Tuesday 16 September 2008

အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီများ တည်ထောင်ဖို့၊ စတင်ပြင်ဆင်ပြီ။

တိုင်းပြည် အာဏာကို မတရားရယူထားသော စစ်ခေါင်းဆောင်များဟာ၊ နိုင်ငံတကာကိုလှည့်စားပြီး၊ တရားဝင်အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းကာ၊ အာဏာဆက်လက်ဆွဲကိုင်နိုင်ရေးအတွက်၊ ၎င်းတို့ဘာသာရေးဆွဲပြီး၊ အတင်းအကျပ် အတည်ပြုထားတဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ၂၀၁၀ခုနှစ်မှာ ကျင်းပမည့်၊ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံရန်အတွက် နိုင်ငံရေးပါတီများတည်ထောင်ဖို့၊ စတင် ပြင်ဆင်နေကြောင်း၊ နေပြည်တော်ရှိ၊ အမည်မဖေါ်လိုတဲ့ စစ်တပ်အရာရှိ ကြီးတဦး၏ ပြောကြားချက်အရ၊သိရှိရပါသည်။

စစ်အာဏာသိမ်းခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ၊ သူယုံကြည်စိတ်အချရဆုံးဖြစ်တဲ့၊ ဦးအောင်သောင်း၊ ဦးသောင်း၊ ဗိုလ်ချုပ်ဌေးဦး၊ ဗိုလ်မှူးချုပ်ကျော်ဆန်းတို့ကို၊ တဦးချင်းစီ နိုင်ငံရေးပါတီအသီးသီး တည်ထောင်ရန်၊ တာဝန်ပေးထားကြောင်း သိရှိရပါသည်။

အလားတူ နိုင်ငံရေးပါတီအသီးသီးမှ၊ ခွဲထွက်ပြီး၊ စစ်အစိုးရရဲ့ အထောက်အပံ့တွေရနေကြတဲ့၊ ပုဂ္ဂိုလ်တွေ(အေးလွင်လိုလူမျိုး)၊ အညံ့ခံ တိုင်းရင်းသားအဖွဲ့အစည်းအချို့ မှ ပုဂ္ဂိုလ်တွေ၊ (Zahkung Ting Ying & Tanggu Dang @ Ahdang..etc.,)၊ အမည်ခံ စီးပွားရေးလုပ်ငန်းရှင် အခွင့်ထူးခံပုဂ္ဂိုလ်များ (တေဇ၊ ခင်ရွှေ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်..စသဖြင့်) အပါအ၀င်၊ နိုင်ငံ့ဝန်ထမ်းများထဲမှ၎င်းတို့စိတ်ချကြရသောပုဂ္ဂိုလ်များအား၊ ရွေးကောက်ပွဲတွင်ပါဝင်ရန်၊ အမည်စာရင်း ပြုစုထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

စစ်တပ်အတွင်းမှ ၂၅% ကိုလည်း၊ နာမည်စာရင်းပြုစုထားပြီးဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ် ချုပ်မှူးကြီးမောင်အေးတို့ထံ အတည်ပြုပေးရန် တင်ပြထားကြောင်း၊ကြားသိရပါသည်။

၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူပြည်သားတွေရဲ့ တခဲနက် ထောက်ခံရွေးချယ်ခံခဲ့ရတဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား၊ မတရားအသင်းကြေညာနိုင်ရေးအတွက်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ပြန်ကြားရေးဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့်၊ တရားသူကြီးချုပ်ဦးအောင်တိုးတို့ကိုအသီးသီး တာဝန်ပေးထားကြောင်း၊ ကြားသိရပါသည်။

(စစ်အာဏာသိမ်း ခေါင်းဆောင်တသိုက်ဟာ၊ တပ်မတော် လက်နက်ကိုင် အင်အားစုတွေကို အသုံးချပြီး၊ ၎င်းတို့ အာဏာ ဆက်လက် တည်တန့်ခိုင်မြဲရေးအတွက်၊ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်နေကြတာကို၊ သတိပြုစေလိုပါတယ်။ ဒီမိုကရေစီအင်အားစုများအနေနဲ့လည်း၊ ပြည်တွင်းပြည်ပ အချိတ်အဆက်မိမိ၊ စည်းလုံးညီညွတ်စွာဖြင့်၊ တိုင်းပြည်နှင့်လူမျိုးအား၊ စစ်အာဏာရှင်လက်အောက်မှ၊ အချိန်မှီကယ်တင်နိုင်ရန်၊ ပိုမိုအားထုတ် ကြိုးစားလုပ်ကြပါရန်၊ ရိုးသားစွာ အချိန်မီ သတိပေးမေတ္တာရပ်ခံအပ်ပါတယ်။)

ဒီမိုကရေစီအင်အားစုအားလုံးကို ၊ထာဝရလေးစားဦးညွှတ်လျှက်၊
သူရဲကောင်း။

2 comments:

swe said...

I am afraid, at this "Critical moment", Democracy campers are happily disagreeing with each other on how to "approach", how to tackle this problem......Since 1988 we do not seem to be agreeing on anything .....so, we continue to argue.....may be tomorrow we will find a way,... may be next year....or next twenty years...may be....may be....

Anonymous said...

.,.,
中秋煙火,國慶煙火,正妹視訊,真愛密碼,真愛密碼,開檔丁字褲,潤滑液,煙火秀,煙火圖片,衣蝶,衣蝶,AV女優,AV女優,

煙火批發,小泉彩,小泉彩,鞭炮,情趣商品,潤滑液,情趣精品,蜂炮,視訊,免費視訊,煙火,開檔丁字褲,煙火工廠,視訊,情趣商品,情趣精品,