးက လူက ဂီတသံစဉ်အတွက် အချက်ပြဖို့ သုံးတယ်။ "ကျိုင်း" လို့ ခေါ်တယ်ထင်တယ်။) ကြီးကို တွေ့မိတော့တာပါ။ (အထက်ပါ ပုံကို ကြည့်ပါ။)
တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများ ခင်ဗျာ ... အဲဒီ အချောင်းကြီးက ဘာအတွက် အဲဒီမှာ ချထားတာလဲ ဆိုတာ ရှင်းပြပေးစေချင်ပါတယ်လို့သာ မေးခွန်းမေးချင်နေမိတယ်။ "သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်းမသိ" သော လူပုဂ္ဂိုလ်များက တိုင်းပြည်အုပ်ချုပ် နေကြတယ် ထင်ပါတယ်။
ဗြိတိသျှ ပါလီမာန်မှာ အဲဒီလို အချောင်းမျိုးကို ပါလီမန် အစည်အဝေး ခန်းမမှာ ချထားတာကို မြင်ပြီး ငါတို့ ပါလီမာန်မှာလည်း အဲဒီ အချောင်းကြီး ချထားမှ ပါလီမာန်နဲ့ တူမယ်ထင်ပြီး ချထားပုံရပါတယ်။ အမေရိကန် လွှတ်တော်မှာ အဲဒီအချောင်း မရှိပါဘူး။ အဲဒီ အချောင်းကြီးကို ဘာအတွက် ချထားတာလဲဆိုတာ တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းတွေ သိပုံ မရပါဘူး။ တိုင်းပြည်တော့ တိုးတတ်ကြီးပွားဦးမယ့် လက္ခဏာပါပဲ။
ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် ရှိပါတယ်။ ပြီးတော့ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီးရှိပါတယ်။ ဒီတော့က တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီးရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင်မကြီးက မတတ်ရောက်နိုင်ပါဘူး။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား အဲဒီ အချောင်းကြီးကို ပါလီမာန်မှာ ချထားတာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် အဲဒီ အချောင်းကြီးကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ ဒါ ဗြိတိသျှ ထုံးစံပါ။
နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေမှာ အဲဒီအချောင်းကြီးကို ပါလီမာန်မှာ ထားရှိပါတယ်။
အမေရိကန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီလို အချောင်းကြီး ပါလီမာန်မှာ မရှိပါဘူး။ ပြင်သစ်ပါလီမာန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီအချောင်းကြီး မရှိပါဘူး။ ဂျာမနီမှာလည်း အဲဒီ အချောင်းကြီး မရှိပါဘူး။
တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများခင်ဗျာ ... ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ပါလီမာန်မှာ ဘာလို့ အဲဒီ အချောင်းကြီး ချထားရတာပါလဲ။ ... ဒါမှ မဟုတ် ဗြိတိသျှ ကိုလိုနီအဖြစ် တိုင်းပြည်ကို အမတ်မင်းတို့ လက်ထက်ရောက်မှ အလိုလို သတ်မှတ်နေတာလားဆိုတာတော့ ...
လေးစားစွာဖြင့်
ကိုထိုက်




10 comments:
Good point and well researched. Thank you,I've learnt something.
As for the fact,'Irrelevant' is becoming more and more the greater part of our,erm, Burmese culture.No offence though.
ဟုတ်တယ် အကိုရေ...
ဒေါ်ကြိုင်ကြိုင် ကိုများ ကိုယ်စားပြုထား သလားလို့...
P:)
သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ကိုယ်စားပြုပေါ့ကွယ်
အော်အော် ကောင်းလိုက်ကြတဲ့ဦးနှောက်တွေပေါ့နော် နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်နေတဲ့ သူတွေက မင်းတို့လောက်တောင် ဦးနှောက်မရှိဘူးထင်တာကတော့ မင်းကိုမင်းအထင်ကြီးလွန်းပါတယ် ကောင်လေးရယ်
မင်းတောင်သိတာ အစိုးရကမသိပဲနေမလား မင်းပြောပုံအရဆို ဓနသဟာရ နိုင်ငံတွေမှာ ပဲအချောင်းထားရမယ်ပေါ့ မဟုတ်ရင် ထားခွင့်မရှိဘူးပေါ့ ဘယ်သူကသတ်မှတ်တာလဲ မင်းရေးတာဖတ်ရတာလဲ ကလေးကလားကွာ မင်းတို့ထက်တော်လို့ မင်းတို့ကို နှစ်ပေါင်းများစွာအုပ်ချုပ်နေနိုင်တာပေါ့ ကို့ထမင်းကိုစားပြီး အေးဆေးပဲနေပါကွာ ကန့်လန့်လိုက်မနေပါနဲ့
@ko,
What brain?
Everyone with decent brain KNOWS what's right and wrong.
You either does not have proper education,holds very NARROW view,milk by them or their associates,being BRAINWASHED,or bluntly,brain fucked,or have any two or more of these.
So SHUT UP.
''ကို''..ဆိုတဲ့ကောင်..
မင်းသိရင်..အဲဒီ အချောင်းကြီး
..ဘာကြောင့်ထားလဲ..အရင်ရှင်းလေ..
ဝေ့လည် ကြောင်ပတ်မလုပ်နဲ့..
သူများကို..ကလေးကလား...ပြောရအောင်..မင်းက ဘယ်လောက် စောင့်သုံးကျနေလို့လဲ..
Nice blog, hi there, i found that there is one website offering free puzzle games. Just take one minute to sign up then you will receive one free puzzle game. Enter the below URL to get same one:
http://www.684899.com/en/CosmicCreature/project_1.htm
ငွေလမင်း ဘလော့မှာ ရှင်းပြထားတာ တွေ့လိုက်ပါတယ်။
http://lamin30.blogspot.com/2011/04/blog-post.html
to ko,
i just want to said. FUCK YOUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUUU
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
Post a Comment