Wednesday 19 December 2007

အရင်းအမြစ် ရှာဖွေခြင်း

တပ်မတော်၊ အထူးသဖြင့် မြန်မာ့ တပ်မတော်ပေါ့ဗျာ။ မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့ နေရာက လုပ်ဆောင်ပေးခဲ့သော တပ်မတော် ... ။ ဂုဏ်ပုဒ်တွေ မနည်းပါဘူး။

ကျွန်တော်တို့ ငယ်ငယ်က တော်လှန်ရေးနေ့မှာဆို တော်လှန်ရေးပန်းခြံနား သွားပြီး စစ်ချီလာတဲ့ တပ်မတော်သားတွေကို မနက် အစောကြီး အိပ်ယာကထ ကြိုဆိုလိုက်ရတာ။ ကျွန်တော့် ဦးလေးတစ်ယောက်ကလည်း (၁၀) တန်းအောင်လို့ ဗိုလ်သင်တန်းတတ်ချင်တာ၊ အဖွားက မခွဲနိုင်၊ အဘိုးက သဘောမတူတာကြောင့် DSA ဆိုတာကို မတတ်ရလို့ မစားနိုင်မသောက်နိုင်ဖြစ်နေရတာ တွေကို ပြန်မြင်ယောင်မိပါတယ်။ အခုတော့ .. အဲဒီ ဦးလေးက မိဘကျေးဇူးကို ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။ ၈၈ ပြီးကတည်းကပေါ့။ မကောင်းတာကို တားမြစ်ပြီး၊ ကောင်းတာကို ညွှန်ပြတတ်တဲ့ မိဘပါလားလို့ မိဘတွေကို ကျေးဇူး အထူး တင်တတ်နေပါပြီ။

နောက်ပြီး တော်လှန်ရေးနေ့မှာ ဘယ်သူကမှ တကူးတက မနက်စောစော အိပ်ယာက ထပြီး စစ်ချီလာတဲ့ စစ်ကြောင်းတွေကို ကြိုမနေကြတော့ပါဘူး။ တိုက်ရိုက်လွှင့်တဲ့ TV တောင် ဖွင့်မကြည့်ဘူး။ အဓမ္မခေါ်ခံထားရတဲ့ လူတွေနဲ့ ရပ်ကွက်လူကြီး ဖေါ်လံဖားတွေကတော့ သွားကြရတာပေါ့။

ခရီးသွားရင်း လမ်းမှာ ကားရပ်နေတုန်း လုပ်အားပေးနေတဲ့ စစ်သားလေးတွေကိုမြင်ရင် ရေတိုက်၊ မုန့်ကျွေး၊ စကားပြောနဲ့ မိတ်ဆွေဖွဲ့ခဲ့တဲ့ ကျွန်တော်တို့တွေ၊ အခု အချိန်လမ်းမှာ စစ်သားတွေ မြင်တာနဲ့တင် *&^*%$ ဆိုပြီး ကားပေါ်မှာ ရေရွတ် ပြောသွားခဲ့ကြပါတယ်။ ပါလာတဲ့ရေတွေ၊ မုန့်တွေကို ကျွေးဖို့ကတော့ စိတ်ထဲတောင် မထည့်တော့ပါဘူး။

၈၈ မတိုင်ခင်တုန်းက တော်လှန်ရေး ပန်းခြံနားမှာ စောင့်နေတဲ့ စစ်သား အစောင့်ကို ကျွန်တော် သူငယ်ချင်းရဲ့ ညီမလေးက(၃ နှစ်ကျော်ကျော် ကလေးလေးပါ။) လက်ထဲက ကစားစရာလေး သွားပေးတာကို မိဘတွေက ဘေးကရပ်ကြည့်ပြီး ပြုံးနေကြတာကို တွေ့ခဲ့ဖူးပါတယ်။

အခုကတော့ စစ်သားက ဒီဘက် ပလက်ဖောင်းမှာ ကင်းစောင့်နေလျှင် မိသားစုတွေက ဟိုဘက် ပလက်ဖောင်းကို လမ်းကူးသွားပါတယ်။ ကလေးတွေကို အဲဒီနားမှာ လမ်းပေးမလျှောက်တော့ပါဘူး။ အဲဒါတွေက ကျွန်တော် နိုင်ငံခြားထွက်မလာခင်က စစ်သားနဲ့ ပြည်သူတွေရဲ့ ဆက်ဆံရေးပါ။ အခု သံဃာတွေကို သတ်ပြီးတဲ့ အခါမှာ ကြုံတွေ့ရမယ့် စစ်သားနဲ့ ပြည်သူ ဆက်ဆံရေးကတော့ ဘယ်လို အခြေအနေဖြစ်လာနေလဲဆိုတာ ပြည်တွင်းက လူတွေမှ သိနိုင်ပါမယ်။

တပ်မတော်ဆိုတာ အရင်ကလည်း တပ်မတော်ပဲ၊ အခုလည်း တပ်မတော်ပဲ။ ကျွန်တော့် သူငယ်ချင်းညီမလေးက ကစားစရာ အရုပ်လေး သွားပေးခဲ့ဖူးတဲ့ စစ်သားလည်း အခု အချိန်အထိ တပ်မတော်ထဲမှာ ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် သူ အစောင့်တာဝန်ထပ်ကျတဲ့ အခါတွေမှာ အဲဒီလို အဖြစ်မျိုး ထပ်ကြုံရမှာ မဟုတ်တာတော့သေချာပါတယ်။

တပ်မတော်ခြင်း တူပါလျှက်နဲ့ တပ်မတော်ကို ဦးဆောင်နေတဲ့ လူတွေ၊ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ဖေါ်ဆောင်နေတဲ့ လူတွေရဲ့ လုပ်ငန်းစဉ်တွေက ပြည်သူတွေအတွက် ရွံစရာ ဖြစ်လို့ပါပဲ။ နည်းနည်းလောက် အသေးစိပ် လေ့လာကြည့်ကြရအောင်။ ကျွန်တော် အချက်တွေကို ခွဲခြမ်းလေ့လာကြည့်ပါတယ်။

တပ်မတော်ထဲက တပ်မတော်သားတွေရဲ့ ရပ်တည်ချက်

ဒီနေ့ မြန်မာနိုင်ငံက စစ်သား တစ်ယောက်က စစ်သင်တန်းမှာ တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်ဖို့ ဆိုပြီး စစ်ပညာကို လေ့လာသင်ယူနေရပါတယ်။ ဒါပေမယ့် တကယ်တန်းမှာ သူတို့တွေဟာ ဗိုလ်ချုပ်မှုးကြီးရဲ့ ကတော် ဈေးဝယ်တာကို အစောင့် လုပ်ပေးနေရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ မြေးလေး ကျောင်းကြိုပို့ လုပ်နေရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ သမီး မင်္ဂလာဆောင်အတွက် အောက်ခြေသိမ်း လုပ်ပေးနေရတာတွေ စတဲ့ အလုပ်တွေကိုသာ လုပ်နေကြရပါတယ်။

စစ်ပညာ မသင်ဘဲ အထွေထွေ အလုပ်ကြမ်းသမား ပညာသင်ရုံနဲ့ အဆိုပါ အတတ်တွေကို တတ်မြောက်နိုင်ပါတယ်။ အခုဟာကတော့ ... ။

သူတို့ရဲ့ အိမ်ထောင်ဘက် အမျိုးသမီးတွေကလည်း ဗိုလ်ချုပ်မှုးကြီးရဲ့ ကတော်ကို ထမင်းဟင်းချက်ကျွေးရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ သမီးကို နင်းနှိပ်ပေးနေရတာ၊ အ၀တ်အစားတွေကို လျှော်ဖွတ်၊မီးပူ တိုက်ပေးနေရပြီး၊ (၂၁) ရာစုမှာ ကျွန်လုံးလုံးကို ဖြစ်နေရတဲ့ ဘ၀တွေလည်း မနည်းပါဘူး။ (ဒီနေရာမှာ ကျွန်တော်ပြောတာ မဟုတ်ဘူးဆိုလျှင် သက်သေနဲ့ တကွငြင်းဆိုနိုင်ပါတယ်။)

ပြည်သူကို အလုပ် အကျွေးပြုဖို့ ပြည်သူ့ရန်ကို ကာကွယ်ဖို့ ပြည်သူ့တပ်မတော်က အခုအချိန်မှာ ပြည်သူကို အန္တရာယ်ပေးပြီး၊ ဗိုလ်ချုပ်မှုးကြီး မိသားစုကို အလုပ်အကျွေးပြုဖို့ ဖြစ်နေတာကို တပ်မတော်သားတွေ သတိထားမိပါစ။ အဲဒါကတော့ တပ်မတော်ထဲက တပ်မတော်သားတွေ ဒီနေ့ ရပ်တည်နေရတဲ့ ရပ်တည်ချက်။

အဲဒီလို ရပ်တည်နေရတဲ့ ရပ်တည်ချက်တွေကို လက်ရှိတပ်မတော်သားတွေ ဆက်လက် လုပ်ဆောင်ရပ်တည်နေဦးမှာလား .... မေးစရာ မေးခွန်းတခုပါ။ အဖြေကတော့ တပ်မတော်သားတွေရဲ့ ရင်ထဲမှာ ကိုယ်စီ ရှိကြပါတယ်။

ကိုယ်ကိုတိုင်လည်း ဗိုလ်ချုပ်မှုးကြီးရဲ့ မြေးလေး စားသောက်ဆိုင်မှာ သွားစားသောက်နေတာကို အပြင်ကနေ ဘယ်နေ့ စောင့်ပေးရမလဲ။ ကိုယ် ချစ်မြတ်နိုးလို့ ယူထားတဲ့ မိန်းမ ဘယ်နေ့မှာ ဗိုလ်ချုပ်မှုကြီးမိသားစုရဲ့ (၂၁) ရာစု ကျွန်ဖြစ်လာမလဲ။ တွေးပူနေရတော့မှာလား။

လက်ရှိ တပ်မတော် ခေါင်းဆောင်ကြီးတွေ တရားဝင်မှု ရှိ၊ မရှိ

တပ်မတော်သားတယောက်က ဘယ်အချိန်မှာ စစ်စည်းကမ်းအရ အငြိမ်းစား ယူရပါသလဲ။ တပ်မတော်သားတိုင်း ဖြေဆိုနိုင်တဲ့ မေးခွန်းလေးပါ။ ဓမ္မဒိဌာန် မေးခွန်းလေးပါ။ စစ်းသားတိုင်း သိပါတယ်။ ကျွန်တော်တခါ ရုရှားရောက် စစ်သားတစ်ဦးနဲ့ အမေး အဖြေလုပ်ခဲ့ဖူးပါတယ်။ သူဖြေထားခဲ့ပါသေးတယ်။

ဒါဆို အခုလက်ရှိ တပ်မတော်ကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်ကြီး ၂ ယောက် ဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးမောင်အေးဟာ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ တရားဝင် တပ်မတော်ခေါင်းဆောင်တွေ ဟုတ်ပါသလား ဆိုတာကို တပ်မတော်သားတွေ သိကြမှာပါ။

တပ်မတော်သားတွေက တရားမ၀င်တော့တဲ့ လူတွေရဲ့ အမိန့်ကို ဆက်လက် နားထောင်နေရမှာလား။ တရားမ၀င်တော့တဲ့ လူတွေရဲ့ ပြောချင်ရာပြောနေတဲ့ အမိန့်ကို နာခံနေရတာဟာ တိုင်းပြည်အတွက် အသက်ပင်ပေးထားတယ်ဆိုတဲ့ စစ်သားတွေရဲ့ ဂုဏ်သိက္ခာ အတော့်ကို ပွန်းပဲ့ပါတယ်။ တပ်မတော်လည်း အရှက်ရပါတယ်။

ထိုင်းက အာဏာသိမ်းခေါင်းဆောင် ဆွန်သီဟာ အသက် ၆၀ မှာ စစ်တပ်က အနားယူသွားခဲ့ပါတယ်။ ထိုင်း စစ်တပ်ဟာ တရားမ၀င်တဲ့ လူဆီက အမိန့်ကို မနာခံပါဘူး။ ထိုင်း စစ်သားတွေလောက်မှ မြန်မာစစ်သားတွေ သိက္ခာမရှိတော့ဘူးလား။

ကျွန်တော် ဒီလို ပြောတာကို တပ်မတော်ကို သွေးခွဲတယ်လို့ ပြောဆိုမယ့် လူတွေရှိပါတယ်။ အမှန်တရားအတွက် သွေးခွဲတယ်ဆိုလျှင်လည်း ကိုယ်ခန္ဓာထဲက မကောင်းတဲ့ သွေးပုပ်တွေကို ခွဲထုတ်ဖို့ ဆရာဝန်က လူနာကို အကြံပေးသလိုမျိုး ဆိုတာကို အသိရှိတဲ့ လူတိုင်း နားလည်မှာပါ။ ဦးနှောက်နည်းတဲ့ အသိမရှိတဲ့ လူတွေကတော့ သွေးခွဲတယ်လို့ ပြောတာကို ကျွန်တော်နားလည်နိုင်ပါတယ်။

တရားမ၀င်တော့တဲ့ စစ်ခေါင်းဆောင်တွေ လုပ်ချင်ရာလုပ်နေတာကို မြန်မာ့တပ်မတော်က တပ်မတော်သားတွေ ဘယ်လို ဆုံးဖြတ်ကြမှာလဲ။ အဲဒါကတော့ တပ်မတော်ရဲ့ လက်ရှိခေါင်းဆောင်ကြီးများ တရားဝင်မှု ရှိ၊ မရှိ ဆိုတာပါပဲ။

စစ် စည်းကမ်းနဲ့ အထက်အမိန့်

စစ် စည်းကမ်းနဲ့ အထက် အမိန့် ..... အဲဒီ ၂ ချက်က လက်ရှိ မြန်မာ့ တပ်မတော်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာလို့ ကျွန်တော် မြင်ပါတယ်။ ပြည်သူတွေ ရွံမုန်းလာအောင် လုပ်နေတဲ့ အဓိက တရားခံလို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ စစ် စည်းကမ်းမှာ အထက်အမိန့်ကို နာခံရမယ်လို့ အသေချာ ပြဌာန်းထားပါတယ်။ ကျွန်တော်က စစ်သားမဟုတ်လို့ ဘယ်လို အထက်အမိန့်ကို နာခံရမယ်ဆိုတဲ့ ပြဌာန်းချက် အသေးစိပ်ကို မသိပါ။ မတရားတဲ့ အထက်အမိန့်ကို နာခံရမယ်လို့တော့ ပြဌာန်းထားပုံ မရှိလောက်ပါဘူး။ တရားမ၀င်တော့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို နာခံရမယ်လို့ ပြဌာန်းထားပုံလည်း မရှိနိုင်ပါဘူး။

တပ်မတော်ရဲ့ အခြေခံ ကျင့်စဉ်ကိုက ပြည်သူတွေကို ကာကွယ်ဖို့ပါတဲ့။ ပြည်သူတွေ၊ သံဃာတွေကို သေနတ်နဲ့ ပစ်လို့ ပေးတဲ့ အမိန့်ဟာ တပ်မတော်ရဲ့ အခြေခံ ကျင့်စဉ်နဲ့ ဖြောင့်ဖြောင့်ကြီး သွေဖီနေပါတယ်။ လူအုပ်တွေများလို့ အခြားလူတွေ အန္တရာယ်ဖြစ်မှာစိုးရိမ်လျှင်တော့ ပခုက္ကူသံဃာတွေနဲ့ ခုနက တပ်မတော်က တရားမ၀င် ခေါင်းဆောင်ကြီးတွေ စကားသွားပြောလျှင်တောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်နိုင်ပါတယ်။ သံဃာတွေကို သတ်စရာ မလိုပါဘူး။ သံဃာတွေကို ထိုင်ကန့်တော့ရလို့လည်း အဲဒီ တရားမ၀င် တော့တဲ့ ခေါင်းဆောင်ကြီးတွေ သိက္ခာကျစရာ မရှိပါဘူး။ ငယ်ငယ်ကတည်းက သံဃာတွေကို ကန့်တော့ပြီးကြီးပြင်လာခဲ့တဲ့ လူမျိုးတွေပါ။

သူတို့တွေက သံဃာတော်တွေကို မကန်တော့လိုတာနဲ့ စစ်သားတွေကို လူသတ်ခိုင်းတာလို့ ပြောရင် မမှားပါဘူး။ အဲဒီလို တရားမ၀င်တော့တဲ့ ခေါင်းဆောင်တွေရဲ့ မတရားတဲ့ အမိန်ကို စစ်သားတွေ နာခံရမှာလား ။ အဲဒီ မတရားတဲ့ အမိန့်ကြောင့် တပ်မတော်သားတွေ လူသတ်သမား တွေ အဖြစ်နာမည် ပျက်နေရတော့မှာလား။ စစ် စည်ကမ်းနဲ့ အမိန့် နာခံရမှုက တပ်မတော်ကို ပြည်သူ့ရန်သူ ဖြစ်စေတာလား၊ တရားမ၀င်တော့တဲ့ ခေါင်းဆောင်တွေရဲ့ မတရားတဲ့ အမိန့်တွေက တပ်မတော်ကို ပြည်သူရန်သူ ဖြစ်စေတာလား။ အဲဒီလို မတရားတဲ့ စည်းကမ်းတွေနဲ့ မတရားတဲ့ အမိန့်တွေတပ်မတော်မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

အထက်ပါ တပ်မတော်သားတွေရဲ့ ရပ်တည်ချက်၊ လက်ရှိခေါင်းဆောင်တွေရဲ့ တရားမ၀င်မှု့၊ စစ် စည်းကမ်းနဲ့ အမိန့် နာခံမှုတွေက ပြည်သူချစ်တဲ့ တပ်မတော်ကနေ၊ ပြည်သူတွေ ရွံမုန်းတဲ့ တပ်မတော်နဲ့ တပ်မတော်သား ဘ၀ကို ပြောင်းလဲစေတယ် ဆိုတာ တပ်မတော်သားတွေ ကိုယ်စား ကျွန်တော်ဒီနေရာကနေ တင်ပြဆွေးနွေးကြည့်တာပါ။

ဒါတွေကို ပြည်ချစ်တပ်မတော်နဲ့ တပ်မတော်သားကောင်းတွေ အဖြစ် ဘယ်လိုပြောင်းလဲကြမလဲ ဆိုတာ တပ်မတော်သားတွေ ဖြေရှင်းရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ တချို့ အချက်တွေကိုတော့ ကျွန်တော် တွေးမိသလောက် ရေးခဲ့ဖူးတဲ့ ရောဂါ ကုစားခြင်း(သို့) Think Tank မှာ တင်ပြခဲ့ဖူးပါတယ်။ ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

လေးစားစွာဖြင့်
ကိုထိုက်

9 comments:

AUNGAMA said...

Ko Htike,

You are able to shot a smart media missile to the system of current Myanmar's military regime at a right time.

Whenever we looking into the "Governance of Myanmar's national political"

There has been involving FOUR parties.

1) TAMADAW = an organisation or
a legal entity.(Organised by benchmark standarised procedures and policies for the sake of majority)

2) Top Leaders of TAMADAW = Management of Tamadaw(In a good governance system those management were supposed to be elected by public's opinion)

**(PUBLIC including low rank members of Tamadaw)***

3) PUBLIC

4) INTERNATIONAL (UN, EU, ASEAN,WORLD BANK, IMF AND NGOs including human rights and obligations mornitoring units)**Every right has certain obligation**

So how those FOUR parties have to be working in the creation of a GOOD GOVERNANCE SYSTEM)

Technically here I may name it so called AGENCY THEORY.

- Top management of the TAMADAW are the Agent or Representative of the Public in managing and conducting the TAMADAW's activities in terms of prevention and creation of Public' wealth and assets including in making the decision of fair public's liabilities)

- INTERNATIONAL is a Agent OR Representative of the PUBLIC in assessing or evaluating in terms of the human rights in all affairs the ways managing by Top TAMADAW leaders.

In the ground that all the country's natural resources and wealth are ever poccess by PUBLIC.

So PUBLIC has given all country'nature resources and wealth to TAMADAW(entity or system), not to the TAMADAW's leaders.

In the situation that TAMADAW is acting as a steward of the PUBLIC and has fiduciary duties for PUBLIC and must aslo has onerous accountability duties to PUBLIC in their ways, performance and position of managing county's assets with thoroughtly checking and assessing by international.

Good planning and foundation may reduce complexity and further conflicts.

Aung A.M.A

watching said...

ခင်းဗျားသုံးသပ်တာကောင်းပါတယ် နောင်လည်းသုံးသပ်ချက်တွေဖတ်ချင်ပါတယ်

Tom said...

Dear Ko Htike,
I totally agree with your statement. The present Burmese military leadrs are utter disgrace to the Burmese Tatmadaw, the whole nation and even humman race.
They are over 70 and must be retired like any other public servent. Instead they are treating the whole nation in cluding Tatmadaw as their servents. Actually they are rapists who are raping the whole nation for too long.
It is a pity that even the UN cannot do much to get rid of those killers in this civilised world.

freethinking said...

dasfa

freethinking said...

hello ko htike,

ako yay htar tae post ko nyi nout hma achain pay pi read par ohn mal khin byar...aku tot nyi sate win sar tae header lay ko pae read phit thwar tae...exam tway shi nay loh....ako yay htar tae leader pine nae pat that loh hman thint tha lout hman par tae...ta choe achat lay tway tot ako ko tine ma thi naing bu lay....knaw lal ae d lo general ko lay sar pay mal general's wife ko phaw lan phar lote ya tar ko hoe nge nge hte` ka aloon alon mone par tae.....dar ka lu nge officer amyar su ye` khan sar chat phit mal so tar arr ma khan ye` par tae byar..knaw aku pyaw thwar tar tway ka koh sate khan sar hmu tway ko pyaw chin yone par pae...d lo post lay tway yay thwar tar ka akoh tway khaw hmu bae lout shi tae so tar pya thwar par tae...kg par tae ako.....

sincerely your...

freethinking said...

dasfa

မလေး(မြန်မာ) said...

ko htiake !
nick ko top receive nay ter long pe
but ko htiake d laut busy nay mhan ma ti buu..sorry per...today mha ko htiake blog ko read phit tel .. fri twe si ko le` send pay lite p.
ko htiake kyoe sarr hter tar twe ko gone u per tel ..
reply ma pyan lo sait soe buu tel ..gtalk mhar....a khu top ...ma soe te` a pyin...a yen ko lay sarr per tel ...

မလေး(မြန်မာ) said...

ko H !
read ya ter a yen ko good per tel..
sat pe arr pay nay mhar per...
gtalk mhar mail send pay lite pa mel .

Anonymous said...

正妹牆
sex520免費影片
SEX520免費影片
一夜情視訊聊天室
※0509免費 視訊聊天秀※
※免費影音視訊聊天※
※視訊辣妹本人的精采照片※
免費視訊聊天室
1007免費視訊聊天秀
※台灣辣妹貼圖區※
免費視訊聊天區
※免費觀看視訊辣妹脫衣秀※
彩虹hi視訊交友網
Hotsee免費視訊交友
金瓶影片交流區
BT成人
BT成人網
FF-FST免費視訊聊天網
※免費視訊聊天室※
※s383情人視訊※
watchshow TV情色視訊交友
85cc免費影片
真人視訊影音聊天
☆♀ 888視訊聊天室 ☆♀
♀ 找網愛聊天室 ☆
ez網愛聊天室
影音Live秀
※免費檳榔西施摸奶影片※
※免費色咪咪影片網※
※線上免費觀看小電影※
※免費線上 a 電影直播※
免費a片線上看
免費a片下載
免費a片下載
※免費視訊聊天室※
&甜心寶貝直播貼片&
嘟嘟線上影片
sex520免費影片
成人視訊聊天
☆♀ 情色視訊聊天 ☆♀
情色影音聊天
☆♀ 美女視訊聊天 ☆♀
☆♀ 情色影片下載 ☆♀
☆♀ 情色成人影片 ☆♀
☆♀ 成人電影下載 ☆♀
☆ 辣妹視訊聊天室☆
☆♀ 火辣美媚 ☆♀
火辣美女
☆♀ 一夜情影音交友 ☆♀
☆♀ 影音交友 ☆♀
☆♀ 自拍偷拍影片 ☆♀
真愛宣言聊天室
情人皇朝聊天室
一網情深聊天室
孤男寡女聊天室
★外公外婆聊天室★
★台北一夜激情聊天室★
★華人影音視訊聊天情人網★
真人視訊影音聊天
★一夜激情影音聊天室★
激情網愛聊天
★視訊聊天交友★
ut影音視訊聊天室
網友一夜情聊天室
☆♀ 網愛俱樂部 ☆♀
☆♀ 激情網愛聊天 ☆♀
☆♀ 網愛bbs ☆♀
☆♀ skype網愛 ☆♀
網愛成人聊天室
☆♀ 080辣妹聊天室 ☆♀
一夜激情網愛聊天室
☆♀ 成人哈啦聊天室 ☆♀
★影音視訊聊天情人網★
★網路視訊聊天室★
★ 視訊美女影音★
網友一夜情聊天室
★網路視訊聊天室★
★ 免費音樂試聽★
★888視訊聊天室★
★辣妹妹影音視訊聊天室★
★情色漫畫★
★影音視訊聊天情人網★
★偷窺視訊聊天室★
★168視訊美女★
影音Live秀
☆♀ 成人遊戲區 ☆♀
☆♀ 激情網愛聊天 ☆♀
☆♀ 成人小說 ☆♀
激情網愛聊天
成人遊戲區