Wednesday 31 December 2008

သူရဲကောင်းများ

ကျွန်တော်တို့ တိုင်းပြည်က စစ်သားဆိုတဲ့ လူတွေက တခါတလေ မြောက်ကြွ မြောက်ကြွနဲ့ သူတို့ပဲ တိုင်းပြည်အတွက် အသက်ပေးထားသလို၊ သူတို့ပဲ အများအတွက် စတေးခံပြီး အသက်ရင်းထားရသလိုနဲ့ အခြေခံ စိတ်ဓါတ်ရေးရာအရ ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်းမှ စစ်တပ်ထဲ(ဗိုလ်သင်တန်းကို ပြောတာ ဖြစ်ပါတယ်။ သာမန် တပ်သားဘဝကတော့ အခြေခံ တမျိုးစီပါ။) ဝင်တဲ့ လူတွေမှာ တိုင်းပြည်ကို ချစ်လို့ ကာကွယ်ဖို့ထက် အခွင့်အရေးဆိုတာကို မက်ပြီး စစ်ထဲဝင်နေတာဆိုတာ ငြင်းမရပါဘူး။

ကျွန်တော် ဒီလိုပြောလို့ လူမုန်းများလာနိုင်ပါတယ်။ လူအတော်များများ အမြင်ကတ်တာ ခံရနိုင်ပါတယ်။ အနာပေါ် တုတ်ကျသလို ဆက်ဆက်ခါ နာသွားမယ့် လူတွေလည်း တပုံကြီးပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ရှေ့ရေးအတွက် တိုင်းပြည်မှာ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ လူတွေရဲ့ စိတ်ဓါတ်ရေးရာက အရမ်းအရေးကြီးပါတယ်။ အခုတော့ အဲဒီ လူတွေက အခွင့်အရေး ရနိုင်တယ် ဆိုတဲ့ မျှော်မှန်းချက်နဲ့ဝင်တာဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခွင့်အရေးသမား (သို့) ဖျက်စီးရေး သမားတွေကို မွေးထုတ်ဖို့ သက်သက်ဖြစ်နေပါတော့တယ်။

စစ်သင်တန်းမှာ ဘယ်လို ပင်ပန်းတာ၊ ဘယ်လို ကြိုးစားရတာ ဆိုတာတွေ .. မင်း တို့ရော လုပ်နိုင်သလား ဆိုတာတွေ ပြောမယ့် စကားလုံးတွေကိုလည်း မြင်နေရပါတယ်။ ဒါပေမယ့် ဆိုက္ကားသမား ဆိုက္ကားနင်းလို့ ခြေထောက်တောင့်တာ သဘာဝပါပဲ။ ကားစပယ်ရာက တနေကုန် အော်ရလို့ အသံနာနိုင်ပြီး မောတာ သဘာဝပါပဲ။ စစ်သား စစ်သင်တန်းမှာ ပင်ပန်းတယ်ဆိုတာ ကိုယ့်ဘာသာ အခွင့်အရေးအတွက် အပင်ပန်းခံမူတစ်ခုပါပဲ။ အဲဒါကို .. တိုင်းပြည်အတွက် အပင်ပန်းခံနေရတယ် ဆိုတဲ့ စိတ်ကြီးဝင်နေမူကလည်း သနားစရာပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်း ၁၉၈၈ ပြီးမှ ၁၀ တန်းအောင်ခဲတာပါ။ ကျောင်းတွေ ပိတ်ထားတော့ ဘာမှ တတ်လို့ မရ .. ဖွင့်တာဆိုလို့ နှစ်စဉ် ခေါ်တဲ့ ဗိုလ်သင်တန်း ဆိုတာပဲ ရှိတယ်။ အဲဒီမှာ ကျွန်တော်နဲ့ အတူတူအောင်တဲ့ သူငယ်ချင်းတွေ ဗိုလ်သင်တန်းဆိုတာကြီးကို လျှောက်ကြလေရဲ့။ ပါတဲ့ လူရော.. မပါတဲ့ လူရော ရှိကြပါတယ်။ .. အဲ . ကျွန်တော် ပြောချင်တာက .. အဲဒီ သူငယ်ချင်းတွေ (ငယ်ပေါင်းသူငယ်ချင်းတွေပါ) ကို ကျွန်တော် သေချာ ပြန်တွေးကြည့်တော့ .. အဲဒီ အချိန်မှာ ဗိုလ်သင်တန်း တတ်ဖို့ လျှောက်တယ် ဆိုတာ မလိမ်တမ်း ဝင်ခံခိုင်းရရင် တိုင်းပြည်ချစ်လို့ ဝင်တယ် ဆိုတဲ့ လူ တစ်ယောက်မှ မပါဘူ။ သူတို့ စကားတွေထဲမှာ သင်တန်းဆင်းရင် ဘာရာထူးရမယ်၊ ဘယ်မှာ “ခွင်” ဘယ်လို ကောင်းရင် ဘယ်လောက်ရမယ်။ အချိန်တန်ရင် ရာထူးတိုးမယ် ဆိုတဲ့ ခပ်ပေါ့ပေါ့ ခပ်ပေါပေါ အချောင်သမားဆိုတဲ့ စိတ်ဓါတ်က အခြေခံနေတာများပါတယ်။

အခု ရေးနေတဲ့ အကြောင်းအရာက အဲဒီ ၈၈ နောက်ပိုင်း စစ်ထဲဝင်တဲ့ လူတွေကို နှိပ်ကွပ်ဖို့ သက်သက်ရေးတာ မဟုတ်ပါဘူး။ စာက ချော်နေသလို ဖြစ်နေမှာ ဆိုးလို့။ သူရဲကောင်းဆိုတာနဲ့အချောင်သမားဆိုတာ စိတ်ဓါတ်ရေးရာ အရ ဘယ်လောက်ကွာသလဲဆိုတာ ပြဖို့ အဖြူအမဲ သိသာအောင် စာသား အစပျိုးတာသက်သက်ပါ။

အားလုံး သိပြီး ဖြစ်တဲ့ (မသိတဲ့ လူလည်း ရှိနိုင်ပါတယ်။) မနေ့က NLD က လူငယ် ၉ ယောက် အဖမ်းခံရတဲ့ ကိစ္စပါ။

သတင်းနဲ့ဓါတ်ပုံကို ပြန်လည် တွဲမိအောင် အောင်မှာ ဖတ်ကြည့်ပါ။

30 December 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင် ရုံးရှေ့ မှစတင်ထွက်ခွာသွားခြင်းဖြစ်ပါသည်။

ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်အချို့ ကိုအန်အယ်လ်ဒီရုံးရှေ့မှ ထွက်ခွာပြီး ပြည်လမ်းပြည်သူ့လွှတ်တော်သို့ အသွားတွင် ရဲလုံထိန်းနှင့်စစ်ဒေသကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့ရသူများကFreedomNews Groupသို့ပြောပြသည်။

ဖမ်းဆီးခံရသူများတွင် ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ကိုရဲနီဦး၊ကိုပြည့်ပြည့်၊ကိုအောင်ဖြိုးဝေ၊ကိုဝင်းမြင့်၊ကိုမင်းသိန်း၊
ကိုကောင်းထက်လှိုင်နှင့် ကိုသက်မောင်ထွန်းတို့ဖြစ်သည်။


Today(30 Dec 2008), the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung Township, Rangoon, holding photographs and placards with Daw Aung San Suu Kyi's image. They called for the release of all political prisoners, and demanded national reconciliation.
When they arrived at the public square in Sanchaung Township, they were arrested by members of the Swan Arr Shin (People’s Power Force) the regime's hired thugs, and brutally beaten. Their whereabouts are now unknown.
The nine are:
Tun Tun Win (from Sanchaung Township), Htet Htet Oo Way (from Shwepyithar Township), Ye Ni Oo(Thkhin Ko Daw Hmaing's grandson, NLD Sanchaung Township), Pyae Pyae(Sanchaung Township NLD), Aung Phyo Wai, Min Thein, Win Myint Maung (aka) Pe Pyoat(Kha Yan NLD Youth), Kaung Htet Naing, and Thet Maung Tun.
-ENDS-

Sources from AAPP,
Long Walk for Freedom and
Ko Aung Myo Tint



အခုလိုဆန္ဒဖော်ထုတ်တဲ့သူတွေကိုလုံထိန်းနဲ့စွမ်းအားရှင်တွေက
၃၀၊၁၂၊၂၀၀၈ရက်နေ့မှာပြည်လမ်းမပေါ်မှာရိုက်နှက်ဖမ်းဆီးသွားကြပါတယ်
စိုးသန်း ဓါတ်ပုံ
NLD လူငယ် (၉)ဦး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေစဉ် လုံထိန်းမှရိုက်နှက် ဖမ်းဆီးခံရ
ဒီဇင်ဘာ (၃၀) ၂၀၀၈ NLD(LA)AUS မှသတင်းရရှိခြင်း
ကိုထွန်းထွန်းဝင်း (စမ်းချောင်း လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ၁ နှင့် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့ဝင်)
ကိုပြည့်ပြည့် (စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)
အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း

သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲ။ သင်ပြောချင်ရာဖွင့်ပြောလိုက်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့် ပိုစတာများကိုင်၍ ယနေ့နေ့လည်ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်ကားများဖြင့် ပိတ်ဆို့ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရပါသည်။ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကို ဖမ်းရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့် ဦးခေါင်းအား ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။ လုံထိမ်းများနှင့်အတူ အရပ်ဝတ်များလဲ ဟိုင်းလတ်ကားတစီးအပြည့် ပါသည်။.


အဲဒီ လူ ၉ ယောက်ကို မေးရင် အခုလို အဖမ်းခံ အရိုက်ခံရမှာ မသိဘူးလား မေးကြည့် .. သိတယ် .. လို့ တပြိုင်နက် ဖြေကြမှာ။ ထောင်နှစ်ရှည် ချခံနိုင်ရတယ် မသိဘူးလား မေးကြည့် .. သိတယ် .. လို့ ဖြေကြဦးမှာ။ ဘဝပျက်သွားနိုင်တယ် ဆိုတာ မသိဘူးလား မေးကြည့် .. သိတယ် .. ဆိုတာပဲ ထွက်လာဦးမယ်။

ဘာအခွင့်အရေး မျှော်လင့်ချက်ရှိလဲ မေးကြည့်ပါ။ .. ထောင် .. ဗဟိုထောာက်လှမ်းရေး (ဗလထ) ညှင်းပမ်းရေး စခန်း .. နှစ်ရှည်မိသားစုနှင့် ခွဲနေရမယ် .. ကျန်ခဲ့မယ့် မိသားစုတွေရဲ့ စီးပွားရေးတွေကို ယုတ်မာစွာ ဖျက်ဆီးတာ ခံရမယ် .. အဲဒါတွေရမယ်။ ဒါတွေက မျှော်လင့်ချက် မဟုတ်ပါဘူး။ တကယ်လက်တွေ့ဖြစ်လာမှာတွေ။

ဒါဆို ဘာအတွက် လုပ်တာလဲ .. ဟုတ်ကဲ့ . ကျွန်တော် သူတို့ ကိုယ်စားဖြေရရင် “တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုစွန့် အနစ်နာခံတဲ့ သူရဲကောင်း စိတ်ဓါတ်နဲ့ လုပ်ကြတာ” လို့ ဖြေရမှာပါပဲ။

သူရဲကောင်းစိတ်ဓါတ် နဲ့ အခွင့်အရေးအတွက် အချောင်သမား စိတ်ဓါတ် ဆိုတာတွေကို ... လူငယ်ချင်း အတူတူ .. မြန်မာနိုင်ငံသားခြင်းအတူတူ ခွဲခြားမြင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

15 comments:

lwin said...

Hi!
Thank you for this article.Not also me but also who has brain know about this.Cos it is the short cut to get high rank and to be rich.What did they do for the country ? nothing.They get salary for nothing.Useless.Do they dare to swear in front of Buddha?No way.
I am not politician.I am not from any side.But I know the truth.I know what/who is right and wrong.So I will always be on the side what I believe in.

Unknown said...

ကောင်းလိုက်တဲ့ပို့စ်ဗျာ။
စစ်ဗိုလ်လေးတွေဖတ်သင့်တယ်။

Unknown said...

စစ်ထဲ ၀င်တဲ့လူတွေ အခွင့်အရေးလိုချင်လို့ ၀င်တာဆိုပဲ၊ မင်းလို ကောင်မျိုးက ကရင်၊ ကယားမှာ ပြတ်ခဲ့တဲ့ ခြေထောက်တွေ၊ မုဆိုးမ ဖြစ်သွားတဲ့ စစ်သား မယားတွေ တွေ့မှ မတွေ့ဘူးတာကိုး။ အစိုးရ ကထောင်ချလိုက်ရင် ထောင်ချခံရတဲ့ မိသားစုကို အမေရိကန်က ဒေါ်လာ ထောင်ချီ ထောက်ပံတာ မသိာမှတ်လို့၊

Jackel said...

စစ်ဗိုလ်လေးတွေ ဖတ်ပါတယ်။ ဖတ်တဲ့စစ်ဗိုလ် ခံယူသွားပုံကတော့ ကြည့်ပေတော့။ အခုထောင်ထဲရောက်နေသူတွေဟာ အမေရိကန်က ထောင်ချီထောက်ပံ့တယ်ဆိုတဲ့ ဒေါ်လာလိုချင်လို့ပဲ တမင်ထောင်ကျအောင်လုပ်နေတယ် လို့ Ko ဆိုတဲ့ပုဂ္ဂိုလ်က ပြောချင်တာလား။ သိအောင်ထပ်ပြောအုံးမယ် Ko ဆိုတဲ့ သူကို။ ငါဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပညာသင်နေတဲ့ ကျောင်းသား။ အခုအများအတွက် စတေးခံထောင်ထဲရောက်သွားသူတွေကို သူတို့မိသားစု ထောင်ဝင်စာမှန်မှန်သွားတွေ့နိုင်ဖို့၊ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ အခြားလိုအပ်တဲ့ အကူညီခွန်အားတွေတတ်နိုင်သလောက်ပေးနေတယ်။ ထပ်လဲပေးဖို့အစီအစဉ်ရှိတယ်။ ငါ့လိုပဲ တတ်နိင်သလောက်အကူအညီပေးချင်နေကြတဲ့ မျက်စိပွင့်နေတဲ့ နိုင်ငံခြားရောက်မျိုးချစ်စစ်စစ်ဗမာတွေ အများကြီးရှိနေတယ်ဆိုတာ မင်းနားလည်ထား။ အမေရိကန်က ကူညီတာ မကူညီတာ ငါတို့မသိဘူး။ ငါတို့သိတာ ငါတို့တစ်နိုင်ငံလုံးအတွက် လုပ်ပေးနေသူတွေကို တတ်စွမ်းသရွေ့ထောက်ပံ့ပေးဖို့ပဲ။ မစို့မပို့ ဒေါ်လာထောင်ဂဏန်းလောက်နဲ့ ထောင်ထဲ နှစ်ဆယ်ပေါင်းများစွာ သွားနေမယ်ဆိုတဲ့ အတွေးအခေါ်မင်းတို့မှာပဲ ရှိချင်ရှိလိမ့်မယ်။

Unknown said...
This comment has been removed by the author.
Unknown said...

ထောင်ချတာ နဲသေးတယ်ဟ၊ မင်းတို့လို ကောင်တွေ သေဒဏ်ပေး၇မှာ၊ ကိုယ့်ရဲ့လူတွေကို သိဒ္ဓိတင်ပေးမနေပါနဲ့ကွာ၊ စက်တင်ဘာမှာ ဒီကောင်တွေ ဆူအောင်လုပ်လို့ စီးပွားရေးပျက်တဲ့ လူတွေ မနဲဘူး၊ သူတို့ရဲ့ မကောင်းတဲ့ ဒဏ် သူတို့ ပြန်ခံရတာပါ

Myo Win Zaw said...

ဟားဟား ဘယ်သူမှ ဒေါ်လာထောင်ချီပေးလည်း လက်ဖျောက်တချက်တီးရင် သေသွားနိုင်တဲ့ ထောင်ထဲ ဘ၀ပျက်ခံပြီးမ၀င်ဘူးကွ ငတုံးရ
မင်းပြောတဲ့ စီးပွားပျက်တယ် ဆိုတဲ့ကောင်တွေက မဟုတ်တာလုပ်တဲ့ စစ်ဗိုလ်တွေ လောင်းကစားသမားတွေ ဖာခန်းကကောင်င်္တေဘဲနေမှာ လူတွေစစ်အစိုးရကို ဆန့်ကျင်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြတော့ နှစ်လုံးထီထိုးမဲ့သူမရှိ ဖာခန်းလာသူမရှိတော့ ဖာခေါင်းတွေဝင်ငွေနည်း ဖာခေါင်းနဲ့ပေါင်းတဲ့ ဗိုလ်ချုပ်တွေ ဆက်ကြေးမရတော့ စီးပွားပျက် ဟုတ်တယ်မဟုတ်လား ko ဆိုတဲ့ &%$&%&

Jackel said...

Ko...မင်းပြောတဲ့ အမြင်မျိုးက မင်းတို့ဘဘဗိုလ်ချုပ်တွေအပါအ၀င် brain washed အလုပ်ခံထားရတဲ့ မင်းတို့လို တနိုင်ငံလုံးနဲ့ယှဉ်ရင် လက်တစ်ဆုပ်စာ လူတစ်စုအတွက်ပဲမှန်လိမ့်မယ်။ မင်းတို့အဘတွေ တလွဲလုပ်ပုံတွေကြောင့် ဖွတ်ပြာကျနေတဲ့ ပြည်သူအပေါင်းနဲ့၊ တကမ္ဘာလုံးက နိုင်ငံခေါင်းဆောင်တွေအပါအ၀င်၊ နိင်ငံခြားသားအပေါင်းကတော့ တိုင်းပြည်အတွင်းမှာတရားမျှတမှုထွန်းကားဖို့၊ ဒီမိုကရေစီထွန်းကားစေဖို့ သတ္တိရှိရှိ အနစ်နာခံရှေ့ထွက် တိုက်ပွဲဝင်သူတွေကို မတရားသတ်ဖြတ်တယ်။ ကမ္ဘာမှာဘယ်မှာမှမရှိတဲ့ ရီစရာ ဥပဒေတွေစီရင်ထုံးတွေနဲ့ မတရားဖမ်းဆီးထောင်ချထားတယ်ပဲ မြင်တယ်ကွဲ့။ မင်း အင်တာနက်သုံးနိုင်နေတာပဲ ကမ္ဘာကိုခေါင်းပြူကြည့်၊ နိုင်ငံတကာမှရေးနေကြတဲ့ သတင်းတွေ၊ဆောင်းပါးတွေလေ့လာဖတ်ရှုကြည့်ဦး...။ တကမ္ဘာလုံးနဲ့ ကိုယ်ကတစ်ဖက် ဖြစ်နေတဲ့ မင်းတို့အခြေအနေကို သဘောပေါက်အုံး။

Unknown said...

ဘာလဲ ဥရောပတိုက်နဲ့ အမေရိက တိုက်က နိုင်င့တွေက မြန်မာပြည် အစိုးရ မကောင်းပြောတာလား၊ ပြောပါစေ။ ဒီနိုင်ငံတွေက အီရတ်ကိုတောင် အတင်း ၀င်အနိုင်ကျင့်တဲ့ နိုင်ငံတွေပါ၊ မြန်မာပြည် အစိုးရ မကောင်းကြောင်းပြောနေတာလဲ သူတို့ ချုပ်ကိုင်လို့ ရမဲံ စုကြည် တို့ ရဲ့ ပါတီ မဟုတ်လို့ ပါကွယ်

myan-law said...

ံ့Hi!! Ko..I am so glad to see you cos ur concept is the same with me. Please accept me as ur buddy. You can tell the truth bluntly. I think ur like a PEACOCK among the crows. Ha ..ha.I support u. Keep on going and tell that guys what is right or wrong. (For Ko Htaik- reduce ur temper cos that will bring u to the HELL.) cu soon..green glasses man!

Anonymous said...

Who the hell are you (ko and myan law)? Burma is still under nightmare because of bone sucker like you two. You will know the day your sisters, mothers are raped by soliders ( who you think the heros of burma)like they raped other girls in villages. You will know the day your stepfathers, regime,( you always lick their ass after toilet) don't give you any bones and jail you when they cross you although you lick the ass of the whole relatives of regime. The day will come for you two. Just wait and see.

myan-law said...

Hteik (may be ko htike)
Bear in mind that I'm neither a pro military nor pro demo ($ beggars). I'm just a human, Myanmar citizen who love his own country. I never have a chance to take any benefit from ruling Government even a mobile.. ha..ha but I do know the rape case of soldier who committed. In fact you must know one thing that the rape case also occur in public. That's the human nature. Soldiers are human too. They have flesh and blood. U cannot hide that fact, right? Don't be narrow minded.. think wisely. I am just a student so I don't want to rude you. May be you're more older than me. My stance is " think in positive way". Don't insult me again. Otherwise I don't care who you are. Understand!!!

minthant said...

မြန်မာ စကားပုံ တစ်ခု ရှိတယ်၊ အမိယုတ်တော့ နှုတ်ကြမ်း၊ အဖ ယုတ်တော့ ကိုယ်ကြမ်းတဲ့။ အင်း .. myan-law ဆိုတဲ့ လူ တစ်ယောက်ကို သားအဖြစ် မွေးဖွားလာရတဲ့ မိဘ နှစ်ပါးတော့ သနားစရာပါလားကွယ် .. နော်။

Anonymous said...

To Myan-Law who think rape is human nature. Do You rape your own sisters and mother because you are human? Do you forgive a man who might be a solider, rape your sisters and mother because of he is a human and rape is just a human nature.
OK....... every solider in Burma go and rape Myan-Law's sisters,mother and wife if he is married. Myan-Law will not be angry you ( he might forgive you) because he thinks you, soliders, are human and raping is just a nature of human.

Anonymous said...

Now you admit your stepfather, fucking regime and their soliders are rapists. Good! for the first time you say the truth and admit it. Well done! You even know the detail of what and how they, soliders, do the raping thing because you have the experience of yourself and from your sisters and mother and relatives. Well done again and congratulation to your admittion.